Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အီသီယိုးပီးယားမှ ထောပတ်သီး ကွန်တိန်နာ အလုံး ၂၀၀ နှစ်စဉ်တင်ပို့နိုင်ရန် မျှော်မှန်း

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Durabilis ရဲ့ အထောက်အပံ့ဖြင့် လုပ်ကိုင်လျက်ရှိသော ဘယ်လီဂျီယံကုမ္ပဏီ FairFruit က အီသီးယိုးပီးယားမှာ

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေသော်လည်း ထောပတ်သီး တင်ပို့မှုများ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ FairFruit က နိုင်ငံအချို့မှ သစ်သီးများကို မူရင်းနိုင်ငံများမှ ဥရောပသို့ တင်ပို့ပါတယ်။
Fairfruit က ပြီးခဲ့တဲ့နှစ်က စလို့ အသေးစား စိုက်ပျိုးရေးသမားများနဲ့ အတူလက်တွဲပြီး လုပ်ကိုင်ခဲ့ပါတယ်။ အရည်အသွေးကောင်းတဲ့ စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေးကို ဦးစားပေး လုပ်ကိုင်ပါတယ်။

အီးသီယိုးပီယားမှ ထော်ပတ်သီးများကို ဥရောပဈေးကွက်ထဲသို့ တင်ပို့ရောင်းချတာမှာ ဩဂုတ်နဲ့ စက်တင်ဘာလတို့မှာ ခူးဆွတ်တယ်။ ဥရောပသို့ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ရောက်ရှိတယ်။ ယခုအခါ အီသီယိုးပီးယားလေကြောင်းဖြင့် ပို့ဆောင်ပါတယ်။ တစ်ပတ်လျှင် ၆ တန် ဝန်းကျင် လေကြောင်းကုန်စည်အဖြစ် ပို့ဆောင်ပါတယ်။ လာမယ့်နှစ်တွေမှာ စိုက်ပျိုးထုတ်လုပ်မှုများ တိုးချဲ့လုပ်ဆောင်မှာ ဖြစ်ပြီး ပမာဏ များပြားလာတဲ့အခါ ရေကြောင်း ကွန်တိန်နာများဖြင့်လည်း တင်ပို့ဖို့ အစီအစဉ် ရှိပါတယ်။

Durabilis က အီသီယိုးပီးယားမှာ အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ ထောပတ်သီး အရည်အသွေး တိုးတက်ကောင်းမွန်စေဖို့ လိုအပ်တဲ့ လောဂျစ္စတစ်အပိုင်းကို အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။ ထောပတ်သီးတွေ အရွယ်အစား ရွေးချယ် ခွဲခြားခြင်း ထုတ်ပိုးခြင်း စတဲ့ လုပ်ငန်းအဆင့်များကို အအေးဓာတ်ပေးထားတဲ့ ခန်းမကျယ်တွေထဲမှာ လုပ်ကိုင်နိုင်ဖို့ အအေးခန်းထုပ်ပိုးဌာနများ ထူထောင်မှာ ဖြစ်ပါတယ်။

ကိုလံဘီယာနိုင်ငံကဲ့သို့ တစ်နှစ်ပတ်လုံး ထောပတ်သီး ထုတ်လုပ်နို်ဖို့ကိုလည်း အီသီယိုးပီးယားမှာ Durabilis က အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
အီသီယိုးပီးယား ထောပတ်သီးများဟာ အရည်အသွေးမြင့်တဲ့ ထောပတ်သီးများအဖြစ် ဈေးကွက်များမှာ အသိအမှတ်ပြုခံရတဲ့အထိ ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်။
အရေအတွက်ကိုလည်း အရည်အသွေး မထိခိုက်စေဘဲ တိုးမြှင့်ထုတ်လုပ်သွားမှာ ဖြစ်ပြီး လာမယ့် လေးငါးနှစ်အတွင်း တစ်နှစ်လျှင် ပေ ၂၀ ကွန်တိန်နာ လုံးရေ ၂၀၀ စာ ထောပတ်သီးများ ထုတ်လုပ်သွားဖို့ ရည်မှန်းချက် ထားရှိပါတယ်။

 

unnamed_7.png

 

unnamed_8.png

 

unnamed_9.png

 

unnamed_10.png

 

 

Read times
Rate this item
(0 votes)