Fruits & Vegetables



၂၀၂၇ ခုနှစ်တွင် ကော်ဖီရောင်းအား (၃.၂) ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်း

အာရှတွင်း နိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ကော်ဖီသောက်သုံးမှု မြင့်တက်နေသကဲ့သို့ ယင်းနိုင်ငံထွက် ကော်ဖီများကို ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်ကြသဖြင့် ကော်ဖီထုတ်လုပ်မှုသည်လည်း တွင်ကျယ်လျက် ရှိပြီး တင်ပို့ရောင်းချမှု  မြင့်တက်လျက် ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ၏ ကော်ဖီရောင်းအားမှာ မြင့်တက်နေသကဲ့သို့ လာမည့် ငါးနှစ်အတွင်း၌လည်း ယခုထက်ပို၍ ဆက်လက် မြင့်တက်နေဦးမည်ဟု Global Data က ခန့်မှန်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ လာမည့် ၂၀၂၇ ခုနှစ်ထိ (၅) နှစ်အတွင်းတွင် စင်ကာပူနိုင်ငံ၏ ကော်ဖီ ဈေးကွက် ရောင်းချမှုသည် (၃.၂) ရာခိုင်နှုန်းထိ တိုးတက်လာရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

 

Advertisement

Click Here - King Metal

 

စင်ကာပူနိုင်ငံတွင် ကိုပီ (Kopi) ၊ အနောက်တိုင်းစတိုင် လတ်တေး (Lattes) တို့အပြင် Flat Whites  နှင့် Cold Brew  ကဲ့သို့သော ကော်ဖီများကိုလည်း ယခုနှစ်များအတွင်း ပိုမို လူကြိုက်များလာကြကြောင်း သိရသည်။

 

ယမန်နှစ် ၂၀၂၂ ခုနှစ်၌ စင်ကာပူနိုင်ငံတွင် တစ်ဦးချင်း ကော်ဖီသောက်သုံးမှုမှာ (၁၂၂.၇) လီတာဖြစ်ပြီး ကော်ဖီသည် စင်ကာပူနိုင်ငံသားများအတွက် အဓိက အရေးပါသည့် နေ့စဉ် လိုအပ်ချက်တစ်ခု ဖြစ်လာသည်။ 

 

ထို့ကြောင့် စင်ကာပူနိုင်ငံတွင် ပြည်တွင်း ကော်ဖီသောက်သုံးမှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသကဲ့သို့ ပြည်တွင်း၌သာမက အာရှတွင်း နိုင်ငံများရှိ ပြည်ပဈေးကွက်ကိုလည်း ချဲ့ထွင်လာနိုင်လျက် ရှိသည်။

Read times Last modified on Monday, 29 May 2023 15:08
Rate this item
(0 votes)