Fruits & Vegetables



မန္တလေး သစ်သီးဝလံဈေးကွက် ဈေးနှုန်းများအခြေအနေ

မန္တလေး သစ်သီးဝလံဈေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 5 5 2023

ငရုတ်စို(ရှည်) မှာ မုံရွာမှ မဝင်သေးဘဲ ရွှေဘို ဘက်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၂၂၀၀ ကျပ် ၊ မုံရွာ ၊ ချောင်းဦးမှ (လတ်) တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် မြို့တွင်း ငပိထောင်း ၊ လက်ဖက်လုပ်ငန်းသမားများ ပုံမှန် ဝယ်ယူနေသည်။

ပြင်ဦးလွင်မှ ဂေါ်ဖီထုပ် ၊ ပန်းမုံလာများ အဝင်နည်းခြင်းကြောင့် ဂေါ်ဖီတစ်ထုပ် ၁၂၀၀ကျပ် ၊ ပန်းမုံလာတစ်ပွင့် ၆၀၀ ကျပ် ၊ မုံလာဥနီ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိပြီး မုံရွာဘက်မှ ဘိုစားပဲသီးများ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

သစ်သီးဝလံများအနေဖြင့်
သခွားမွှေးသီးများ လေးလုံး တစ်ဖာလျှင် ၈၀၀၀ ကျပ် ဈေးရှိသည်။

ဖရဲသခွားတစ်လုံး ၁၀၀၀ကျပ် ဈေးရှိသည်။

မြစ်သား ၊ တံတားဦးတို့မှ သဘောႅသီး ဝင်ရောက်ပြီး တစ်လုံး ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်နေသည်။

ရမည်းသင်းဘက်မှ စပျစ်သီး တစ်ပိဿာ ၆၀၀၀ ကျပ် မှ ၆၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်း ၁၈၀၀၀ ကျပ် ဈေးရှိသည်။

စိန်တစ်လုံး သရက်သီးများ လှိုင်လှိုင်ဝင်ရောက်သောကြောင့် ၁၀ လုံး ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 06 May 2023 07:00
Rate this item
(0 votes)