Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီ ပို့ကုန်ပါမစ် မကြန့်ကြာအောင် အရှိန်တင်ဆောင်ရွက်မည်ဟု ပြောကြား

အင်ဒိုနီးရှား  စားအုန်းဆီ ပို့ကုန်ပါမစ် မကြန့်ကြာအောင် အရှိန်တင်ဆောင်ရွက်မည်ဟု ပြောကြား

 

  • အင်ဒိုနီးရှားသည် မေလ ၂၃ ရက်နေ့တွင် စားအုန်းဆီ ပို့ကုန်များ ပြန်လည်ခွင့်ပြု

  • ပြည်တွင်းမှာ တန်ချိန် ၃၀၀,၀၀ ရောင်းချပေးရန် အစိုးရက ညွှန်ကြား

  • တင်ပို့မှု မြန်ဆန်အောင် ကြိုးပမ်းအားထုတ်မည်

  • အစိုးရက စားအုန်းဆီ ပို့ကုန်ခွန် ချိန်ညှိပေးမည်

 

အင်ဒိုနီးရှားသည် စားအုန်းဆီ ပြည်ပတင်ပို့မှု ပြန်လည်စတင်ချိန်မှစ၍ တန်ချိန် ၃ဝ၂,၀၀၀ ခန့် တင်ပို့ခွင့်ပြုထားသည်ဟု ဝါရင့်ဝန်ကြီးLuhut Pandjaitan က တနင်္ဂနွေနေ့ (ဇွန် ၅) က ပြောကြားသည်။ ပါမစ် လုပ်ငန်းစဉ်ကို အာဏာပိုင်တို့က အရှိန်တင် လုပ်ဆောင်မည်ဟု ဆီအုန်းစိုက်ပျိုးသည့်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ဝန်ကြီးက အာမခံသည်။

 

ကမ္ဘာ့စားအုန်းဆီအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သော အင်ဒိုနီးရှားက ဧပြီ ၂၈ ရက်တွင် စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ခြင်းဖြင့် ပြည်တွင်း ဟင်းချက်စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းစေဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

 

မေလ ၂၃ ရက်တွင် အစိုးရက စားအုန်းဆီ တင်ပို့မှု ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် ပြည်တွင်း ဖူလုံမှု ရှိသည်မှာ သေချာအောင် အရံအတားပြုပေးသည့် မူဝါဒများ ကျင့်သုံးသည်။ ပြည်တွင်း ဈေူကွက်တာဝန်  Domestic Market Obligation (DMO) ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့် အချိုးအစားကို ပြည်တွင်းဈေးကွက်မှာ မဖြစ်မနေ ရောင်းပေးဖို့ လိုအပ်သည်။

 

မူဝါဒ အပြောင်းအလဲကြောင့် ဌာနဆိုင်ရာ စာရွက်စာတမ်း ကိုင်တွယ်မှုများ နှေးကုန်ပြီး ပို့ကုန်ပါမစ်ကျဖို့ ကြန့်ကြာနေသည်ဟု စားအုန်းဆီ လုပ်ငန်းစုများနှင့် ကုန်သည်များက ပြောကြားကြသည်။ အင်ဒိုနီးရှား စားအုန်းဆီ မရသဖြင့် ကမ္ဘာ့ဈေးကွက်မှာ စားအုန်းဆီ ဈေးတက်သည်။ မလေးရှား ထုတ်လုပ်မှုက အင်ဒိုနီးရှား စားအုန်းဆီကို အပြည့်အဝအစားထိုး ထုတ်လုပ်ရောင်းချ ပေးနိုင်ခြင်း မရှိချေ။

 

အင်ဒိုနီးရှား စားအုန်းဆီ အသင်း Indonesia Palm Oil Association မှ တာဝန်ခံက သောကြာနေ့တွင် ပြောကြားခဲ့ရာ၌ ပြည်ပမတင်ပို့သဖြင့် စားအုန်းဆီ ဆီစက်များက လယ်သမားများထံမှ ဆီအုန်းများ ဝယ်ယူခြင်း ရပ်ထားသည်။

ရောင်းဈေး ၇၅% ထိုးကျသွားသည်။ ပိတ်ပင်မှု မတိုင်ခင်က ဈေးသို့ ပြန်မရောက်လာတော့ချေ။

 

 "လယ်သမားအဆင့်မှာ စားအုန်းဆီဈေးက အရမ်းနည်းနေသေးတယ်လို့ ဆိုရင် အရှိန်မြှင့်ဆောင်ရွက်သွားမှာပါ"ဟု Luhut က ပြောကြားသည်။ အစိုးရက ပို့ကုန် ခွဲတမ်း တန်ချိန် ၁ သန်းကို ဖယ်ထားကြောင်းကုိ သူက ထပ်လောင်း ပြောကြားသည်။

 

အင်ဒိုနီးရှားသည် ပုံမှန်အားဖြင့် တစ်လလျှင် စားအုန်းဆီ တန်ချိန် ၂.၅ သန်းခန့် တင်ပို့သည်။

 

Luhut က အစိုးရသည် စားအုန်းဆီကုမ္ပဏီများကို DMO ပြဋ္ဌာန်းချက်အရ တစ်လလျှင် ဟင်းချက်ဆီတန်ချိန် ၃၀၀,၀၀  ရောင်းချစေမည်ဟု Luhut က ပြောကြားသည်။

 

အင်ဒိုနီးရှား စီးပွားရေး ဝန်ကြီးဌာန အရာရှိ Musdhalifah Machmud က အစိုးရက ပို့ကုန်ခွန် စည်းကြပ်မှုနှင့် ပတ်သက်သော  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားပြီး အပြောင်းအလဲများ မကြာခင် ထုတ်ပြန်တော့မှာ ဖြစ်ကြောင်း ပြောကြားသည်။  နောက်ထပ်အသေးစိတ်အချက်အလက်များကို သူမက ပြောကြားရန် ငြင်းဆိုခဲ့သည်။

 

အင်ဒိုနီးရှားသည် လက်ရှိတွင် စားအုန်းဆီကြမ်းတင်ပို့မှုအတွက် တစ်တန်လျှင် အမြင့်ဆုံး အခွန် $375 စည်းကြပ်ထားပြီး ယခင်က အမြင့်ဆုံး ပို့ကုန်ခွန် တစ်တန်လျှင် $200 ထက် မကျော်စေရဟု သတ်မှတ်ပြဋ္ဌာန်းထားသည်ထက် ကျော်လွန်နေသည်။ ပြည်တွင်းရောင်းချမှုကို အားပေးရန် ပြည်ပတင်ပို့အတွက် အများဆုံးအခွန် သတ်မှတ်ချက်ကို တိုးမြှင့်ကောက်ခံခြင်း ဖြစ်သည်။

Read times
Rate this item
(0 votes)