×
Warning
JUser: :_load: Unable to load user with ID: 540
ဆူးအပြည့်နဲ့ သစ်သီးဘုရင်
Unicode ဖြင့်ဖတ်ရန်
ဆူးအပြည့်နဲ့ သစ်သီးဘုရင်
ဒူးရင်းသီးကို သစ်သီးတို့ရဲ့ ဘုရင် King of Fruits လို့ တလေးတစား ပြောကြတယ်။
အနံ့သင်းတဲ့ အသီးမျိုး ဖြစ်တာကြောင့် အနံ့ကို ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနေတယ်။ ဒါပေမဲ့ အနံ့ပြင်းတာ သက်သာအောင် လုပ်ပေးထားတဲ့ ဒူးရင်းသီး ထွက်ကုန် စားစရာတွေကိုတော့ လူအတော်များများ နှစ်ခြိုက်ကြတယ်။ အဲဒါကြောင့်   ကမ္ဘာ့ထိပ်တန်း စားသောက်ကုန်လုပ်ငန်းကြီးတွေက  ဒူးရင်းသီးထွက်ကုန် စားစရာ အမျိုးမျိုး ထုတ်လုပ်ရောင်းချကြတာ တွေ့ရတယ်။
Nestle က Durian Ice Cream  နဲ့ Snack တို့ကို ထုတ်လုပ် ရောင်းချတယ်။
McDonalds က Durian McFlurry’s,  Sundae’s, Hotcake’s  နဲ့  Ice Cream တို့ကို ထုတ်လုပ် ရောင်းချတယ်။
Wheat Mills ဂျုံစက်ရုံပေါင်း ၅၉ ခုကိုရှာရန်နှိပ်ပါ။
F&N က  Durian Ice Cream  ထုတ်လုပ်ရောင်းချတယ်။
KFC က Durian Tarts နဲ့ Ice Cream တို့ကို ထုတ်လုပ်ရောင်းချတယ်။
STARBUCKS Coffee က Durian Flavouring  နဲ့  Moon Cakes  တို့ကို ထုတ်လုပ်ရောင်းချတယ်။
Pizza Huts က Durian Pizzas ကို ထုတ်လုပ်ရောင်းချတယ်။
ဒူးရင်းသီး ကောင်းမကောင်း ဘယ်လို ရွေးချယ်ကြသလဲ။
မခွဲရသေးတဲ့ ဒူးရင်းသီးတစ်လုံး ကောင်းမကောင်း ဆိုတာကို ဆန်းစစ်တဲ့အချက် အဓိကအားဖြင့် ၂ ချက် ရှိတယ်။ အညှာနဲ့ ဆူးတွေရဲ့ အနေအထားကို ကြည့်ရှုအကဲဖြတ်ကြပါတယ်။
၁။ ဒူးရင်းသီးရဲ့ အညှာ ဖြောင့်တန်းနေရမယ်။
၂။ ဆူးတွေကို သေသေချာချာ ကြည့်ပါ။
(က) ဆူးတွေဟာ တိုရမယ်
(ခ) ဆူးလိုင်း ကြဲရမယ်
မှည့်မမှည့်ဘယ်လို သိရမလဲ။
အသီးကို နမ်းကြည့်ရင် ဒူးရင်းသီးအမှည့်ရဲ့ အနံ့ လှိုင်လှိုင်မွှေးနေမယ်။ အသီးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး လှုပ်ကြည့်ရင် အတွင်းမှာ အဆံ မသိမသာချောင်နေတဲ့ အရသာ လက်မှာ ရမယ်။
ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပေးလဲ။
(၁) ဒူးရင်းသီး အနှစ်သားသည် ပရိုတင်းဓာတ် ကြွယ်ဝရုံသာမက၊ အကျိုးပြုဗီတာမင်နှင့် သတ္တု ဓာတ် (၁၇)မျိုးပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့် ဓာတ်စာအဖြစ် မှီဝဲနိုင်ပါတယ်။
(၂) ဒူးရင်းသီး အနှစ်သားထဲတွင် သဘာဝသကြားဓာတ် ပါရှိကာ၊ အလွန်နူးညံ့ အစာကြေလွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးမွေးလို့ ရပါတယ်။
(၃) သံဓာတ်နှင့်ဖော့စဖရက်တို ့သည် ဌက်ပျောသီးတွင် ပါဝင်မှုထက် ၁၀-ဆကျော်ပိုမိုသဖြင့် ကလေးမီးဖွားပြီးစ မိခင်များ ဒူးရင်းသီး စားသုံးခြင်း (သို ့မဟုတ်) အခွံကိုမီးမြှိုက်၍ အခွံအတွင်းသား အမျှင်များကို စားသုံးလို့ ရပါတယ်။
(၄) အဆီဓာတ်သည် ကိုလက်စထရော ကင်းသော အဆီဓာတ်ဖြစ်ပါတယ်။
(၅) အစာကြေလွယ်သော အမျှင်ဓာတ် များပေါကြွယ်ဝစွာ ပါရှိတဲ့အတွက် ဝမ်းပျော့စေပြီး၊ အူသိမ်အူမထဲရှိ အရိအချွဲများကို လျော့ စေကာ အူမကြီး ကင်ဆာဖြစ်ပွာခြင်းမှ ကာကွယ်ပေးပါတယ်။
(၆) ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် B Complex များကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မား ကာ၊ ပြင်ပရောဂါများကို အလွယ်တကူ မကူးစက်နိုင်အောင် တားပေးထားနိုင်ပါတယ်။
(၇) ဒူးရင်းသီး အနှစ်သားသာမက၊ အမြစ်နှင့် အရွက်တို ့ကို တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါ ကုထုံးများတွင် အသုံးပြုလေ့ရှိပါတယ်။
(၈) သွေးသန် ့စေသည့်ပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို ့ကြွယ်ဝသဖြင့် သွေးအား နည်းရောဂါကို တားဆီးပေးပါတယ်။
(၉) နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို ့ကိုထိန်းချုပ်ပေးသည့် ပိုတက်စီယမ်လဲ ကြွယ်ဝစွာ ပါရှိပါတယ်။
(၁၀) ဦးခေါင်းပေါ်ရှိ ဒက် နှင့် အရေပြားပေါ်ရှိ ပွေးကွက်များအတွက် အရွက်ပြုတ်ရည်ဖြင့် လိမ်းကျံကုသ ပေးနိုင်ပါတယ်။
(၁၁) ကော့ပါးဓာတ် ပါရှိသဖြင့် သိုင်းရွိုက် (လည်ပငး်အကျိတ် )ဝေဒနာသည် များကို ကောင်းကျိုးပြုပါတယ်။
(၁၂) Pyridoxine (ခေါ်) ဗီတာမင်B6 နှင့် အမိုင်နိုအက်ဆစ် တမျိုးဖြစ်သော tryptophan တို ့ပါဝင်တဲ့အတွက် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ကိုပြေပျောက်စေနိုင်ပါတယ်။
(၁၃) riboflavin (ခေါ်) ဗီတာမင်B2 ပါရှိသဖြင့် ခေါင်းတခြမ်း ကိုက်ခြင်း ဝေဒနာ ဖြစ်ပွားခြင်းကို သက်သာစေနိုင်ပါတယ်။
(၁၄) သီအာမင်နှင့်နီအာစင်း ဓာတ်ပါရှိခြင်းကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ် ပေးပါတယ်။
ဒူးရင်းသီးဟာ အရက်သေစာနဲ့ မတည့်ပါဘူး။ အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခ ပေးတတ်ပါတယ်။
ဒူးရင်းသီးကို တန်ဆေး လွန်ဘေး ဆိုတဲ့စကားအတိုင်း အသင့်အတင့်သာ စားသုံးသင့်ပါတယ်။
ဘယ်လိုပုံစံတွေနဲ့ ရောင်းချကြသလဲ။ ပမာဏ ဘယ်လောက် ရှိသလဲ။
အဲဒါတွေက ဒူးရင်းသီးကို အလုံးလိုက် ဝယ်ယူစားသုံးတဲ့အခါ ဆန်းစစ်တဲ့ နည်းတွေ ဖြစ်ပါတယ်။ ဒူးရင်းသီးကို ပြုပြင်စီမံပြီး ထုတ်လုပ်ရောင်းချကြတဲ့အခါမှာတော့ အခုလို ဆန်းစစ်နေဖို့ မလိုတော့ပါဘူး။
ဒူးရင်းသီးကို ထုတ်လုပ်ထုပ်ပိုး ရောင်းချပုံ အဓိကအားဖြင့် ၄ မျိုး ခွဲခြားလို့ရပါတယ်။
အဆံမှ အစေ့ကို ဖယ်ထုတ်ပြီး အသားကို ကျကျနန ထုပ်ပိုး ရောင်းချတဲ့အခါ အစိမ်းအစို လတ်လတ်ဆတ်ဆတ်အတိုင်း ထုပ်ပိုးရောင်းချတာမျိုး ရှိသလို အခြောက်ခံပြီးမှ ထုပ်ပိုးရောင်းချတာမျိုးလည်း ရှိပါတယ်။
တာရှည်ခံအောင် အေးခဲအစားအစာအဖြစ် စီမံပြီး ထုပ်ပိုးရောင်းချတာမျိုးလည်း ရှိပါတယ်။ အခုလို ပုံစံမျိုးတွေနဲ့ ရောင်းချကြတာ အာရှဈေးကွက်ထဲမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ ဝန်းကျင်ရှိပါတယ်။
သားရေစာအဖြစ် ပြုပြင်စီမံပြီး ရောင်းချတာမျိုးလည်း ရှိတယ်။ Chip, Candy, Cracker စတဲ့ စားစရာပုံစံမျိုးဖြင့် ထုတ်လုပ်ရောင်းချကြတာဖြစ်ပြီး အာရှဈေးကွက်ထဲမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ဝန်းကျင်ရှိပါတယ်။
ယမကာ ဖျော်သောက်စရာအဖြစ်ဖြင့်လည်း ထုတ်လုပ် ရောင်းချကြပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်၊ နွားနို့တို့နဲ့ တွဲစပ်ပြီး ထုတ်လုပ်ရောင်းချတာမျိုး ရှိသလို ဒူးရင်းဖျော်ရည်အဖြစ် ရောင်းချတာလည်း ရှိပါတယ်။
အာရှဈေးကွက်ထဲမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ ဝန်းကျင်ရှိပါတယ်။
ဒီတော့ အာရှဈေးကွက်ထဲမှာ ဒူရင်းသီး ထုတ်ကုန် ရောင်းချမှုပမာဏ စုစုပေါင်းဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ ဝန်းကျင်ရှိပါတယ်။
ကမ္ဘာ့ဈေးကွက်ထဲမှာတော့ ဝယ်ယူစားသုံးမှု ပမာဏ တစ်နှစ်ထက် တစ်နှစ် ပိုများလာနေပြီး ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အတွင်းမှာ နှစ်စဉ် ၂၆ ရာခိုင်နှုန်းဝန်းကျင် ပိုများလာခဲ့တာ တွေ့ကြရတယ်။
D197 ဝယ်လိုမှု မြင့်မားတဲ့ ဒူရင်းသီး မျိုးစိတ်တစ်ခုကတော့ D197 (Mao Shan Wang) ဖြစ်ပါတယ်။ မလေးရှားမှာတော့ အဲဒီ မျိုးစိတ်ကို  Musang King လို့ ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။
D197 ရဲ့ အဓိက ဝယ်လက်နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ တန်းစီပြီး ဝယ်ကြတဲ့ ပြည်ပသွင်းကုန် နှစ်မျိုး ရှိတယ်။
တစ်မျိုးက အိုင်ဖုန်း ဖြစ်ပြီး နောက်တစ်မျိုးက D197 ဒူရင်းသီးဖြစ်တယ်လို့ ပြောစမှတ်တွင်တဲ့အထိ ဝယ်လိုမှု ကြီးမားပါတယ်။ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၂၀ ကျော် အထိ ဈေးပေါက်ပါတယ်။
ပင်ရင်းနိုင်ငံဖြစ်တဲ့ မလေးရှားမှာလည်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ဈေးနှစ်ဆ ခုန်တက်သွားခဲ့ပါတယ်။
အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ စင်ကာပူမှာတော့ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၂၅ ဝန်းကျင် ဈေးရှိပါတယ်။
ဒီတော့ ဒူးရင်းသီးအဆံအသား တင်ပို့ရောင်းချတာမှာ ဝယ်ယူတဲ့ နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအားအရ ဈေးအနည်းအများ ကွာခြားတယ်လို့ ယူဆနိုင်ပါတယ်။
ဘယ်နိုင်ငံတွေမှာ စားသုံးမှု မြင့်မားသလဲ
အာရှမှာ အင်ဒိုနီးရှားနိုင်ငံဟာ ဒူးရင်းသီးကို အသီးကနေ နွှာယူပြီး မပြုမပြင် သဘာဝအတိုင်း စားသုံးမှုပုံစံမှာ အများဆုံး စားသုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယ နေရာမှာ မလေးရှားနိုင်ငံ ရှိနေပြီး တတိယနေရာမှာတော့ တရုတ်နိုင်ငံ ရောက်ရှိနေပါတယ်။  
တရုတ်နိုင်ငံမှာ ဒူးရင်းသီး ရေပန်းစားတာ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ စတင်ခဲ့တာကတစ်ကြောင်း၊ ပြည်ပသွင်းကုန် ဖြစ်သဖြင့် ဈေးကြီးနေတာကတစ်ကြောင်း၊ လိုသလောက် ပေါပေါများများ မရနိုင်တာက တစ်ကြောင်း တို့ကြောင့် တတိယနေရာမှာသာ ရှိနေတာ ဖြစ်ပါတယ်။
အခုလို အလုံးလိုက်ရောင်းချတဲ့ လက်လီအရောင်းပမာဏာဟာ ကမ္ဘာ့ဈေးကွက်မှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားတယ်။ ပြုပြင်စီမံခြင်းဖြင့် တန်ဖိုးဖြည့်ထည့် ရောင်းချမှုတွေကိုတော့ ခန့်မှန်းဖို့ ခက်တာကြောင့် ပမာဏ စုစုပေါင်း သိဖို့ ခက်ပါတယ်။
နယ်စပ်ပို့ကုန် အလားအလာ
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူဦးရေ ၁ ဒသမ ၄ ဘီလျံ ရှိသောနိုင်ငံ ဖြစ်ပေရာ လူတစ်ဦးချင်းအရ နှစ်စဉ် သုည ဒသမ ၂၁ ကီလိုဂရမ် စားသုံးတာဟာ စုစုပေါင်းပမာဏအနေဖြင့် မနည်းမနော ပမာဏဖြစ်ပါတယ်။
Read More >>>>>  တရုတ်နိုင်ငံမှ အဖမ်းအဆီးများကြောင့် မြန်မာ့ဆန်တင်ပို့မှု ကျဆင်း
ပြည်ပမှ တင်သွင်းတဲ့ သစ်သီးများထဲမှာ ပန်းသီးနှင့် လိမ္မော်သီးတို့ထက် ဒူးရင်းသီး တင်သွင်းမှု တန်ဖိုးပမာဏ ၂ ဆ ပိုများတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှ မျိုးကောင်းမျိုးသန့် ဒူးရင်းခြံများ ထူထောင်လုပ်ကိုင်ပြီး တင်ပို့မယ်ဆိုရင် အလားအလာကောင်းတွေ ရှိနေပါတယ်။
# Myanmar Food Industry Directory
Wheat Mills ဂျုံစက်ရုံပေါင်း ၅၉ ခုကိုရှာရန်နှိပ်ပါ။
(က) ဆူးတွေဟာ တိုရမယ်
(ခ) ဆူးလိုင်း ကြဲရမယ်
(၁၁) ကော့ပါးဓာတ် ပါရှိသဖြင့် သိုင်းရွိုက် (လည်ပင်းအကျိတ် )ဝေဒနာသည် များကို ကောင်းကျိုးပြုပါတယ်။
d
Read More >>>>>  တရုတ်နိုင်ငံမှ အဖမ်းအဆီးများကြောင့် မြန်မာ့ဆန်တင်ပို့မှု ကျဆင်း
Read times Last modified on Friday, 14 February 2020 16:04
Rate this item
(0 votes)