Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၂၁.၂.၂၀၂၄ တွင် ကောက်ယူသော ဈေးနှုန်းများဖြစ်ပါသည်။

.

ဆန်ဈေးကွက်အခြေအနေ

မန္တလေးဆန်ပွဲရုံများတွင် ရန်ကုန်ပေါ်ဆန်ဈေးနှုန်းမှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန် ရှိသော်လည်း အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်သို့ မသိမသာ ဈေးနိမ့်သွားသည်။ ရွှေဘိုပေါ်ဆန်း ဈေးနှုန်းအနေဖြင့် ရွှေဘိုဒေသ တခုတည်းမှ ဝင်ရောက်ခြင်း၊ စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.        

မနေသုခဆန်မှာ နွေစပါးစိုက်ချိန်နီးခြင်း၊ အများသုံးဆန်ဖြစ်၍ မြို့တွင်းစားသုံးမှုပုံမှန် ရှိခြင်းကြောင့် အဝေးတင်ပို့ရမှုနည်းသော်လည်း တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။

.      

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ဝင်ရောက်သော ဆန်ဖြင်ခြင်း ကြောင့် ဇီယာဆန်မှာ အဝင်ပုံမှန်၊ ပင်ရေးဈေးပုံမှန်ရှိခြင်း၊ အဝေးတင်ပို့ရမှု နည်းခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေပြီး ငစိန်ဆန်မှာ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်မှ ၇၉၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

.       

ဧရာမင်းဆန်မှာ အရည်အသွေးပေါ်မူတည်၍ ၁၄၅၀၀၀ ကျပ်မှ ၁၆၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

,

.

ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ၊ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းမြေပဲ အသစ်များဝင်ချိန်ဖြစ်ခြင်း၊ အရည်အသွေးကောင်းရှားခြင်း၊ အသစ်အဝင်နည်းခြင်းတို့ကြောင့် အညံ့ဆုံး ၁၀၀ ပိဿာ ၇၂၀၀၀၀ ကျပ်မှ အကောင်းဆုံး ၈၇၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ 

.

မြေပဲ (ဆီဆံ)မှာ အဝင်ပုံမှန်၊ ဆီစက်သမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် အရည်အသွေးအကောင်းဆုံး ၇၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.        

နှမ်းမျိုးစုံဈေးနှုန်းများအနက် နှမ်းဖြူမှာ ဆောင်းနှမ်းအဝင်နည်းသွားခြင်း၊ နွေနှမ်း စိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် ၄၅ပိဿာ အရည် အသွေးပေါ်မူတည်၍ ၃၆၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

နှမ်းညိုမှာ အဝင်ပုံမှန်၊ ဆီစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ 

.

နှမ်းနက် (စမုံ)မှာ အဝင်နည်းသွားခြင်း၊ တရုတ်ဝယ်လက် အနည်းငယ် ရှိခြင်း၊ အက်ဆစ်ပါဝင်မှု အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြင်းခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၄၅ ပိဿာ ၃၉၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနီ ၃၂၅၀၀၀ ကျပ်၊ နှမ်းဝါ (သစ်)၃၂၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ 

.

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အသစ်ဝင်ရောက်မှု ရှိသော်လည်း အဝယ်နည်းခြင်း၊ ဘယဆေးနှင့် လက်လီသမားအဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၁၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

နေကြာဈေးနှုန်းအနေဖြင့် ဆောင်းနေကြာစတင်ဝင်ရောက်စဖြစ်ခြင်း၊ လှောင် သမား ထုတ်ရောင်းမှုရှိခြင်း၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၂၇ ပိဿာ ၁၁၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

.       

.

စားသုံးဆီဈေးနှုန်းမှာ 

မြေပဲဆီ အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ 

နှမ်းဆီ ၁၂၅၀၀ ကျပ်၊ 

နေကြာဆီ ၁၃၀၀၀ ကျပ်၊ 

ပဲပုတ်ဆီ ၆၅၀၀ ကျပ်၊ 

မုန်ညှင်းဆီ ၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

စားဖိုဆောင်သီးနှဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေးစားဖိုဆောင် သီးနှံပွဲရုံများတွင် ကြက်သွန်နီမှာ ရွှေဘိုနှင့် မြစ်သားမှ ဝင်ရောက်ပြီး မြစ်သားကြက်သွန်နီမှာ အဝေးတင်ပို့ရမှုနည်းခြင်း၊ အဝင်များခြင်း၊ မြို့တွင်းလက်လီ/လက်ကား ဝယ်ယူမှုသာရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၃၀၀၀ ကျပ်မှ ၂၈၀၀၊ လတ် ၂၆၀၀ ကျပ်မှ ၂၃၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး (သေး)မှာ မြို့တွင်းသုံး ဝယ်ယူမှုများသဖြင့် တစ်ပိဿာ ၂၀၀၀ ကျပ်နှင့် ဈေးတည်ငြိမ်နေသည်။ 

.

ရွှေဘိုကြက်သွန်မှာ အဝင်ပုံမှန်မြို့တွင်းသုံးပုံမှန် ဖြစ်၍ ကြီး ၂၂၀၀ ကျပ်၊ လတ် ၂၀၀၀ ကျပ်၊ သေး ၁၈၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ 

.

ကြက်သွန်ဖြူ (ရှမ်း)မှာ ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှု မရှိပါ။ 

.

ရွှေဘို ရွှေပန်ကုံးဘက်မှ ဝင်ရောက်သော ကြက်သွန်ဖြူ၊ (မြန်မာ) မှာ အစိုဓာတ်ပါဝင်မှုနည်းပြီး အရည်အသွေးကောင်းလာသဖြင့် အရည်အသွေးအညံ့ဆုံးတစ်ပိဿာ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး အရည်အသွေးအကောင်းဆုံးမှာ တစ်ပိဿာ ၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.          

အားလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ ဝင်ရောက်မှုမရှိပဲ တရုတ်အာလူး များသာ ဝင်ရောက်ခြင်း၊ မြို့တွင်းသုံး ပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၂၃၀၀ မှ ၂၅၀၀ ကျပ် သို့  ဈေးမြင့်သွားသည်။

.

ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်း၊ ပြင်ဦးလွင်တို့မှ ဝင်ရောက်ပြီး တင်ပို့ရမှု မရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

.

ပဲမျိုးစုံ ဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံ ဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ အဝင်နည်းသွားသော်လည်း ရန်ကုန်ဝယ်လက် အဝယ်နည်းခြင်း၊ အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၆၀ ပိဿာ ၂၈၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.        

ပဲတီစိမ်း (အညာ)မှာ အဝင်နည်းသွားသော်လည်း တရုတ်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များဝယ်ယူမှုသာ များခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၃ တင်းတစ်အိတ် ၁၅၅၀၀၀ ကျပ်မှ အကောင်းဆုံး ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.        

ပဲစဉ်းငုံ (နီ)မှာ အသစ်ဝင်ရောက်ခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၃၇၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ပဲပုတ် (ရှမ်း/မြန်မာ)တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်း၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ပဲပုတ် (မြန်မာ) ၃ တင်းတစ်အိတ် ၁၈၀၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးသိသိသာသာ နိမ့်သွားပြီး ပဲပုတ် (ရှမ်း)မှာ ဆီစက်သမားပုံမှန် ဝယ်ယူမှုရှိခြင်း၊ အသစ်အဝင်နည်းသေးခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၇၅၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

.       

ကုလားပဲဈေးနှုန်းများအနေဖြင့် အသစ်ဝင်ရောက်မှုရှိသော်လည်း လုပ်ငန်းသမားနှင့် ပဲခွဲစက်များ အဝယ်နည်းခြင်း၊ လက်ကျန်လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် ကုလားပဲ၊ (လုံးဖြူကြီး) ၃ တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ် လုံးဝါးကြီး တစ်အိတ် ၂၆၀၀၀၀ ကျပ်၊ ကုလားပဲခွဲခြမ်း တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.      

ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ (ကျွန်း) တို့မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမား လက်လီသမား အဝယ်သာရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၈၀၀၀၀ကျပ်မှ ၁၆၅၀၀၀ ကျပ်၊ မြေတောက်ပဲ ၅၄ ပိဿာ ၃၈၀၀၀၀ ကျပ်မှ ၃၇၀၀၀၀ ကျပ်၊ စားတော်ပဲ (ကျွန်း) ၃တင်းတစ်အိတ် ၃၅၀၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးအသီးသီး နိမ့်သွားသည်။

.       

ပဲလွန်းဖြူ/ပြာတို့မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ လက်လီသမားသာ အဝယ်သာ ရှိခြင်းကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲလွန်းပြာမှာ အသစ်ဝင်ရောက်ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၂၀၀၀၀ ကျပ်မှ ၁၉၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.       

ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့အနက် ပဲကြီး (ကြီး) မှာ အသစ်မဝင်သေး သဖြင့် အရောင်းအဝယ်အေးနေပြီး ပဲကြီး (သေး)မှာ အသစ်ဝင်ရောက်မှုရှိသော်လည်း လက်လီနှင့် လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.       

ထောပတ်ပဲ (ကြီး/သေး)တို့မှာ အသစ်ဝင်ရောက်မှုများခြင်း၊ လက်လီနှင့်လုပ်ငန်း သမား အဝယ်နည်းခြင်းကြောင့် ထောပတ်ပဲ၊ (ကြီး) ၃တင်း တစ်အိတ် ၄၈၀၀၀၀ ကျပ်မှ ၄၂၀၀၀၀ ကျပ်သို့ လည်းကောင်း၊ ထောပတ်ပဲ (သေး) ၄၅၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်သို့ ဈေးသိသိသာသာ နိမ့်သွားသည်။

.

.

ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် မြင်းမူ၊ မြောင်၊ ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင် ရွှေဘိုတို့မှ ဂျုံသစ်များ စတင်ဝင်ရောက်မှု ရှိသော်လည်း အဝင်နည်းသေးခြင်း ဂျုံစက်များ အဝယ်ပုံရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၁၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

ကလေးဂျုံသစ်တစ်အိတ် ၁၈၀၀၀၀ ကျပ် ရှမ်းဂျုံ(သစ်)တစ်အိတ် ၁၇၅၀၀၀ ကျပ်မှ ၁၇၂၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားပြီး ကြူကုတ်ဂျုံတစ်အိတ် ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

ဩစတြေးလျ ဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ ကျပ်ဖြင့် လုပ်ငန်းသမား မုန့်သမား ဝယ်ယူမှုရှိသည်။

.         

အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် ဆောင်းပြောင်းအသစ်ဝင်ရောက်မှုရှိခြင်းကြောင့် လှောင်သမား လက်ကျန်ထုတ်ရောင်းမှုရှိခြင်း၊ အစာစပ်သမား ဝယ်ယူမှုသာရှိခြင်းကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၅၆၀၀၀ကျပ်မှ ယခုအပတ် ၅၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

.

သစ်သီးဝလံဈေးကွက်အခြေအနေ

မန္တလေးတိုင်းတန်းဈေး' သစ်သီးပွဲရုံများတွင် မုံရွာ၊ ချောင်းဦးမှ ဖရဲသီးများ အဝင်နည်းခြင်း ကြောင့် တစ်လုံး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။ 

.

သခွားမွှေး မရှိသလောက် ရှားပြီး ရွှေသခွားများ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်လုံး ၃၀၀ ကျပ်မှ ၈၀၀ ကျပ်ထိ ဈေးနှုန်းအမျိုးမျိုးဖြင့် မြို့တွင်း လက်လီတစ်လုံး ၃၀၀ ကျပ် မှ ၈၀၀ ကျပ်ထိ မြို့တွင်း လက်လီဆိုင်များ ဝယ်ယူမှုသာရှိသည်။ 

.

မိတ္ထီလာ၊ ရမည်းသင်းတို့မှ စပျစ်သီးညိုများ အဝင်များသော်လည်း အရည်အသွေး ကောင်းသောကြောင့် တစ်ပိဿာ ၅၀၀၀ ကျပ်ဈေး ရှိသည်။    ထောပတ်သီးများလည်း အဝင်များကာ အရည်အသွေးပေါ်မူတည်၍ ၁၂၀ လုံးပါ ပိုက်အိတ် တစ်အိတ် ၂၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ဖြင့် သစ်သီးဖျော်ရည်ဆိုင်များ လက်လီအရောင်းဆိုင်များ ဝယ်ယူမှုရှိသည်။ 

.

ရွာငံသီပေါ လိမ္မော်သီးများ ရာသီကုန်ဖြစ်၍ ရွှေလိမ္မော်များ ဝင်ရောက်ကာ ၁၂ ပိဿာ တစ်ခြင်း ၈၀၀၀၀ ကျပ်ဈေးရှိပြိး လားရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနားသို့ တင်ပို့ရမှု နည်းပြီး မန္တလေးဝန်းကျင်မြို့များမှ ဝယ်ယူမှုအနည်းငယ်သာ ရှိကြောင်း သိရသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 21 February 2024 18:51
Rate this item
(0 votes)