Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် ဂျင်းနှင့် ကြက်သွန်ဖြူ ဈေးကွက် အခြေအနေ

လယ်ယာထွက် ပစ္စည်းများ ပြည်ပတင်ပို့တာမှာ သင်္ဘောစရိတ် မြင့်မားနေတဲ့ ပြဿနာကို တရုတ်နိုင်ငံမှ တင်ပို့သူများလည်း အကျပ်ရိုက်နေကြတယ်။

တရုတ်နိုင်ငံသုံးငွေ ယွမ် ငွေလဲနှုန်း အပြောင်းအလဲတွေကလည်း စိုက်ပျိုးရေးထုတ်ကုန် ပြည်ပတင်ပို့မှုအပေါ် သက်ရောက်မှု ကြီးမားနေတယ်။
ယခုအခါ တရုတ်ပြည်တွင်းမှာ ဂျင်းဈေးနှုန်း ကျဆင်းနေပေမဲ့ ပြည်ပတင်ပို့ဖို့က သင်္ဘောကွန်တိန်နာခတွေ မြင့်မားနေလို့ ခက်ခဲနေတယ်။


Jining Shangzhuo Food Co., Ltd. မှ အရောင်းမန်နေဂျာ Mr. Wang Junjie က မီဒီယာ မေးမြန်းမှုကို ဖြေကြားခဲ့တာမှာ “ တရုတ် ဂျင်းဈေးက ကျတယ်။ ကျရိပ်လည်း ဆက်ရှိနေတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က စပြီး ကျလာတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့ဖို့ကတော့ မလွယ်လှဘူး။ ကွမ်ဒေါင်ကနေ ရော့တာဒမ်ကိုFOB ပို့ရင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၂၆၀ လောက် ကျတယ်။ ပြည်တွင်းမှာ ဂျင်းဈေးကျပေမဲ့ ပြည်ပဝယ်လက်တွေက မမှာကြဘူး။ အရှေ့အလယ်ပိုင်းက အဝယ်လိုက်တာ နည်းနည်းပါးပါးက လွဲရင် ဥရောပ၊ အမေရိကန်နဲ့ ကနေဒါတို့က မှာကြားတာ အနည်းအကျဉ်းပဲ ရှိတယ်”

“အဓိကကျတာက သင်္ဘောခ ဈေးကြီးနေတာပဲ။ ဈေးတွေ ထပ်တက်နေတယ်။ Maersk ကွန်တိန်နာက အမေရိကန်ဒေါ်လာ ၃,၀၀၀ ထပ်တိုးတယ်။ ပြီးတော့ ဆိပ်ကမ်းတွေမှာ ကွန်တိန်နာ အတင်အချတွေ မနိုင်မနင်း ဖြစ်နေကြတယ်။ ဒီတော့ မရေမရာတာတွေ များလာတယ်။ ကွန်တိန်နာတွေ အရောက်နောက်ကျတာ ၁၀ ကနေ ၁၅ ရက်အထိ ဖြစ်လာတယ်။ ဆိပ်ကမ်းတွေမှာ လုပ်သားတွေ ကိုဗစ်ကြောင့် အင်ပြည့်အားပြည့် မလုပ်နိုင်ကြဘူး။ ဒီတော့ ကုန်စည်စီးဆင်းမှုတွေ နှေးကွေးကုန်တယ်။ နောက်ကျတာတွေ ပိုများလာတယ်”

“ဘရာဇီးနဲ့ ထိုင်းတို့မှ ဂျင်းတွေက အခုရာသီမှာ ဈေးနည်းတယ်။ အတော်နည်းတယ်။ ဒီတော့ တရုတ်ဂျင်းတွေ ဈေးနှုန်းအရ မပြိုင်နိုင်ကြဘူး”

ယခုနှစ်တွင် တရုတ်ပြည်မှာ ကြက်သွန်ဖြူ အလျှံပယ် ထွက်တယ်။ ပမာဏလည်း များတယ်။ အရည်အသွေးလည်း ထိန်းထားနိုင်တယ်။ ပျမ်းမျှအရွယ်အစားက ဒီနှစ်မှာ ပိုကြီးတယ်။ ကြက်သွန်ဖြူရာသီက မေလမှ စပေါ်တော့ ဈေးတွေ ကျလာတယ်။ ကွမ်ဒေါင်ကနေ ရော့တာဒမ်ကိုFOB ပို့တဲ့ဈေးက ၁၀ ကီလို ဆာလာအိတ်ကြဲ ကြက်သွန်ဖြူတစ်အိတ်အပြည့်ကို အမေရိကန်ဒေါ်လာ ၉၇၈ မှ ၁,၀၈၄ အထိ အစားစား ရှိတယ်။
ဈေးကွက်ထဲမှာ ဝယ်လိုအားက အားပျော့နေတယ်။ တင်သွင်းတဲ့သူတွေက အခြေအနေ စောင့်ကြည့်နေကြတယ်။


Jining Shangzhuo Food Co., Ltd. သည် ကြက်သွန်ဖြူ။ ဂျင်းနှင့် ကြက်သွန်နီတို့ကို အထူးပြုလုပ်ကိုင်သည်။ တစ်နှစ်တာ ပြည်ပတင်ပို့သည့် ပမာဏမှာ ပေ ၄၀ ကွန်တိန်နာလုံးရေ ၂,၀၀၀ ကျော် ရှိသည်။

Read times
Rate this item
(0 votes)