Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ခင်းပိုင်ဆိုင်မှုများ စိစစ်

အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ခင်းပိုင်ဆိုင်မှုများ စိစစ်

 

အင်ဒိုနီးရှား၏ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေးဌာနသည် စီးပွားရေးအုပ်စုတစ်ခု၏ ဆီအုန်းစိုက်ခင်းဧရိယာ မည်မျှအထိ လုပ်ကိုင်ခွင့့်ရှိသည်ဆိုသည့် သတ်မှတ်ချက်နှင့်အညီ ဖြစ်မဖြစ် စိစစ်နေပါတယ်။

 ဆီအုန်းစိုက်ခင်း ပိုင်ဆိုင်သည့်ဧရိယာ များပြားသည်ကို အကြောင်းပြုပြီး ဟင်းချက်ဆီလုပ်ငန်းက‌ဏ္ဍတွင် မမျှတသော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နိုင်သည့်အရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တားဆီးရန်အတွက် စိစစ်နေတာ ဖြစ်ပါတယ်။

KPPU ဟု အတိုကောက်အားဖြင့် လူသိများတဲ့ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေးဌာနက လုပ်ငန်းတူ အချင်းချင်း အုပ်စုဖွဲ့ပြီး ဈေးကစားတဲ့ လုပ်ကိုင်မှုများကို စုံစမ်းစစ်ဆေးနေပါတယ်။ 

 

KPPU ရဲ့ ကနဦး ဆန်းစစ်ချက်မှာ လုပ်ငန်းအုပ်စု ၅ ခုက အင်ဒိုနီးရှားမှာ တည်ရှိတဲ့ ဆီအုန်းစိုက်ခင်း ဧရိယာ အ‌မြောက်အများကို ထိန်းချုပ်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။ KPPU မှ ညွှန်မှူး Marcellina Nuring က အွန်လိုင်းမှာ ရှင်းလင်း ပြောကြားခဲ့ရာမှာ ခွင့်ပြုထားတဲ့ ဧရိယာထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြတယ်လို့ ပြောကြားပါတယ်။

လုပ်ငန်းစုများရဲ့ အမည်များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။ 

အင်ဒိုနီးရှားမှာ ဆီအုန်းစိုက်ခင်း ဧရိယာ ဟက်တာ ၁၆ သန်း ရှိပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့ စိုက်ခင်းများ၊ ပုဂ္ဂလိက လုပ်ငန်းပိုင် စိုက်ခင်းများအပြင် အစိုးရကုမ္ပဏီပိုင် စိုက်ခင်းများလည်း ပါဝင်ပါတယ်။ 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် စိုက်ခင်းအသစ်များ တိုးချဲ့စိုက်ပျိုးခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။

 

လုပ်ငန်းစုတစ်ခုကို အများဆုံး ၁၀၀,၀၀၀ ဟက်တာအထိသာ စိုက်ပျိုးခွင့် ရှိပါတယ်။

 

ကုမ္ပဏီများအနေဖြင့် ဆီအုန်းစိုက်ခင်းများကို တိုက်ရိုက်ပိုင်ဆိုင်မှုအပြင် အခြားနာမည်ခံကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ထားခြင်းဖြင့် စိုက်ခင်းများကို သွယ်ဝိုက်သောနည်းလမ်းဖြင့် ပိုင်ဆိုင်ထားကြပါတယ်လို့ ၎င်းက ပြောကြားပါတယ်။

 

#MyanmarFoodGuide

Source: Reuters

Read times
Rate this item
(0 votes)