Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲနဲ့နှမ်း ပြည်ပပို့ကုန်ရှိပေမဲ့ ငွေဈေးမတည်ငြိမ်မှုကြောင့် အရောင်းအဝယ် အေးနေ

မြေပဲနဲ့နှမ်း ပြည်ပပို့ကုန်ရှိပေမဲ့ ငွေဈေးမတည်ငြိမ်မှုကြောင့် အရောင်းအဝယ် အေးနေ

တရုတ်ဝယ်လက် မြေပဲ၊နှမ်း ပြည်ပပို့ကုန်ရှိပေမဲ့ ငွေဈေးမတည်ငြိမ်တာကြောင့် မန္တလေးကုန်စည်ဒိုင်မှာတော့ အရောင်းအဝယ်တွေအေးနေတယ်လို့ မန္တလေးပဲနှမ်းကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။

"အဓိက ငွေဈေးမငြိမ်တာ။ ပဲစင်းငုံ၊ မတ်ပဲတို့ဆို အဝယ် နားသွားတာ။ ငွေဈေးနူန်း အပြောင်းလဲက မှန်းဆလို့ မရလို့လေ။ အဝယ်ရှိပေမဲ့ ရောင်းတဲ့သူမရှိတာ။ ငွေဈေးမကိုက်ကြလို့"လို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင် တာဝန်ရှိသူကပြောပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့မှာ တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေကျပ် ၂၅၀ ဖြစ်ပါတယ်။

တရုတ်ငွေဈေး အနည်းသာ ရက်ပိုင်းလောက် အတက်အကျဖြစ်ခဲ့ပေမဲ့ မြန်မာငွေဈေးတွေတန်ဖိုးက ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလကုန်ရက်မှာ တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေကျပ် ၂၈၉ ကျပ်အထိ ရှိခဲ့ပါတယ်။

ဒီလို မြန်မာငွေဈေးကျဆင်းလို့ ပဲနှမ်းကုန်စည်တွေကို တရုတ်ဘက်က တန်ချိန်များစွာ အဝယ်ရှိပေမဲ့ နယ်စပ်ကုန်းလမ်းကြောင်း ကုန်စည်ပို့ဆောင်ရေးမရှိတာကြောင့် မန္တလေးကုန်စည်ဒိုင် ပဲနှမ်းရောင်းဝယ်ရေးဘက်မှာ အရောင်းအဝယ်အေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ပြည်ဘက် နယ်စပ်ကုန်သွယ်ရေးမှာ ကုန်လမ်းကနေ ကုန်စည်ပို့ဆောင်တာကို ပိတ်ထားလို့ မြေပဲနဲ့နှမ်းကို ရေလမ်းကြောင်းကနေ ကုန်သေတ္တာတွေနဲ့ ပို့ဆောင်ပေးနေရတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ စရိတ်ကြီးတာနဲ့ငှားရမ်းခ အခက်ခဲတွေ ရှိနေတာကြောင့် အရောင်းအဝယ်နှောင့်နှေးတာတွေ ရှိတဲ့အကြောင်း ပဲနှမ်းကုန်သည်တွေက ဆိုပါတယ်။

"ဟိုဘက်မှာ ဗမာပြည်ကပို့တဲ့ မြေပဲဆံ၊ နှမ်းဈေးတွေကောင်းတယ်။ ဒါပေမဲ့ ဒီဘက်ကပို့နိုင်အားက နယ်စပ်လောက် မပြေးဘူး။ လက်တလော ကွန်တိန်နာခတွေက ဈေးကြီးတဲ့အပြင် ငှားရတာခက်ခဲတယ်"လို့ နှစ် ၃၀ကျော် ပဲနှမ်းရောင်းဝယ်ရေးလုပ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

BBC

Read times Last modified on Tuesday, 02 November 2021 08:00
Rate this item
(0 votes)