Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီဈေး တစ်တန် ရင်းဂစ် ၅,၅၀၀ အထိ မြင့်တက်

စားအုန်းဆီဈေး တစ်တန် ရင်းဂစ် ၅,၅၀၀ အထိ မြင့်တက်


စားအုန်းဆီဈေး တစ်တန် ရင်းဂစ် ၅,၅၀၀ အထိ မြင့်တက်နေပြီး စံချိန်သစ်များ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။
ဆီအုန်း စိုက်ပျိုးပြီး စားအုန်းဆီ အမျိုးမျိုး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စားအုန်းဆီ ပြည့်ပို့ကုန်အပေါ် အခွန်ကောက်ခံတဲ့အပြင် ပြည်တွင်းဈေးကွက်ထဲသို့ သတ်မှတ်ပြဌာန်းထားတဲ့ ပမဏာကို မဖြစ်မနေ ရောင်းချဖို့ကိုလည်း ဖယ်ထားရမှာ ဖြစ်ပါတယ်။

စားအုန်းဆီ အကြမ်းနဲ့အချော တင်ပို့ကြတဲ့ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ပမဏာ စုစုပေါင်းရဲ့ ၂၀% ကို ပြည်တွင်းဈေးကွက်အတွက် ဖယ်ထားရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Muhammad Lutfi က ပြောကြားခဲ့ပါတယ်။
စားအုန်းဆီကြမ်း crude palm oil ပြည်တွင်းဈေးကွက် ရောင်းဈေး တစ်ကီလိုဂရမ်ကို ရူပီယာ ၉,၃၀၀ (ကန်ဒေါ်လာ ၀.၆၅) ဖြင့်လည်းကောင်း၊ ဆီချော palm olein ကို ရူပီယာ ၁၀,၃၀၀ ဖြင့် လည်းကောင်း ရောင်းချရန် ဈေးနှုန်း သတ်မှတ်ပြဌာန်းထားပါတယ်။

ဟင်းသီးဟင်းရွက်ဆီ အမျိုးမျိုး ရှိတဲ့အနက် စားအုန်းဆီ အများဆုံး တင်ပို့တဲ့ အင်ဒိုနီးရှားမှာ ပြဌာန်းချက်အသစ်ကြောင့် တင်ပို့ပမာဏ လျော့ကျနိုင်ပြီး ဈေးနှုန်းမြင့်တက်နေချိန် ဒုတိယ အများဆုံးတင်ပို့တဲ့ မလေးရှားမှာ စိုက်ခင်းလုပ်သား မရရှိတာကြောင့် ထုတ်လုပ်မှု လျော့ကျနေတာကြောင့် စားအုန်းဆီဈေး မြင့်တက်နေပါတယ်။ အခြားဟင်းသီးဟင်းရွက်ဆီ ပဲပုပ်ဆီနှင့် နေကြာဆီတို့လည်း ဈေးမြင့်တက်ပါတယ်။

အင်ဒိုနီးရှားမှ ကြေညာချက်ကြောင့် ဧပြီလအတွက် ကြိုရောင်းကြိုဝယ်ဈေးနှုန်း ၃.၂% မြင့်တက်ပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၅,၅၀၀ အထိ မြင့်တက်သွားပါတယ်။

မလေးရှားနိုင်ငံမှ စားအုန်းဆီ ထုတ်လုပ်မှု ဇန်နဝါရီလမှာ ဒီဇင်ဘာလထက် ၁၀~၁၄% လျော့နည်းခဲ့ပါတယ်။ စိုက်ခင်းလုပ်သား မရရှိတဲ့ ပြဿနာ ဧပြီလအထိ ရှည်ကြာနေဦးမှာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်သားများက စိုက်ခင်းမှာ လုပ်ကိုင်လိုကြခြင်း မရှိတာကြောင့် ၈၅% ခန့်ကိုပြည်ပလုပ်သား အသုံးပြုရပါတယ်။ ကိုဗစ်ကြောင့် ပြည်ပလုပ်သား လာရောက်ဖို့ အတားအဆီး ရှိနေဆဲ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)