Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီကြမ်းတစ်တန် ရင်းဂစ် ၉,၃၀၀ အထိရောက်နိုင်ဟု မလေးရှားဝန်ကြီးပြောကြား

စားအုန်းဆီကြမ်းတစ်တန် ရင်းဂစ် ၉,၃၀၀ အထိရောက်နိုင်ဟု မလေးရှားဝန်ကြီးပြောကြား


စားအုန်းဆီကြမ်း crude palm oil (CPO) ဈေးနှုန်း ဆက်လက်မြင့်တက်နေဦးဖြစ်ပြီး ယခုနှစ် တတိယ၃ လပတ်အထိ ဆက်လက်မြင့်တက်မည်ဖြစ်ရာ တစ်တန်လျှင် ရင်းဂစ် ၉,၃၀၀ သို့ ရောက်ရှိနိုင်သည်ဟု စိုက်ခင်းလုပ်ငန်းများနှင့် ကုန်စည်များ ဝန်ကြီးဌာန ဝန်ကြီး Datuk Zuraida Kamaruddin က ခန့်မှန်းပြောကြားသည်။
စားအုန်းဆီကြိုပွိုင့် ရောင်းဝယ်သည့် ကုန်စည်ဒိုင်ဖြစ်သောBursa Malaysia Derivatives တွင် CPO ကြိုပွိုင့်ရောင်းဝယ်နေကြသည့် ဈေးနှုန်းများ ဖြစ်ပေါ်နေသည့် အခြေအနေများအရ ယခုလို ခန့်မှန်းခြင်း ဖြစ်သည်။
“ယခုအခါ စားအုန်းဆီကြမ်း ဈေးတက်နေတာက ယခုနှစ် တတိယ၃ လပတ်အထိ ဆက်တက်သွားလိမ့်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။
"အမြန်ဆုံး‌ေဈးတက်ရင် တစ်တန် ရင်းဂစ် ၉.၃၀၀ ကို တတိယ၃လပတ်မှာ ရောက်လိမ့်မယ်။ မဟုတ်ခဲ့ရင်တော့ နှစ်ကုန်တဲ့အထိ ဈေးဆက်တက်နေမယ်" ဟု Zuraida က သတင်းထောက်များကိုတနင်္ဂနွေနေ့ (မတ်လ ၁၃ )တွင် ပြောကြားသည်။
CPO ဈေးနှုန်း ယခင်လဆန်းပိုင်းက တစ်တန်လျှင် ရင်းဂစ် ၈,၀၀၀ အထိ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေး (မတ်လ ၁၀) တွင် ရင်းဂစ် ၇,၅၄၆ ဖြစ်ခဲ့သည့်အတွက် တက်ရိပ်ဆက်ရှိနိုင် မရှိနိုင် သုံးသပ်ချက် ပြောပြပါရန် မေးမြန်းသည်ကို Zuraida က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အကယ်စင်စစ် ဈေးတက်ခြင်းသည် စိုက်ပျိုးရေးသမားများနှင့် အစိုးရတို့ အကျိုးရှိကြောင်း၊ သို့သော် စားအုန်းဆီကြမ်းဖြင့် ထုတ်လုပ်သည့် ကုန်စည်များ၏ ကုန်ဈေးနှုန်းများ မြင့်တက်စေသည်ဟု Zuraida က ပြောကြားသည်။
"သို့ပေသည့် ကျွန်မတို့က အထောက်အပံ့ကြေးတွေ ပံ့ပိုးပေးနေပါတယ်။ ကျွန်မတို့ စားအုန်းဆီကြမ်း ဝင်ငွေရဲ့ ၂၀% ကို သာမန်လူတွေကို ထောက်ပံ့ပေးနေတော့ ဒီဟာက ကိစ္စမရှိပါဘူး" ဟု ဝန်ကြီးက ပြောကြားသည်။
ဆီအုန်းစိုက်ခင်းများအတွက် ပြည်ပလုပ်သား ၃၂,၀၀၀ ဦး ခေါ်ယူမည်ဟု ကြေညာထားခြင်းအတွက် ပထမအသုတ်သည် အစောဆုံးအနေဖြင့် ဧပြီလကုန်တွင် ရောက်ရှိလာကြမည်ဟု Zuraida က ပြောကြားသည်။
"သူတို့ကို ခေါ်သွင်းဖို့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ ပထမအသုတ်က အစောဆုံး ဧပြီလကုန် မေလဆန်းမှာ ရောက်လာကြပါလိမ့်မယ်" ဟု ဝန်ကြီးက ပြောကြားသည်။

Read times
Rate this item
(0 votes)