Fruits & Vegetables
တရုတ်ပြည်မှ ပြည်ပပို့ကုန် ဂျင်းစိမ်း ဈေး ၂ ဆ နီးပါး ခုန်တက်
တရုတ်ပြည်မှ ပြည်ပပို့ကုန် ဂျင်းစိမ်း ဈေး ၂ ဆ နီးပါး ခုန်တက်

တရုတ်ပြည်တွင်းဈေးကွက်မှာ လတ်ဆတ်တဲ့ ဂျင်း(ချင်း)ဈေးက ကာလတိုမှာ ဆက်တက်နေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။
စိုက်ပျိုးထုတ်လုပ်တဲ့ စိုက်ခင်းရှိရာ ဒေသများတွင် ရာသီဥတုအခြေအနေ မျက်နှာသာ မပေးခြင်းနှင့် ကုန်သည်များ စျေးကစားခြင်းများကြောင့် တရုတ်ပြည်တွင်း ဂျင်းစိမ်းဈေး ကာလတိုအတွင်း ဈေးနှုန်းဆက်လက်မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။
Shandong Zhuoyi သွင်းကုန်ထုတ်ကုန်ကုမ္ပဏီလီမိတက်ဟာ Shandong အခြေစိုက် ဂျင်းတင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီ ပြောရေးဆိုရေး တာဝန်ခံ မစ္စတာဝမ်က ပြည်ပပို့ကုန် ဂျင်းဈေးကွက် အခြေအနေကို ပြောပြပါတယ်။
“လွန်ခဲ့တဲ့ ၃ ပတ်က CIF စျေးက တစ်တန်ကို ကန်ဒေါ်လာ ၁,၀၆၀-၁,၁၀၀ ဝန်းကျင် ရှိပါတယ်။ မကြာသေးခင်က ဂျင်းဈေးက တစ်တန်ကို ဒေါ်လာ ၄၀၀ တက်လာတယ်” လို့ မစ္စတာဝမ်က ပြောကြားပါတယ်။
'အခုလို ဈေးတက်တာ အကြောင်းတချို့ကြောင့် ဖြစ်ပါတယ်။ ပထမအချက်မှာ သီးနှံစိုက်ခင်းများမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရာသီသစ် ရိတ်သိမ်းမှုကို ထိခိုက်စေပါတယ်။ အပင်ငယ်အချို့ ရေမြှုပ် သေဆုံးပြီး ရာသီသစ် ထုတ်လုပ်မှုပမာဏ ကျဆင်းဖွယ်ရှိပါတယ်။ ဒုတိယအချက်မှာ ကုန်သည်များက ဂျင်းဈေးကွက် အလားအလာကို မှန်းဆကြတာမှာ ဂျင်း ထွက်ရှိမှု ကျဆင်းတဲ့အတွက် ရာသီကုန်ခါနီး အချိန်ကျရင် သိသိသာသာ ဈေးတက်လိမ့်မယ်။ ဒီတော့ သူတို့က အများကြီး ဝယ်ယူပြီး လှောင်နေကြတယ်။ အဲဒီလို ဝယ်ကြတော့ ဈေးတွေ တက်ကုန်တယ်" လို့ မစ္စတာဝမ်က ပြောကြားပါတယ်။
"ပို့ကုန်အနေနဲ့ကတော့ Qingdao ရဲ့ FOB စျေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၉၈၀-၁၁၀၀ ဈေးပေါက်ပါတယ်။ စျေးနှုန်းမြင့်တက်လာတာကြောင့် နိုင်ငံတကာဈေးကွက်မှာ တရုတ်ဂျင်းတင်ပို့သူများရဲ့ ယှဉ်ပြိုင်မှုအနေအထားကို အားနည်းစေပါတယ်။ ဒီနှစ်မှာ ရရှိတဲ့ ပြည်ပအမှာစာတွေ အရင်နှစ်တွေထက်စာရင် နည်းတယ်" လို့ သူက ပြောပါတယ်။
သင်္ဘောခများ မကြာသေးမီက ကျဆင်းသွားသော်လည်း ပို့ကုန်နှင့် သွင်းကုန်ဈေးကွက်မှာ သင်္ဘောခက အဓိက အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ကြောင်း မစ္စတာဝမ်၏ ပြောကြားချက်အရ သိရပါတယ်။
“Qingdao မှ ဥရောပသို့ လက်ရှိ ပို့ဆောင်ခမှာ ပေ ၂၀ ကွန်တိန်နာတစ်လုံး ကန်ဒေါ်လာ ၈,၅၀၀~၉,၀၀၀ ဝန်းကျင်ရှိပါတယ်။ ပြည်ပမှ တင်သွင်းသူအချို့အဖို့ သင်္ဘော ပို့ဆောင်ခ မြင့်မားလွန်းနေပါတယ်။ ဒီတော့ တရုတ်ပြည်ထက် ပိုနီးလို့ သင်္ဘောခ သက်သာတဲ့ တောင်အမေရိကနှင့် အခြားဒေသများမှ တင်သွင်းကြပါတယ်။ ဒါဟာ တရုတ် ဂျင်းတင်ပို့မှု ဈေးကွက်အပေါ် သက်ရောက်မှုရှိပါတယ်” လို့ သူက ပြောပြပါတယ်။
ဂျင်းရာသီနှောင်းပိုင်းအတွက် သူ့ရဲ့စျေးကွက်ခန့်မှန်းချက်တွေကို မေးမြန်းတဲ့အခါ မစ္စတာဝမ်က “ထုတ်လုပ်မှု ပမာဏက ကျဆင်းဖို့ မျှော်မှန်းထားတော့ ဈေးနှုန်းက တက်လာဖို့ ရှိတယ်"
ဒါပေမဲ့ ယခင်ရာသီမှ ဂျင်းလက်ကျန် အပေါ်တွင်လည်း မူတည်နေသေးကြောင်း၊ လာမယ့်ရာသီမှာ ဈေးကွက်ဝယ်လိုအား အခြေအနေပေါ်မှာလည်း မူတည်ကြောင်း သူက ပြောကြားပါတယ်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source: freshplaza



