Fruits & Vegetables



မလေးရှား ဒူရင်းသီးလေလံ မတန်တဆ ဈေးကောင်းရ

မလေးရှား ဒူရင်းသီးလေလံ မတန်တဆ ဈေးကောင်းရ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားနိုင်ငံ ပါဟန်တွင် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် ဒူရင်းသီးလေလံတွင် ဒူရင်းသီး နှစ်လုံးကို မတန်တဆ ဈေးပေးပြီး လေလံဆွဲခဲ့ကြသည်။

ကျောင်းအဆောက်အဦ ပြုပြင်ရန်အတွက် ရန်ပုံငွေ ရှာသည့် လေလံပွဲဖြစ်ပြီး ဈေးအများဆုံး ရရှိသည့် ဒူရင်းသီးသည် ရင်းဂစ် ၁၈၅,၀၀၀  (ကျပ် သိန်းပေါင်း ၁၃၆,၉) ရရှိသည်။

 

လေလံစတင်ချိန်တွင် ကြမ်းခင်းဈေး ရင်းဂစ် ၂,၀၀၀ ဖြင့် စတင်ခဲ့သည်။ သူ့ထက်ငါ ဈေးပိုပေးပြီး လေလံဆွဲခဲ့ကြရာ Huang Qi Wen အမည်ရှိ အမျိုးသားတဦးက လေလံအောင်ခဲ့သည်။

၎င်းဒူရင်းသီးမှာ မလေးရှားတွင် ဒူရင်းသီး ဘုရင်ဟု သတ်မှတ်ထားသည့် Musang King မျိုးစိတ် ဖြစ်ပါသည်။ 

 

အဆိုပါ လေလံပွဲ ဒုတိယအများဆုံး မတန်တဆ ဈေးကောင်းရသည့် ဒူရင်းသီးမှာလည်း ထိပ်တန်းမျိစိတ်ဖြစ်သည့် ဆူးနက် Black Thorn မျိုးစိတ်ဖြစ်ပြီး ရင်းဂစ် ၁၅,၀၀၀ ဖြင့် လေလံအောင်ပါသည်။

 

အဆိုပါ ဒူရင်းသီးလေလံပွဲတွင် စုစုပေါင်း ၄၀၄,၄၄၄ ရင်းဂစ် ရရှိခဲ့ပါသည်။

မတန်တဆ ဈေးကောင်းရခဲ့ဖူးသည့် နေညက်ထပ် ဒူရင်းသီး ရှိပါသေးသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့သည့် လေလံပွဲတစ်ခု၌ ဒူးရင်းသီးတစ်လုံးကို ဘတ်ငွေ ၁ သန်းခဲွဖြင့် လေလံအောင်ခဲ့ပါသည်။ 

၎င်းဒူရင်းသီးမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဒူရင်းသီးမျိုးစိတ် kanyao ဖြစ်ပါသည်။

Source asiaone

 

 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 19 December 2023 11:53
Rate this item
(0 votes)