Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နံနံစေ့များ နှစ်နိုင်ငံဝယ်လက်စုံမှုကြောင့် အဖွင့်ဈေးကောင်းမွန်

ယခုဇန်နဝါရီလအတွင်း ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ရာသီပေါ်သီးနှံ နံနံစေ့များ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ

ဝယ်လက်စုံကာ အပြိုင်ဝယ်ယူလာမှုကြောင့် အဖွင့်ဈေးကောင်းမွန်ကာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးကုန်သည်များထံမှ သိရသည်။

အဆိုပါ နံနံစေ့များမှာ တောင်သူများအတွက် စိုက်ပျိုးရာတွင် လွယ်ကူခြင်း၊ ကုန်ကျစရိတ်သက်သာသည့်အပြင် ရောင်းချရာတွင်လည်း အရှုံးမရှိသည့် လယ်ယာထွက်ကုန်သီးနှံဖြစ်ခြင်း၊ နှစ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဟင်းခတ်အမွေးအကြိုင်အဖြစ် အသုံးပြုရန် ပုံမှန်ဝယ်ယူမှုများရှိသည့်အပြင် ယခုနှစ်တွင် ပါကစ်စတန်နိုင်ငံမှလည်း ဝယ်ယူလာခြင်းကြောင့် လက်ရှိဈေးကွက်တွင် ၈ ပိဿာဝင်တစ်တင်းလျှင် ငွေကျပ် ၁၄၅၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

“နံနံစေ့ကို ဒီနှစ်မှာ ဘင်္ဂလားဒေ့ရှ်အပြင် ပါကစ္စတန်နိုင်ငံကပါ ဝယ်ယူလာတဲ့အတွက် မနှစ်က ၈ ပိဿာဝင်တစ်တင်းကို ငွေကျပ် ၁၀၀၀၀ ကျပ်နှုန်းပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာ ၁၄၅၀၀ ကျပ်ဈေးအထိ အဖွင့်ဈေးတွေ မြင့်တက်သွားတယ်။ နံနံစေ့ကို ပြည်ပနိုင်ငံတွေက ဟင်းခတ်အမွေးအကြိုင်အဖြစ် အဓိကအသုံးပြုကြပြီး ပြည်တွင်းမှာတော့ မဆာလာလုပ်ငန်းတွေမှာ အသုံးပြုကြတယ်။ ပြည်ပဈေးကွက်မှာ မြန်မာထွက်ကုန် နံနံစေ့နဲ့အတူ စမုံစပါးနဲ့ စမုံနက်တို့လည်း နေရာယူထားကြတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ မန္တလေးဈေးကွက်တွင် စမုံစပါးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှုန်းနှင့် စမုံနက်တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းများဖြင့် ရောင်းချနေရပြီး စမုံနက်မှာ ယခုနှစ်တွင် စံချိန်တင်ဈေးနှုန်းအဖြစ် ရပ်တည်လျက်ရှိသည်။

ပြည်တွင်း၌ နံနံစေ့ကို အောက်တိုဘာလအတွင်း စတင်စိုက်ပျိုး၍ ဆောင်းသီးနှံအဖြစ် ဇန်နဝါရီလတွင် ထွက်ပေါ်လေ့ရှိပြီး အဆိုပါ နံနံစေ့၊ စမုံနက်နှင့် စမုံစပါးတို့ကို မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပြည်ပပို့ကုန်အဖြစ် အထူးအားထား စိုက်ပျိုးကြကြောင်း သိရသည်။

 

MDN

Read times
Rate this item
(0 votes)