Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက်ဆီများ ဈေးအမြင့်မှာ ဆက်ရှိနေ

ဟင်းသီးဟင်းရွက်ဆီများ ဈေးအမြင့်မှာ ဆက်ရှိနေ

၂၀၁၉ နောက်ပိုင်း စားအုန်းဆီ ဈေးနှုန်း အမြင့်မားဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ၃ နှစ်တာအတွင်း နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။ ဆီအုန်းစိုက်ခင်း ကမ္ဘာ့ဒုတိယအများဆုံးဖြစ်တဲ့ မလေးရှားမှာ လုပ်သားမလုံလောက်မှု ကာလရှည်ကြာ ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုက ဝယ်လိုအားကို မဖြည့်ဆည်းနိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။

ဟင်းချက်ဆီ၊ မုန့်လုပ်ငန်းသုံးဆီ၊ အလှကုန်နှင့် ဆပ်ပြာတို့အတွက် ကုန်ကြမ်းဆီ စသဖြင့် အမျိုးမျိုး သုံးစွဲလျက်ရှိတဲ့ စားအုန်းဆီရဲ့ ဈေးနှုန်းဟာ တက်ရိပ်ပြနေခဲ့ပါတယ်။
မလေးရှားမှာ စိုက်ခင်းလုပ်သား မရနိုင်တဲ့ အဆိုးဝါးဆုံး အခြေအနေကို ကြုံနေရပြီး စိုက်ခင်းလုပ်သားအဖြစ် လုပ်ကိုင်ကြမယ့် ပြည်ပလုပ်သားများကို အစိုးရက ကိုဗစ်ကြောင့် ဝင်ခွင့်မပြုတာကြောင့် လုပ်သားမလုံလောက်တဲ့ ပြဿနာ နာတာရှည် ဖြစ်နေပါတယ်။

ကနေဒါနှင့် ယူကရိန်းတို့မှာ ရာသီဥတု ဆိုးဝါးတာကြောင့် ကင်နိုလာပန်းနှမ်းဆီနဲ့ နေကြာဆီတို့ ထွက်နှုန်း လျော့ကျနေပါတယ်။

မတ်လအတွက် စားအုန်းဆီ ကြိုဝယ်တဲ့ဈေးနှုန်း တစ်တန်ကို ရင်းဂစ် ၄,၇၀၅ အထိ ရောက်နေပါတယ်။
အနီးစပ်ဆုံး အခြားဟင်းသီးဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ပဲဆီ ဈေးနှုန်း ၃၄% အထိ ၂၀၂၁ မှာ မြင့်တက်ပါတယ်။ ကနေဒါမှ ကင်နိုလာဆီက ၆၀% မြင့်တက်ပါတယ်။

နှစ်ကုန်မှာ မလေးရှားရဲ့ စားအုန်းဆီလက်ကျန် တန်ချိန် ၂ သန်းအောက်မှာ ရှိနေပြီး ထုတ်လုပ်မှု လျော့ကျနေဆဲ ရှိတာကြောင့် ဈေးနှုန်း မြင့်တက်ပါတယ်။

ဈေးကွက်က ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတို့ရဲ့ ထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့မှု အခြေအနေများကို စောင့်ကြည့်နေပါတယ်။

Read times
Rate this item
(0 votes)