Fruits & Vegetables



ဗီယက်နမ် အခွံစိမ်းကျွဲကောသီး ဈေးကွက်သစ် ၂ ခုကြောင့် တင်ပို့မှု မြင့်တက်

ဗီယက်နမ် အခွံစိမ်းကျွဲကောသီး ဈေးကွက်သစ် ၂ ခုကြောင့် တင်ပို့မှု မြင့်တက်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ် ကျွဲကောသီး ပြည်ပတင်ပို့မှုသည် ယခုနှစ် ပထမ ၈ လတွင် ကန်ဒေါ်လာ ၂၉.၆ သန်းဖိုးသို့ မြင့်တက်ခဲ့သည်။

ယမန်နှစ် ပထမ ၈ လထက် ၁၄၄% တိုးလာခဲ့သည်။

 

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအသင်းမှ အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ယခင်က ကျွဲကောသီးကို EU နှင့် အရှေ့အလယ်ပိုင်းသို့သာ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကမှစ၍  ကျွဲကောများကို နယူးဇီလန်နှင့် အမေရိကန်တို့ထံ တင်ပို့ကြောင်း ပြောကြားသည်။  

 

ဗီယက်နမ် အခွံစိမ်းကျွဲကောသီး အရည်အသွေး လျင်မြန်စွာ တိုးတက်‌ေကာင်းမွန်လာသဖြင့် နိုင်ငံအများအပြားတွင် ရေပန်းစားလာသည်ဟု ၎င်းက ဆိုသည်။

ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့သည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အားလုံး၏ ၆၀% ကို တင်ပို့လျက်ရှိသည့် Vina T&T Export Import Service Trading ကုမ္ပဏီမှ အထွေထွေ ညွှန်ကြားရေးမှူး Nguyen Dinh Tung က ဗီယက်နမ် ကျွဲကောသီးများသည် တရုတ်နှင့် မက္ကဆီကိုတို့ထံမှ ကျွဲကောသီးများ၏ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရသော်လည်း အမေရိကန်ဈေးကွက်တွင် ခြေကုပ် ပိုမိုအားကောင်းလာနေသည်ဟု ပြောကြားသည်။

 

အမေရိကန်ဈေးကွက်တွင် ဗီယက်နမ်ကျွဲကောသီးကို တစ်ကီလိုလျှင် ၉ ဒေါ်လာဖြင့် ရောင်းချသည်။

တရုတ်ကျွဲကောသီးများကို တစ်ကီလိုလျှင် ၂ ဒေါ်လာဖြင့်သာ ရောင်းချသည်။

ဈေးအတော်ကွာနေသောလည်း ဗီယက်နမ်ကျွဲကောသီးများသည် အရည်အသွေး ပိုကောင်းသောကြောင့် ဝယ်ယူစားသုံးသူများ ပိုများလာကြောင်း ၎င်းက ပြောသည်။

 

“ဒီနှစ်မှ ကျွန်တော့်ကုမ္ပဏီက အမေရိကန်ကို ကျွဲကော တင်ပို့တဲ့ ပထမဆုံးနှစ်ပါ၊ ဒါပေမဲ့ သုံးလပတ်တိုင်း ပမာဏ သိသိသာသာ တိုးလာတယ်။ ယခုနှစ် ပထမသုံးလမှာ တစ်လလျှင် ပေ ၄၀ ကွန်တိန်နာ ၄ လုံး တင်ပို့ခဲ့ပါတယ်။ အခုဆိုရင် ၁၆ လုံးအထိ တင်ပို့နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့နေသည့် အသီးများတွင် စုစုပေါင်းတန်ဖိုးအရ သရက်သီးသည် အများဆုံးဖြစ်သည်။

ဒုတိယအများဆုံးမှာ လုံငန်းသီး ဖြစ်ပါသည်။

တတိယအများဆုံးမှာ လိုင်ချီးသီး ဖြစ်ပါသည်။

နဂါးမောက်သီးသည် စတုတ္ထအများဆုံး၊ ကြက်မောက်သီးသည် ပဉ္စမအများဆုံး၊ သကြားသီးသည် ဆဋ္ဌမအများဆုံးဖြစ်ပြီး ကျွဲကောသီးသည် သတ္တမ အများဆုံး ဖြစ်ပါသည်။

 

ဗီယက်နမ်ကျွဲကောသီးများကို ၁၂ နိုင်ငံသို့ တင်ပို့သည်။ 

 

ဗီယက်နမ်နိုင်ငံတွင် ကျွဲကောပင် စိုက်ပျိုးဧရိယာ ၁၀၅,၄၀၀ ဟက်တာရှိပြီး အများစုမှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပါသည်။

 

နှစ်စဉ်အထွက်နှုန်းမှာ တန်ချိန် ၉၀၅,၀၀၀ ဖြစ်ပါသည်။

Vnexpress  


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 28 October 2023 18:20
Rate this item
(0 votes)