Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားက စားအုန်းဆီ ပို့ကုန်ခွန် ထက်ဝက်လျှော့ချရန် စီစဉ်

မလေးရှားက စားအုန်းဆီ ပို့ကုန်ခွန် ထက်ဝက်လျှော့ချရန် စီစဉ်

ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့် နိုင်ငံဖြစ်သော မလေးရှားနိုင်ငံ၏ စျေးကွက်ဝေစု တိုးမြင့်လာစေရန်အတွက် မလေးရှားနိုင်ငံ၏ ကုန်စည်ဝန်ကြီးဌာနသည် စားအုန်းဆီအပေါ် စည်းကြပ်သည့် ပို့ကုန်ခွန်ကို ထက်ဝက်လျှော့ချရန် အဆိုပြုထားသည်။
စိုက်ခင်းလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုဝန်ကြီး Zuraida Kamaruddin က အင်္ဂါနေ့တွင် ရိုက်တာသတင်းမီဒီယာနှင့် တွေ့ဆုံခဲ့ရာတွင် သူမ၏ဝန်ကြီးဌာနသည် စားအုန်းဆီအတွက် ပို့ကုန်အခွန် လျှော့ချပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနထံသို့ တင်ပြထားသည်ဟု ပြောကြားသည်။


မလေးရှားနိုင်ငံသည် စားအုန်းဆီ ပို့ကုန်အခွန်ကို လက်ရှိ ၈% အစား ၄%~၆% အထိ ယာယီ လျှော့ချပေးထားနိုင်သည်ဟု Zuraiida မှ ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များကို စိစစ်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြှီး အစောဆုံး ဇွန်လတွင် ဆုံးဖြတ်ချက် ချပေးဖွယ်ရှိသည်ဟု ဝန်ကြီးက ပြောကြားသည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုကြောင့် ၎င်းနိုင်ငံများမှ နေကြာဆီတင်ပို့မှု ပြတ်တောက်ခြင်း၊ အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုတားမြစ်ထားခြင်းတို့ကြောင့် စားသုံးဆီ ဈေးကွက်ထဲ လစ်ဟာနေသည့်ဝေစုကို ရယူခြင်းဖြင့် မလေးရှားသည် ၎င်း၏ စားသုံးဆီဈေးကွက်ဝေစုကို မြှင့်တင်ရန် ကြိုးစားမည်ဖြစ်သည်။


ဒီလို အကျပ်အတည်းကာလမှာ ကျွန်မတို့ နည်းနည်းပါးပါး ဖြေလျှော့ပေးလိုက်ရင် စားအုန်းဆီ ပိုတင်ပို့နိုင်သွားမယ်” ဟု Zuraida က ပြောကြားသည်။

အိန္ဒိယ၊ အီရန်နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် ဝယ်ယူသူများက မလေးရှားစားအုန်းဆီအတွက် ဆန်၊ ဂျုံ၊ သစ်သီးဝလံများ၊ အာလူးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များနှင့် ဖလှယ်ရန် အဆိုပြုကြကြောင်း Zuraida က ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်မှု ရပ်တန့်စေသည့် ကိုရိုနာ ဗိုင်းရပ်စ် နယ်စပ် ကန့်သတ်ချက်များကြောင့် မလေးရှားနိုင်ငံ၏ ဆီအုန်း ထုတ်လုပ်မှု သည် နှစ်နှစ်ကျော်ကြာ ယုတ်လျော့နေခဲ့သည်။

'ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ပြီဖြစ်လို့ မေလလယ်လောက်မှာ နိုင်ငံခြားအလုပ်သမားတွေ စတင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်" ဟု Zuraida က ပြောကြားသည်။

Read times Last modified on Wednesday, 11 May 2022 12:24
Rate this item
(0 votes)