Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပြင်ဦးလွင်မြို့နယ်မှ ပေါ်ဦးပေါ်ဖျားထွက်ရှိလာသည့် စတော်ဘယ်ရီသီးများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ ပေါ်ဦးပေါ်ဖျားထွက်ရှိလာသည့် စတော်ဘယ်ရီ သီးများ

ယခု ဇန်နဝါရီလဆန်းပိုင်းတွင် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ စတင် ပို့ဆောင်ရောင်းချနေပြီဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ်ရှိ စတော်ဘယ်ရီစိုက်တောင်သူများ က ပြောသည်။
အဆိုပါ စတော်ဘယ်ရီသီးများမှာ ယခုနှစ် တွင် ထွက်ရှိချိန်တစ်လခန့် နောက်ကျသည့် အပြင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်များအေးစက်နေသည့်အတွက် ဈေးနှုန်းမှာလည်း ယမန်နှစ်ယခုလိုရာသီတွင် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော် လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သစ်သီးဒိုင်များက ဈေးဖြတ်ဝယ်ယူနေကြောင်း ပြင်ဦးလွင်မြို့နယ် ပင်လိန်သပြေကျေးရွာ မှ စတော်ဘယ်ရီစိုက်ပျိုးသူ ကိုဖိုးသားက ပြောသည်။

138828725_2758048387780987_626286947399232424_o.jpg


"ပေါ်ဦးပေါ်ဖျားစထွက်တဲ့ ဒီရက်ပိုင်းမှာ တစ်ဧကကို ၆ ပိဿာလောက်ပဲ တစ်ရက်ခြား ထွက်နေသေးတယ်။ မနှစ်က ဒီဇင်ဘာလ အတွင်းမှာ စပြီးထွက်ခဲ့တဲ့ စတော်ဘယ်ရီက ဒီနှစ်မှာ ဇန်နဝါရီလဆန်းမှ စပြီးထွက်ခဲ့တဲ့ အပြင် ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် အဖွင့်ဈေးက မနှစ်ကလောက် ကောင်းမွန်မှု မရှိဘူး။ ဒါပေမယ့် ဒီနှစ်မှာ တရုတ်နိုင်ငံက စတော်ဘယ်ရီသီးတွေလည်း ရောဂါအခြေ အနေကြောင့် ကျွန်တော်တို့ ပြည်တွင်းကို အဝင်နည်းတဲ့အတွက် မတ်လအတွင်း လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဈေးတွေအောက်ဆုံး ထိထိုးမကျနိုင်ဘဲ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ လောက်တော့ ရနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်"ဟု ၎င်းက ပြောသည်။
စတော်ဘယ်ရီသီးကို စတင်ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင်ပြီး တစ်ဧက လျှင် ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိနိုင် သော်လည်း ရာသီဥတုပေါ်မူတည်၍ အထွက် နှုန်း ပြောင်းလဲသွားကာ ပူအိုက်သည့် ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း သိရ သည်။
''စတော်ဘယ်ရီသီးက အေးတဲ့ရာသီဥတု ကို မကြိုက်ဘူး။ ရာသီဥတု ပူလေလေ အထွက် နှုန်း ကောင်းလေပဲ။ ဒါ့ပြင် ဈေးနှုန်းကလည်း အစောဆုံးထွက်တဲ့အခင်းက ပေါ်ဦးပေါ်ဖျားဆို ဈေးပိုရပြီး လှိုင်လှိုင်ပေါ်တဲ့ မတ်လအတွင်း မှာ ငွေကျပ် ၁၂၀၀ အထိ ကျဆင်းသွားပေမယ့် သင်္ကြန်အပြီးမှာတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နဲ့ ၃၀၀၀ ကြားအထိ ဈေးပြန် ခုန်တက် လေ့ရှိပါတယ် ''ဟု ၎င်းက ဆက်လက်ပြော သည်။
ပြင်ဦးလွင်မြို့နယ်ရှိ စတော်ဘယ်ရီသီး စိုက်ပျိုးသူများအနေဖြင့် စိုက်ဧကနှင့် မိသားစု လူဦးရေပေါ်မူတည်၍ စတော်ဘယ်ရီသီး စိုက်ပျိုးမှုဖြင့် မိသားစုဘဝရပ်တည်နိုင်သည် အထိ မှီခိုအားထားရသည့် သီးနှံဖြစ်ကြောင်း သိရသည်။

MDN

Screenshot_2021-01-13_115237.jpg

 

Screenshot_2021-01-13_115217.jpg

 

Screenshot_2021-01-13_115257.jpg

 

138592179_3604167433009451_2137367830397785694_o.jpg

Read times Last modified on Wednesday, 13 January 2021 11:56
Rate this item
(0 votes)