Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


KFCကအာမခံပရိတ္သတ္ေတြကို ေၾကာ္ျငာနဲ႔ ဘယ္လုိတုန္႔ျပန္သလဲ

ျပႆနာ အႀကီးအက်ယ္တက္ရင္ ေၾကာ္ျငာျဖင့္ အမာခံပရိသတ္ကုိ ဘယ္လုိ တုံ႔ျပန္သလဲဆုိတာ နမူနာ ယူစရာတစ္ခုကုိ တင္ျပလုိပါတယ္။

 

KFC ဆုိရင္ ၾကက္ေၾကာ္တုံးေတြကုိ စိတ္ထဲ ေျပးျမင္ၿပီးသား ျဖစ္ေနေအာင္ လူသိမ်ားတယ္။ ယူေကမွာ ကုန္ၾကမ္းျဖစ္တဲ့ ၾကက္သားကုိ KFC ဆုိင္ခြဲေတြထံ အလ်ဥ္မီေအာင္ ပုိ႔မေပးႏုိင္လုိ႔ KFC ဆုိင္ေတြ ယာယီပိိတ္ထားရတယ္။ အဲဒီအတြက္ အမာခံပရိသတ္ကုိ KFC က ေတာင္းပန္တာမွာ စတန္႔ထြင္ၿပီး ေၾကာ္ျငာလုိက္တာ သတင္း ျဖစ္သြားတယ္။

 

KFC ဆုိတဲ့ အတုိေကာက္ကုိ “FCK” လုိ႔ ေျပာင္းလဲသုံးစြဲေပးလုိက္တာ ျဖစ္တယ္။ ဖတ္႐ႈတဲ့သူေတြက ပထမေတာ့ ေၾကာင္သြားမယ္။ ေနာက္ေတာ့ F ေနာက္မွာ U ကုိ ျဖည့္ထည့္ၿပီး သေဘာေပါက္သြားၾကတယ္။ အဂၤလိပ္စကားမွာ စိတ္ပ်က္လက္ပ်က္ ျဖစ္ရရင္ ထေအာ္ေလ့ရွိတဲ့ အာေမဋိတ္သံတစ္ခု ျဖစ္ပါတယ္။ သေဘာေပါက္တဲ့အျပင္ ေၾကာ္ျငာ ထြင္ဉာဏ္ကုိ သေဘာက်ၾကတယ္။

 

ၾကက္သားတုံးေတြ ေပးပုိ႔တာကုိ DHL ေခ်ာပုိ႔နဲ႔ ေျပာင္းလဲသုံးစြဲတာမွာ DHL ရဲ႕ ခ်ဳိ႕ယြင္းခ်က္ေၾကာင့္ ယခုလုိ ျပႆနာ တက္ကုန္တာ ျဖစ္ပါတယ္။

 

အမာခံ ပရိသတ္က ဆုိင္ေတြ ပိတ္ထားတာအတြက္ အေတာ္ မေက်မခ်မ္း ျဖစ္ၾကတယ္။ ရဲက အေရးယူေပးဖုိ႔ ေျပာဆုိၾကတာေတြလည္း ရွိလာတယ္။ ဒါေပမဲ့ ရဲတပ္ဖြဲ႕က KFC ရဲ႕ အမာခံပရိသတ္ အခုလုိ စိတ္ေတြဆုိးၿပီး “#KFCCrisis” ျဖစ္ေနတာ ရဲအေရးနဲ႔ မဆုိင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

ပိတ္ထားတဲ့ ဆုိင္ေတြမွာ တခ်ဳိ႕ဆုိင္ေတြ ျပန္ဖြင့္ေပးႏုိင္ခဲ့ပါၿပီ။ KFC က ျပန္ဖြင့္ေနၿပီျဖစ္တဲ့ ဆုိင္ေတြ တည္ရာကုိ ၀က္ဘ္ဆုိက္မွာ အသိေပးလ်က္ ရွိပါတယ္။ ဆုိင္ေပါင္း ၇၀၀ ေက်ာ္ ျပန္လည္ဖြင့္လွစ္ထားၿပီးၿပီလုိ႔ ဘီဘီစီ သတင္းတစ္ပုဒ္မွာ ဆုိထားပါတယ္။

 

 ေဖာက္သည္အမ်ဳိးသမီးတစ္ဦးက KFC ဆုိင္ကုိ သြားလုိက္တုိင္း ပိတ္ေနတာနဲ႔ခ်ည္း ႀကံဳေနလုိ႔ လူမွုကြန္ယက္မွာ ေျပာဆုိတာေၾကာင့္ KFCက အဲ႔ဒီအမ်ိဳးသမီးကို အခမဲ႔ Ricebox ကမ္းလွမ္းပါတယ္။ ဒါေပမယ့္ 

ၿပိဳင္ဘက္ျဖစ္တဲ့ Burger Kingဆိုင္က အဲဒီအမ်ဳိးသမီးကုိ King Boxes တစ္ႏွစ္စာ အခမဲ့ ေပးလုိက္ပါတယ္။

 

KFC က twitterမွာ Ricebox လာယူဖုိ႔ ေျပာတဲ႔အခါ Buger King က King boxes တစ္ႏွစ္စာေပးၿပီးေၾကာင္း twitter မွာျပန္ေအာ္ပါတယ္။

 kfc burger king

KFC မ်က္ႏွာျပည့္ ပုံႏွိပ္ေၾကာ္ျငာျဖင့္လည္း ေတာင္းပန္တယ္။ ၾကက္ေၾကာ္ဆုိင္မွာ ၾကက္သားတစ္တုံးမွ မရွိတာ မျဖစ္သင့္ပါဘူး။ စံနမူနာျပ မျဖစ္ေတာ့ဘူးလုိ႔ ထည့္သြင္း ေရသားထားတယ္။ အေအးခြက္မွာ KFC အစား KFC လုိ႔ လုိဂုိကုိ ေဖာ္ျပထားတယ္။

 

ပရိသတ္ထံမွ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈေတြကုိ ရရွိခဲ့ၿပီး သေဘာက်ၾကလုိ႔ လူမႈကြန္ရက္ေတြမွာ ျဖန္႔ၾကလုိ႔ လူသိအလြန္မ်ားသြားတာမုိ႔ အင္မတန္ ေအာင္ျမင္တဲ့ ေၾကာ္ျငာျဖစ္သြားပါတယ္။

 twitter

 

(Unicode Version)

ပြဿနာ အကြီးအကျယ်တက်ရင် ကြော်ငြာဖြင့် အမာခံပရိသတ်ကို ဘယ်လို တုံ့ပြန်သလဲဆိုတာ နမူနာ ယူစရာတစ်ခုကို တင်ပြလိုပါတယ်။

KFC ဆိုရင် ကြက်ကြော်တုံးတွေကို စိတ်ထဲ ပြေးမြင်ပြီးသား ဖြစ်နေအောင် လူသိများတယ်။ ယူကေမှာ ကုန်ကြမ်းဖြစ်တဲ့ ကြက်သားကို KFC ဆိုင်ခွဲတွေထံ အလျဉ်မီအောင် ပို့မပေးနိုင်လို့ KFC ဆိုင်တွေ ယာယီပိိတ်ထားရတယ်။ အဲဒီအတွက် အမာခံပရိသတ်ကို KFC က တောင်းပန်တာမှာ စတန့်ထွင်ပြီး ကြော်ငြာလိုက်တာ သတင်း ဖြစ်သွားတယ်။

KFC ဆိုတဲ့ အတိုကောက်ကို “FCK” လို့ ပြောင်းလဲသုံးစွဲပေးလိုက်တာ ဖြစ်တယ်။ ဖတ်ရှုတဲ့သူတွေက ပထမတော့ ကြောင်သွားမယ်။ နောက်တော့ F နောက်မှာ U ကို ဖြည့်ထည့်ပြီး သဘောပေါက်သွားကြတယ်။ အင်္ဂလိပ်စကားမှာ စိတ်ပျက်လက်ပျက် ဖြစ်ရရင် ထအော်လေ့ရှိတဲ့ အာမေဋိတ်သံတစ်ခု ဖြစ်ပါတယ်။ သဘောပေါက်တဲ့အပြင် ကြော်ငြာ ထွင်ဉာဏ်ကို သဘောကျကြတယ်။

ကြက်သားတုံးတွေ ပေးပို့တာကို DHL ချောပို့နဲ့ ပြောင်းလဲသုံးစွဲတာမှာ DHL ရဲ့ ချို့ယွင်းချက်ကြောင့် ယခုလို ပြဿနာ တက်ကုန်တာ ဖြစ်ပါတယ်။

အမာခံ ပရိသတ်က ဆိုင်တွေ ပိတ်ထားတာအတွက် အတော် မကျေမချမ်း ဖြစ်ကြတယ်။ ရဲက အရေးယူပေးဖို့ ပြောဆိုကြတာတွေလည်း ရှိလာတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က KFC ရဲ့ အမာခံပရိသတ် အခုလို စိတ်တွေဆိုးပြီး “#KFCCrisis” ဖြစ်နေတာ ရဲအရေးနဲ့ မဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပိတ်ထားတဲ့ ဆိုင်တွေမှာ တချို့ဆိုင်တွေ ပြန်ဖွင့်ပေးနိုင်ခဲ့ပါပြီ။ KFC က ပြန်ဖွင့်နေပြီဖြစ်တဲ့ ဆိုင်တွေ တည်ရာကို ဝက်ဘ်ဆိုက်မှာ အသိပေးလျက် ရှိပါတယ်။ ဆိုင်ပေါင်း ၇၀၀ ကျော် ပြန်လည်ဖွင့်လှစ်ထားပြီးပြီလို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဆိုထားပါတယ်။

ဖောက်သည်အမျိုးသမီးတစ်ဦးက KFC ဆိုင်ကို သွားလိုက်တိုင်း ပိတ်နေတာနဲ့ချည်း ကြုံနေလို့ လူမှုကွန်ယက်မှာ ပြောဆိုတာကြောင့် KFCက အဲ့ဒီအမျိုးသမီးကို အခမဲ့ Ricebox ကမ်းလှမ်းပါတယ်။ ဒါပေမယ့်

ပြိုင်ဘက်ဖြစ်တဲ့ Burger Kingဆိုင်က အဲဒီအမျိုးသမီးကို King Boxes တစ်နှစ်စာ အခမဲ့ ပေးလိုက်ပါတယ်။

KFC က twitterမှာ Ricebox လာယူဖို့ ပြောတဲ့အခါ Buger King က King boxes တစ်နှစ်စာပေးပြီးကြောင်း twitter မှာပြန်အော်ပါတယ်။
KFC မျက်နှာပြည့် ပုံနှိပ်ကြော်ငြာဖြင့်လည်း တောင်းပန်တယ်။ ကြက်ကြော်ဆိုင်မှာ ကြက်သားတစ်တုံးမှ မရှိတာ မဖြစ်သင့်ပါဘူး။ စံနမူနာပြ မဖြစ်တော့ဘူးလို့ ထည့်သွင်း ရေသားထားတယ်။ အအေးခွက်မှာ KFC အစား KFC လို့ လိုဂိုကို ဖော်ပြထားတယ်။

ပရိသတ်ထံမှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပြီး သဘောကျကြလို့ လူမှုကွန်ရက်တွေမှာ ဖြန့်ကြလို့ လူသိအလွန်များသွားတာမို့ အင်မတန် အောင်မြင်တဲ့ ကြော်ငြာဖြစ်သွားပါတယ်။

Read 1687 times Last modified on Tuesday, 18 September 2018 15:57
Rate this item
(1 Vote)