Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဒန့်သလွန်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း

GAP စနစ်ဖြင့် စိုက်ပျိုးထားရှိသော ဒန့်သလွန်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရှမ်းတပ်ကျေးရွာတွင် တောင်သူ ဦးဇော်လွင်၏ GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဒန့်သလွန်စိုက်ခင်းသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ စိုက်ပညာပေးဝန်ထမ်းများက တောင်သူ ဦးဇော်လွင်နှင့်တွေ့ဆုံ၍ ဒန့်သလွန်စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်မည့် အကျိုးအမြတ်များနှင့် စျေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ဒန့်သလွန်တစ်တောင့်လျှင် ငွေကျပ် ၁၀၀ နှုန်း ရောင်းချရကြောင်း၊ အတောင့် အရှည်မှာ လက်မ ၂၀ ခန့်ရှိပြီး ပထမဆုံးအကြိမ်ခူးဆွတ်ရာတွင် တစ်ပင်လျှင် ၁၅ တောင့်နှုန်း ခူးဆွတ် ရရှိ ကြောင်း၊ ပန်းပွင့်ချိန်တွင် ပန်းပွင့်မြိုင်ဆိုင်စေရန် ရေပေးရကြောင်း၊ ပန်းပွင့်တွင် ပျပိုးများ ကျရောက် ပါက ပန်းပွင့်ကြွေ၍ အသီးမတင်ကြောင်း၊ ဓာတုဆေးသုံးစွဲမည်ဆိုလျှင် Acephate နှင့် Imidacloprid ဆေးတစ်မျိုးမျိုးသုံးစွဲနိုင်ပြီး သဘာဝပိုးသတ်ဆေးပြုလုပ်နည်းနှင့် ပြုလုပ်သုံးစွဲရန် နည်းပညာပေး ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စိုက်ပညာဝန်ထမ်းများက ပို၍အရည်အသွေးပြည့်မီစေရန် ပိုတက်မြေဩဇာအသုံးပြုရန်နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများဖြစ်သည့် နှမ်းရိုးများကို မြေဆွေးပြုလုပ် သုံးစွဲနိုင်ကြောင်း ဆွေးနွေးခဲ့သည်။ ယခုနှစ်တွင် ဒန့်ဒလွန်ကို ဧက ၂၀ စိုက်ပျိုးထားပြီး အကျိုးအမြတ်ရရှိနိုင်သည့်အတွက် လာမည့်နှစ်တွင် တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

MDN

Read times Last modified on Sunday, 20 December 2020 05:48
Rate this item
(0 votes)