Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု ပြန်လည်မြှင့်တင်ရန် ကြိုးပမ်း

မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု ပြန်လည်မြှင့်တင်ရန် ကြိုးပမ်း

မလေးရှားက စားအုန်းဆီ စိုက်ခင်းများတွင် လုပ်သားမလုံလောက်မှုကို ဖြေရှင်းပေးပြီး စားအုန်းဆီ ထုတ်လုပ်မှု ပြန်လည်မြှင့်တင်ပေးမယ်လို့ မလေးရှား နိုင်ငံမှ စိုက်ခင်းလုပ်ငန်းများနှင့် စားသုံးကုန်ပစ္စည်းဝန်ကြီး Datuk Zuraida Kamaruddin က ပြောကြားပါတယ်။

 

ပြည်ပလုပ်သားခေါ်ယူ
Covid-19 ကပ်ရောဂါကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ထားလို့ ဆီအုန်းစိုက်ခင်းများမှာ ပြည်ပလုပ်သားများ လာရောက်နေထိုင် လုပ်ကိုင်လို့မရ ဖြစ်နေခဲ့ပြီး လုပ်သားမလုံလောက်တဲ့ ပြဿနာ ကြီးမားနေပါတယ်ယ။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့မှ လုပ်သားများ ထောင်ချီတဲ့ဦးရေဖြင့် ငှားရမ်းပြီး ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။


"လုပ်သားမလုံလောက်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီးသွားရင် မလေးရှားက စားအုန်းဆီကို ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ပလုပ်သားဦးရေ ၃၂,၀၀၀ ခေါ်သွင်းဖို့ အစီအစဉ် ရှိပါတယ်" လို့ Datuk Zuraida Kamaruddin က ပြောကြားပါတယ်။

ယခုအခါ လျှောက်လွှာများကို စိစစ်နေတယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။

 

စက်အစားထိုး

တစ်ချိန်တည်းမှာပံ ပြည်ပလုပ်သားအပေါ် အကြီးအကျယ် အားကိုးနေရတာကို လျှော့ချဖို့ စက်ယန္တရားများ သုံးစွဲနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ Mechanisation and Automation Research Consortium of Oil Palm (MARCOP)နှင့်အတူ ပူးပေါင်းပြီး လုပ်ကိုင်မယ့်ရင်းဂစ် သန်း ၆၀ ကုန်ကျမယ့် စီမံကိန်းကို ဘတ်ဂျက် အတည်ပြု ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ၃ နှစ်မှ ၅ နှစ်အတွင်း အလိုအလျောက် လုပ်ကိုင်ပေးတဲ့ စက်ယန္တရားများ ဖန်တီးပေးရမယ့် စီမံကိန်း ဖြစ်ပါတယ်။


ထုတ်လုပ်မှု ကျဆင်း

မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု တန်ချိန်ပမာဏ ၂၀၂၀ မှာ ၁၉.၁ သန်း ရှိပြီး ၂၀၂၁ မှာ ၁၈.၁ သန်း ရှိပါတယ်။ တန်ချိန် ၁ သန်း လျော့နည်းခဲ့ပါတယ်။

Read times
Rate this item
(0 votes)