Fruits & Vegetables



မန္တလေး သစ်သီးဝလံဈေးကွက် ဈေးနှုန်းများအခြေအနေ

မန္တလေး သစ်သီးဝလံဈေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေး သီရိမာလာဈေး ဟင်းသီး/ရွက် ပွဲရုံများတွင် ခရမ်းချဉ် (ထိုင်ဝမ်)များ မုံရွာ ၊ ညောင်ပင်ဝန်းမှ အဝင်များလာခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၈၀၀ ကျပ် မှ ၁၁၀၀ ကျပ်ထိ ဈေးရှိသည်။

 

ဂေါ်ဖီထုပ် နှင့် ပန်းမုံလာများလည်း အဝင်များလာခြင်း ၊ စားသောက်ဆိုင်နှင့် မြို့တွင်းသုံးသာရှိခြင်းကြောင့် ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ် ၊ ပန်းမုံလာတစ်ပွင့် ၇၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ဘိုစားပဲများအဝင်များလာသဖြင့် တစ်ပိဿာ ၂၀၀၀ ကျပ် ၊ ကျောက်ဆည် ခရမ်းသီး တစ်ပိဿာ ၆၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

 

ငရုတ်စို ဈေးနှုန်းမှာ မုံရွာ ၊ ချောင်းဦး ၊ ရွှေဘိုတို့မှ အဝင်များခြင်း ၊ ကွပ်ခိုင် ၅ ရက်တစ်ဈေးသို့ တင်ပို့မှုရှိသော်လည်း ငရုတ်စို(ရှည်) တစ်ပိဿာ ၂၂၀၀ ကျပ် ၊ ငရုတ်စို(လတ်) ၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။



မန္တလေးကိုင်းတန်းဈေးတွင် ချောင်းဦးဘက်မှ ဖရဲသီးများ လှိုင်လှိုင် ဝင်ရောက်ခြင်းကြောင့် တစ်လုံးလျှင် ၂၀၀၀ ကျပ်

၊ သခွားမွှေး လေးလုံးတစ်ဖာလျှင် ၈၀၀၀ ကျပ် ၊

ညောင်ပင်ဝန်းမှ သဘောႅသီး တစ်လုံးလျှင် ၁၅၀၀ ကျပ် ၊

စိန်တစ်လုံးသရက်များ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး ၁၀လုံးလျှင် ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ

ဈေးအမျိုးမျိုးဖြင့် မြို့တွင်းသုံးစွဲမှုနှင့် အမှာရှိသောမြို့များသို့ တင်ပို့သည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 28 April 2023 14:26
Rate this item
(0 votes)