Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားမှာ စားအုန်းဆီ တင်ပို့ခွင့် ပါမစ် လျှောက်ထားရယူရန် လိုအပ်မည်ဟု မူဝါဒ ရုတ်တရက်ပြောင်းလဲ

အင်ဒိုနီးရှားမှာ စားအုန်းဆီ တင်ပို့ခွင့် ပါမစ် လျှောက်ထားရယူရန် လိုအပ်မည်ဟု မူဝါဒ ရုတ်တရက်ပြောင်းလဲ

 

အင်ဒိုနီးရှားမှာ စားအုန်းဆီ တင်ပို့ခွင့် ပါမစ် လျှောက်ထားရယူရန် လိုအပ်မည်ဟု မူဝါဒပြောင်းလဲ


အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ပြည်ပတင်ပို့ရောင်းချသူများကို ပို့ကုန်ပါမစ် ရယူရမည့် အစီအစဉ်ကို စတင်ကျင့်သုံးတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
အင်ဒိုနီးရှား ပြည်တွင်းမှာ ချက်ဆီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီ ပြည်ပ တင်ပို့မှုကို ထိန်းကျောင်းခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


ကမ္ဘာ့စားအုန်းဆီအများဆုံး ထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကမ္ဘာ့စားအုန်းဆီဈေး ကြီးမြင့်နေတဲ့အလျောက် ပြည်တွင်း စားအုန်းဆီဈေးနှုန်းများလည်း
ယခုနှစ်အစောပိုင်းကထက် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်နေတာကြောင့် ဆီဈေးပြန်ကျဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။


အာဏာပိုင်များက ပြည်တွင်းဈေးကွက်တွင် ရောင်းချနေတဲ့ ဟင်းချက်ဆီများအတွက် စျေးနှုန်းတစ်ခုတည်းကို သတ်မှတ်ပြဌာန်းပေးမယ်လို့ ဆိုပါတယ်။ ဆီဈေးသက်သာအောင် အစိုးရမှ ထောက်ပံ့ကြေး ပေးနေတာကိုလည်း ထိရောက်မှု ရှိစေဖို့ စည်းမျဉ်းစည်းကမ်းအသစ်တွေ ပြဌာန်းမယ်လို့ ကုန်သွယ်ရေးဝန်ကြီး Muhammad Lutfi က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။


ဟင်းသီးဟင်းရွက်ဆီ တင်ပို့မှုကို အစိုးရက တားမြစ်ထားခြင်း မရှိသော်လည်း ပြည်တွင်း ထောက်ပံ့မှု တိုင်းတာရန်အတွက် တင်ပို့မှု မှတ်တမ်း အပြည့်အစုံ ရှိရန် လိုအပ်ကြောင်း ၎င်းက ပြောကြားပါတယ်။

မူဝါဒအသစ်ကို ခြောက်လကြာ ချမှတ်ပြဌာန်းထားမှာ ဖြစ်ပါတယ်။


စားအုန်းဆီ တင်ပို့သူများအနေဖြင့် ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ ကုန်သွယ်မှု ဝန်ကြီးဌာနထံမှ ပို့ကုန်ပါမစ် ရယူရမည်ဖြစ်ကြောင်း အကြီးတန်း အရာရှိ အင်ဒရာဆာရီ ဝိစနုဝါဒါနာက virtual media သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ တင်ပို့သူတွေက အကောက်ခွန် ရှင်းလင်းရေး လုပ်ကိုင်ဖို့ပဲ လိုအပ်ပါတယ်။ ပို့ကုန်ပါမစ် လျှောက်ထားဖို့ မလိုအပ်ပါဘူး။

စားအုန်းဆီ တင်ပို့သူများအနေဖြင့် လာမယ့် ၆ လ အတွင်း ပြည်တွင်းဈေးကွက်မှာ မည်ရွေ့မည်မျှ ရောင်းချပေးကြောင်း စာရင်းကြေညာဖို့ လိုအပ်မှာ ဖြစ်ပြီး စာရင်း မကြေညာတဲ့ လုပ်ငန်းတွေကို စားအုန်းဆီ ပို့ကုန်ပါမစ် ပိတ်ထားမယ်လို့လည်း အင်ဒရာဆာရီ ဝိစနုဝါဒါနာက ပြောကြားပါတယ်။ အစိုးရအနေဖြင့် စားအုန်းဆီ လုပ်ငန်းရှင်များ ပြည်တွင်းဈေးကွက်မှာ ရောင်းချပေးရမယ့် အနည်းဆုံ ပမာဏ သတ်မှတ်ပြဌာန်းမှာ မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

ဟင်းချက်ဆီ တစ်ခုတည်းသော ရောင်းဈေး မူဝါဒကို ဇန်နဝါရီလ ၁၉ ရက်မှာ စတင်ပါတယ်။ လောလောဆယ် သတ်မှတ်ဈေးက ဟင်းချက်ဆီ တစ်လီတာ 14,000 rupiah (US$0.9766) ဖြစ်ပါတယ်။ အဲဒီ ဈေးနှုန်းက အိမ်သုံးအဖြစ် ဝယ်ယူခြင်းနဲ့ လုပ်ငန်းငယ်များ ဝယ်ယူခြင်းတို့အတွက်သာ ဖြစ်ပါတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ဟင်းချက်ဆီ လက်လီရောင်းရောင်းဈေးက တစ်လီတာ 21,000 rupiah ဖြစ်ပြီး ဈေးတက်ရိပ် ပြနေပါတယ်။

အစိုးရသတ်မှတ်တဲ့ တစ်ခုတည်းသော ရောင်းဈေးဖြင့် ရောင်းချပေးနိုင်ဖို့ အစိုးရက အင်ဒိုနီးရှားနိုင်ငံသုံးငွေ ရူပီယာ ၇.၆ ထရီလီယံ သုံးစွဲပြီး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ၆ လတိုင်တိုင် လစဉ် ဟင်းချက်ဆီ လီတာ သန်း ၂၅၀ အတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အခုလို ထောက်ပံ့ဖို့ ရန်ပုံငွေကို ရရှိဖို့ ပြည်ပတင်ပို့တဲ့ စားအုန်းဆီများထံမှ ပို့ကုန်ခွန် ကောက်ခံသွားမှာ ဖြစ်ပါတယ်

Read times
Rate this item
(0 votes)