Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ကြက်သွန်နီ ဝယ်ယူမှု မရှိသေ:

မြန်မာနိုင်ငံဘက်မှ ကြက်သွန်နီများကို ဘင်္ဂလားဘက်သို့ ၇၀ ရာခိုင်နှုန်းကျော် တင်ပို့ပြီးစီးဖြစ်ကြောင်းနှင့်

လောလောဆယ်တွင် ကြက်သွန်နီဝယ်ယူမှု မရှိသေးကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်။

“လောလောဆယ် ဘင်္ဂလားဒေ့ရှ်က လက်ရှိမှာ ပြီးခဲ့သည့် နှစ်ပတ်လောက်က ဝယ်ထားတဲ့ ကြက်သွန်နီတွေကို ပြန်ပြီး သိမ်းယူသယ်ဆောင်နေတယ်။ တစ်နိုင်ငံလုံး ဝယ်ထားတဲ့ ကြက်သွန်နီတွေ အကုန်သိမ်းယူနေတယ်။ စရန်ငွေ ပေးထားတာတွေ မပေးရသေးတွေ အကုန်လုံး သူတို့ဆီကို ပြန်သယ်ယူနေတယ်။ မြန်မာပြည် ကြက်သွန်ကုန်သည်တွေအတွက် အမောသက်သာသွားတာပေါ့။ အရင်တုန်းက အရည်အသွေး မမီတာတွေ တင်ပို့မိလို့ ဟိုဘက် ကမ်းတင်ပို့ချိန်မှာ ပြဿနာတက်ဖူးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဝယ်ထားတဲ့ ကြက်သွန်နီ ၇၀ ရာခိုင်နှုန်းကျော်တော့ ဘင်္ဂလားဘက်က သယ်ယူသွားပြီး နောက်ထပ် အရောင်းအဝယ်တော့ မဖြစ်သေးဘူး။ တရုတ်လိုင်းဘက်က ပိတ်ထားတော့ ထိုင်းဘက်ကနေ ပတ်ထွက်ပေမဲ့ ကြက်သွန်ကုန်ချိန် အားမပါဘူး။ ဘင်္ဂလားဘက်လောက် ကုန်ချိန်မရှိတော့ ကြက်သွန်စျေးကွက်က သိပ်မပြောင်းလဲနိုင်ဘူး။ တောင်သူ အရာင်းဘက်က များနေပြီး ဝယ်သွားတဲ့အားက နည်းနေတာ။ ပြီးတော့ ကြက်သွန်နီရာသီ က ကုန်တေ့ာမယ်။ အအေးဓာတ်တွေ ဝင်လာတေ့ာမယ်။ ပျက်စီးမှုတွေ လာတော့မယ်။ မိုးကလည်း များနေတော့ ကြက်သွန်နီ ရောင်းချင်တဲ့သူ များနေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ကြက်သွန်နီ ဆက်မဝယ်ရင် နောက်ပိုင်း ကြက်သွန်အခြေအနေ ဆိုးနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်လက်ပြီးဝယ်မှ ကောင်းပါမယ်။ နောင်လာမယ့် ၂၀၂၂ မိုးကြက်သွန်စိုက်အားလည်း နည်းသွားမယ်။ မန္တလေးမှာ ထိပ်စ ၆၅၀ စျေး၊ အောက်စ ၄၅၀ စျေးရှိတယ်။ မြစ်သားတောစျေး ၆၀၀ ကနေ ၆၅၀ စျေး၊ မုံရွာတောစျေးက ၄၅၀ ကနေ ၅၀၀၊ မြင်းခြံနယ်ဘက် တောစျေး ၃၅၀ ကနေ ၄၀၀ စျေး ရှိပါတယ်” ဟု မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကြက်သွန်နီတန်ချိန် ၈၇၈၃၂ ဒသမ ၁၆၃ တန် ပြည်ပတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၁၉ သန်းရရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၅၆၅ တန်အထိ တင်ပိုခဲ့ကာ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၀၃ သန်းအထိ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

“ကြက်သွန်က ဒီရက်ပိုင်း နည်းနည်းအေးတယ်။ ဘင်္ဂလားဘက်က ဟိုရက်ပိုင်းတွေက အတင်ခဏ ရပ်ထားတယ်။ စျေးအပြောင်းအလဲကြောင့်လည်း ပါမယ်။ သူတို့ ဝယ်ပြီးသားတွေရှိတော့ အတင်ခဏ ရပ်ထားတယ်။ လက်ရှိ ကျွန်တော့်နယ်မှာ တောစျေးက ၆၀၀ ကနေ ၆၅၀ ကြား ရှိတယ်။ ထိပ်စပစ္စည်းကောင်းတဲ့ စျေးပေါ့။ ဘင်္ဂလားဒေ့ရှ်ဘက်ကို နောက်ဆုံး ရောင်းထားတာ ၇၀၀ ကနေ ၇၅၀ နဲ့ ရောင်းထားတယ်။ အရင်ကထက် စျေးရတော့ တောင်သူတွေ ရောင်းသင့်တဲ့စျေးပါ။ ရောင်းလည်း ရောင်းသင့်ပါတယ်။ ကြက်သွန်က ဆက်ထားရင် သက်တမ်းကုန်သလောက် ဖြစ်နေပြီး အနာအဆာ များနေပြီ။ ဒီထက် ဆက်ထားရင် အလျော့တွက်နဲ့ တက်မယ့်စျေးနဲ့ဆို ဒီစျေးတန်းက ရောင်းသင့်ပါတယ်။ တောင်သူတွေလည်း အရင်က ၂၅၀ စျေးကနေ ဒီစျေးဖြစ်လာတာဆိုတော့ ရောင်းသင့်ပါတယ်။ အောက်တိုဘာလ လလယ်လောက်က သူတို့ဝယ်ယူမှုတွေ တင်တာတွေ ရပ်ထားတယ်။ အရင် အောက်တိုဘာ လဆန်းပိုင်းက တစ်ရက်ကို ကားငါးစီးလောက် တင်ကြတယ်”ဟု မြစ်သားနယ်မှ ကြက်သွန်ကုန်သည် တစ်ဦးက ပြောကြားသည်။

မြစ်သား၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်များမှာ ကြက်သွန်နီ အဓိကစိုက်ပျိုးကြသည့် ဒေသများ ဖြစ်သည်။

 

news-eleven.com

Read times Last modified on Tuesday, 02 November 2021 19:04
Rate this item
(0 votes)