Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဒူးရင်းသီး ဘတ်၄၅သန်းဖိုး လာအိုမှတစ်ဆင့် တရုတ်သို့ ရထားဖြင့်တင်ပို့

ထိုင်းဒူးရင်းသီး ဘတ်၄၅သန်းဖိုး လာအိုမှတစ်ဆင့် တရုတ်သို့ ရထားဖြင့်တင်ပို့

လတ်လတ်ဆတ်ဆတ် ဒူရင်းသီး ဘတ် ၇၅ သန်းဖိုးကို တရုတ်သို့ ရထားဖြင့် လာအိုမှတစ်ဆင့် တင်ပို့ထားသည်ဟု State Railway of Thailand (SRT) က ပြောကြားသည်။
ယခုတစ်ကြိမ်သည် ဒုတိယအသုတ် ပေးပို့ခြင်း ဖြစ်သည်။ ယခင်ပထမအကြိမ် ပေးပို့စဉ်က ဧပြီလ ၂၄ ရက်တွင် ကိုဗစ်ဘေးကင်းစေရေး စစ်ဆေးမှု ပြုရာ၌ ဒူရင်းသီး ထုပ်ပိုးပစ္စည်းပေါ်တွင် ကိုဗစ်ပိုး တွေ့သဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရသည်။ ထိုင်းနိုင်ငံမှ ကုန်စည်တင်ပို့မှုများ ၃ ရက် ပိတ်ပင်ခံရသည်။
စီးပွားကူးသန်းဝန်ကြီးဌာနက တင်ပို့သည့် လုပ်ထုံးလုပ်နည်းကို စေ့စေ့စပ်စပ် ကြီးကြပ်ဆောင်ရွက်ရန်နှင့် အန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ ပြည့်မီသည်မှာ သေချာစေရန် နှိုးဆော်ထားသည်။
ရထားဖြင့် ပို့ဆောင်ခြင်းသည် ထရပ်ကားထက် စရိတ်စက သက်သာသည်။ ခရီးစဉ်တစ်ခေါက်လျှင် တန်ချိန် ရာချီပြီး တင်ပို့နိုင်သည်။ လော့ဂျစ္စတစ် ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းသည်။
စုစုပေါင်း တန်ဖိုး ဘတ်၇၅သန်းဖိုး ရှိသည့် ဒူရင်းသီး ၄၂၅ တန် တင်ဆောင်ထားသော ရထားသည် ထိုင်းမှ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ သွားမည်။ ဗီယင်ကျန်းတွင် ဒူရင်းသီးများကို တရုတ်ပြည်သို့ ပို့ဆောင်ပေးမည့် ရထားပေါ်သို့ ပြောင်းတင်ပေးမည်။ ရထားတွဲ စုစုပေါင်း ၂၅ တွဲ ရှိပြီး တွဲအားလုံး အအေးဓာတ် ပေးထားသည်။

Read 787 times
Rate this item
(0 votes)