Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


Oishi အမှတ်တံဆိပ် ပိုင်ရှင် Management Man of 2021 ဆုချီးမြှင့်ခံရ

နာမည်ကြီး သွားရေစာ စားသောက်ကုန် အမှတ်တံဆိပ် Oishi ရဲ့ ပိုင်ရှင်ဖြစ်သူကို ပြည်ပဈေးကွက်တွေမှာ အောင်မြင်မှုတွေ ရရှိအောင် ဆောင်ရွက်စီမံနိုင်ခဲ့သူ ဖြစ်တာကြောင့်

ဖိလစ်ပိုင်မှ Management Association of the Philippines (MAP) က ၂၀၂၁ ခုနှစ်အတွက် Management Man of the Year ချီးမြှင့်ခဲ့ပါတယ်။ ဖိလစ်ပိုင် လုပ်ငန်းရှင် စိတ်ဓာတ်ခွန်အား စံပြဖြစ်သူလို့ မှတ်ချက် ပြုပါတယ်။

map_2021-10-13_00-23-31.jpg


Oishi ရဲ့ ပိုင်ရှင်က ကာလိုချန်း (Carlos Chan) ဖြစ်ပြီး Liwayway Group ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား တရုတ်လူမျိုး ဖြစ်ပါတယ်။ ဖိလစ်ပိုင် ပြည်တွင်းမှာ ပြောင်းမှုန့်တွေ ပြန်လည်ထုပ်ပိုးတဲ့ လုပ်ငန်းအဖြစ်မှ ပြည်ပဈေးကွက်တွေအတွက် သွားရေစာ ထုတ်လုပ်တဲ့ လုပ်ငန်းကြီး အဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့လို့ ယခုလို Management Man of the Year ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ သွားရေစာထုပ်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းကို Oishi အမှတ်တံဆိပ်ဖြင့် စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ပုစွန်ခရက်ကာထုပ်များ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းအဖြစ် လူသိမများခင်ကတည်းက Liwayway Gawgaw အမည်ဖြင့် ပြောင်းမှုန့် ထုပ်များ ရောင်းချတဲ့ လုပ်ငန်းအဖြစ် Liwayway ကို သိထားကြပါတယ်။

Liwayway ကို ချန်ရဲ့ မိဘများဖြစ်ကြတဲ့ လစ်ဘ်ချန်နဲ့ ယင်းစီးတို့က ၁၉၄၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့ကြပြီး ပြောင်းမှုန့်အထုပ်ကြီးများကို အထုပ်ငယ်များ ပြန်လည်ထုပ်ပိုး ရောင်းချခဲ့ကြပါတယ်။

Oishi ကို ဖိလစ်ပိုင်မှာ ၁၉၇၄ ခုနှစ်မှာ ထူထောင်ခဲ့ပြီးတဲ့နောက် ၁၀ နှစ်အကြာ ၁၉၈၄ ခုနှစ်မှာ Oishi Shanghaojia အမည်ဖြင့် တရုတ်ဈေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ အကြီးအကျယ်အောင်မြင်ခဲ့တယ်။

Liwayway က တရုတ်နိုင်ငံမှာ စက်ရုံ ၁၂ ရုံ လုပ်ကိုင်လျက် ရှိပြီး ဖိလစ်ပိုင်မှာ ၃ ရုံ၊ ဗီယက်နမ်မှာ ၂ ရုံ၊ အင်ဒိုနီးရှားမှာ ၁ ရုံ၊ မြန်မာမှာ ၁ ရုံ လုပ်ကိုင်ပါတယ်။

Read times
Rate this item
(0 votes)