Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၆.၂.၂၀၂၄ တွင် ကောက်ယူသော ဈေးနှုန်းများဖြစ်ပါသည်။

         

 

ဆန်ဈေးနှုန်းများ အခြေအနေ

 

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ အဝင် နည်းသွားခြင်း၊ မန္တလေးဝန်းကျင်အမှာရှိသောမြို့များ တင်ပို့ရမှုရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှု ပုံမှန် ရှိခြင်းကြောင့် တစ်အိတ် ၁၄၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

        .

မနောသုခဆန်မှာ အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၂၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

.

ငစိန်ဆန်နှင့်ဇီယာဆန်မှာ တောင်သူထံ လက်ကျန်နည်းသွားသဖြင့် ပင်ရင်းဈေးမြင့်ခြင်း ကြောင့် ဇီယာဆန်မှာ တစ်အိတ် ၉၀၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ငစိန်ဆန်မှာ လုပ်ငန်းသမား၊ အဝယ်နည်းခြင်းကြောင့် ပင်ရင်းဈေး မသိမသာမြင့်သော်လည်း တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ဧရာမင်းဆန်မှာ အသစ်နှင့်အဟောင်း နှစ်မျိုးလုံးတွေ့ရပြီး အသစ်တစ်အိတ် ၁၄၈၀၀၀ ကျပ် အဟောင်း ၁၆၂၀၀၀ ကျပ် ဖြင့် မြို့တွင်းသုံးနှင့် မန္တလေးဝန်းကျင်မြို့များမှ အမှာတင်ပို့မှုများရှိသည်။

.

.

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

.

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းမြေပဲ (လုံးဆံ) သစ်များ ဝင်ရောက်ပြီး အရည်အသွေးကောင်း ခြင်းကြောင့် ၁၀၀ ပိဿာ အနိမ့်ဆုံး ၇၂၀၀၀၀ ကျပ် မှ အကောင်းဆုံး ၈၇၀၀၀၀ ကျပ် ထိ ဈေးအမျိုး မျိုးနှင့် လုပ်ငန်းသမား ဝယ်ယူမှုရှိသည်။ မြေပဲ (ဆီဆံ) မှာ အသစ်မဝင်သေးခြင်း၊ အဝင်ပုံမှန်၊ ဆီစက် သမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၅၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

.        

နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ ဆောင်းနှမ်းအဝင်ပုံမှန်ရှိခြင်း၊ လုပ်ငန်းသမား တရုတ်အဝယ် နည်းခြင်းကြောင့် အရည်အသွေးပေါ် မူတည်၍ အညံ့ဆုံး ၄၅ ပိဿာ ၃၆၀၀၀၀ ကျပ်မှ အကောင်း ဆုံး ၄၀၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။ 

.

နှမ်းညိုမှာ အသစ်အဝင်နည်းခြင်း၊ ဆီစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

,

နှမ်းနက် (စမုံ)မှာ အသစ်အဝင်နည်းသော်လည်း အရောင်းအဝယ်အေးခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၄၅ ပိဿာ ၄၃၀၀၀၀ ကျပ်မှ ၄၀၅၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။ 

,

နှမ်းနီနှင့် နှမ်းဝါ မှာ စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်းကြောင့် နှမ်းဝါ ၄၅ ပိဿာ ၃၃၀၀၀၀ကျပ်နှင့်   နှမ်းနီ ၃၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

,     

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အဝင်နည်းခြင်း ပစ္စည်းရှားခြင်း  လက်လီနှင့် ဘယဆေးသမား အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် ၄၅ ပိဿာ ၂၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

,    

နေကြာဈေးနှုန်းအနေဖြင့် ဆောင်းနေကြာဝင်ချိန်နီးခြင်း၊ ဆီစက်သမား အဝယ်နည်းခြင်း တို့ကြောင့် ၂၇ ပိဿာ ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

.

စားဖိုဆောင် သီးနှံဈေးကွက်အခြေအနေ

    

မန္တလေးကိုင်းတန်းဈေးကွက်တွင် ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် မြစ်သားနှင့် မုံရွာ၊ မြင်းခြံ၊ ရွှေဘို ဒေသစုံမှဝင်ရောက်မှုရှိပြီး၊ မြစ်သားကြက်သွန်(ကြီး) တစ်ပိဿာ ၂၅၀၀ ကျပ်၊ လတ် တစ်ပိဿာ ၂၂၀၀ ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ ကျပ် ဈေးဖြစ်ပြီး၊ ကျန်နယ်စုံ ကြက်သွန်များမှာ ကြီး တစ်ပိဿာ ၂၀၀၀ ကျပ်မှ သေးတစ်ပိဿာ ၈၀၀ ကျပ်ထိရှိပြီး လားရှိုး၊ မြစ်ကြီးနား၊ ဖားကန့်နှင့် မန္တလေးဝန်း ကျင်အမှာရှိသောမြို့များသို့ တင်ပို့မှု ရှိသည်။

    .

ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၉၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ရှမ်းကြက်သွန်ဖြူမှာ အရည်အသွေးပေါ်မူတည်၍ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ ရွှေဘို၊ ရွှေပန်းကုံးဘက်မှ မြန်မာကြက်သွန်ဖြူများလည်း စတင်ဝင်ရောက်မှုရှိပြီး အစိုဓာတ်ပါဝင်မှုရှိသော်လည်း ပေါ်စအချိန်ဖြစ်၍  အရည်အသွေး ပေါ် မူတည်၍ ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။

.    

အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးနှင့် တရုတ်အာလူးနှစ်မျိုးလုံးတွေ့ရပြီး တရုတ် အာလူးမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အောင်ပန်းအာလူးမှာ စတင်ဝင်ရောက်စဖြစ်၍ တစ်ပိဿာ ၄၀၀၀ ကျပ်ထိဈေးမြင့်နေသည်။

ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်း၊ ပြင်ဦးလွင်တို့မှ ဝင်ရောက်ပြီး ဘင်္ဂလားတင်ပို့မှု မရှိ၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့်  အခက်ကြီးတစ်ပိဿာ ၄၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်သို့ ဈေးမသိမသာနိမ့် သွားသည်။

 .

.

ပဲမျိုးစုံဈေးကွက်အခြေအနေ

.         

 မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်း အနေဖြင့်အဝင် နည်း၊ ပစ္စည်းကောင်းရှားခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် အရည် အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ မြင်းမူစ ၃၂၇၀၀၀ ကျပ်ထိ ဈေးမြင့် နေသည်။

.        

ပဲတီစိမ်း (အညာ)မှာ အဝင်ပုံမှန် ပဲခွဲစက်နှင့် တရုတ်ဝယ်လက်ပုံမှန်ဖြစ်၍ အရည်အသွေး အလိုက် ၃တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်ထိ ပုံမှန်ရောင်းဝယ်မှုရှိသည်။ ပဲစဉ်းငုံ (ဖြူ၊ နီ) တို့အနက် အသစ်ဝင်နည်းသေးခြင်း ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ပဲစဉ်းငုံ (နီ) မှာ ယခင် အပတ် ၃တင်းတစ်အိတ် အရည်အသွေးကောင်းဆုံး ၃၆၇၀၀၀ ကျပ်မှ ယခုအပတ် ၄၀၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားပြီး ပဲစဉ်းငုံ (ဖြူ) မှာ ပစ္စည်းရှားအရောင်းအဝယ် ဖြစ်မှုမရှိသဖြင့်  ဈေးနှုန်းဖော်ပြနိုင်ခြင်း မရှိပါ။

.      

ပဲပုတ် (ရှမ်း၊ မြန်မာ) အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်သေးခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ် ပဲပုတ်(ရှမ်း) ၁၇၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

.       

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ (ကုဖြူကြီး) မှာ အသစ်ဝင်ရောက်စပြုသော် လည်း အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ (လုံးဝါးကြီး)မှာ အသစ်မဝင်သေးခြင်း ပစ္စည်းရှား ခြင်းကြောင့် အရောင်းအဝယ်အေးပြီး ၃တင်းတစ်အိတ် ၂၈၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါကြီးဈေးငြိမ်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိသာ ၆၉၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိနေသည်။

.      

 ပဲယင်း၊ မြေတောက်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့မှာ အသစ်ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား၊ လက်လီသမားအဝယ်ပုံမှန်ရှိခြင်း စိုက်ဧကနည်း အထွက် နည်း အဝင်နည်းခြင်းကြောင့် ပဲယင်း၃တင်းတစ်အိတ် ၁၉၀၀၀၀ ကျပ်၊ မြေတောက်ပဲ ၃တင်း တစ်အိတ် ၃၈၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၂၂၀၀၀၀ ကျပ် ပဲလွန်းပြာ ၂၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

.      

စားတော်ပဲ (ကျွန်း) မှာ စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်း ရှိသော်လည်း စားတော်ပဲ (ကနေဒါ) မှာဈေးနိမ့်ခြင်း၊ လက်လီသမား အဝယ်နည်းခြင်းကြောင့် ၃တင်းတစ် အိတ် ၃၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲကြီး (ကြီး၊သေး) ထောပတ်ပဲ (ကြီး၊သေး) တို့မှာ အသစ်ဝင်ရောက်မှု နည်းသေးခြင်း၊ ပဲကြော်၊ လှော် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီး၊ ကြီး) ၃တင်းတစ်အိတ် ၃၉၀၀၀၀ ကျပ်၊ ပဲကြီး (သေး) ၃၅၀၀၀၀ ကျပ်၊ ထောပတ်ပဲ (ကြီး) ၄၈၀၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၄၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

..

.

ဟင်းသီး/ရွက်ဈေးကွက်အခြေအနေ

.       

မန္တလေးသီရိမာလာ ဈေးကုန်စိမ်းပွဲရုံများတွင် ကျောက်ဆည်ဘက်မှ ပန်းမုံလာများဝင်ရောက် မှုများခြင်းကြောင့် တစ်ပွင့် ၃၅၀ ကျပ်၊ မြေပြန့်နှင့် ရှမ်းတောင် ဂေါ်ဖီထုပ်များ လှိုင်လှိုင်ဝင်ရောက် မှုကြောင့် တစ်ထုပ် ၅၀၀ကျပ်ထိ ဈေးများနိမ့်သွားသည်။

.

.မြင်းမူ၊ မတ္တရာမှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိဿာ ၆၀၀ကျပ်ထိ ဈေးနိမ့်သွားသည်။ 

အောင်ပန်း၊ ပြင်ဦးလွင် ဘိုစားပဲများအဝင်များလာသဖြင့် တစ်ပိဿာ ၂၀၀၀ကျပ်ထိ ဈေးနိမ့်သွားသည်။ 

.

မန္တလေးဝန်းကျင်မှ ပြောင်းဖူး ၁၀၀ဖူး ပါတစ်အိတ် ၂၀၀၀၀ကျပ် မှ ၂၅၀၀၀ကျပ်၊ မုံလာဥ ၅ခုတွဲ အစည်း ၄၀ပါ တစ်အိတ် ၇၀၀၀ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၃၀၀ကျပ်ဖြင့် ဟင်းသီး/ရွက် အားလုံး ဆောင်းကာလဖြစ်၍ ဈေးနိမ့်နေသည်။

.

.

သစ်သီးဝလံဈေးကွက်အခြေနေ

    .

မန္တလေးကိုင်းတန်းဈေး သစ်သီးပွဲရုံများတွင် မုံရွာချောင်းဦးမှ ကျောက်စိမ်းဖရဲများ အဝင်များပြီး  အရည်အသွေးပေါ်မှုတည်၍ ၆၀၀ကျပ် မှ ၁၅၀၀ကျပ်၊ သခွားမွှေး ၄လုံးတစ်ဖာ ၆၀၀၀ကျပ် မှ ၇၀၀၀ကျပ်၊ သင်္ဘောသီးများအရည်အသွေးပေါ်မှုတည်၍ အနိမ့်ဆုံး ၈၀၀ကျပ် မှ ၁၅၀၀ကျပ်ဖြင့် မြဝတီ၊ လားရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စသော အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

..    

သီပေါဘက်မှ နားနတ်သီးများ အဝင်နည်းသွားသဖြင့် အရည်အသွေးပေါ်မှုတည်၍ ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ရမည်းသင်းပျော်ဘွယ် စပျစ်သီး(ညို)တစ်ပိဿာ ၄၀၀၀ ကျပ်၊ ပန်းသီးအိတ်စွပ် ၁၀၀လုံးပါတစ်ဖာ ၈၀၀၀၀ ကျပ်၊ ပျားလိမ္မော် ၁၂ပိဿာ တခြင်း ၇၅၀၀ကျပ်ဖြင့် မြို့တွင်း လက်လီ ဆိုင်များနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

.

.

ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

.  

 မန္တလေးပွဲစာကုန်းသည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းနေဖြင့် ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမှု၊  မြောင် ဂျုံများအသစ်ဝင်ချိန် ဖြစ်သော်လည်း အဝင်နည်းသေးခြင်း၊ ဂျုံစက်များပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၆၀ပိဿာ ၁၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရှမ်းဂျုံများလည်း အသစ်ဝင်ရောက်သဖြင့် ယခင်အပတ် ၁၇၅၀၀၀ကျပ် မှ ၁၇၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။  ဩစတေးလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။

.    

အစေ့ထုတ်ပြောင်းမှာ ဆောင်းပြောင်းအဝင်နည်းသေးခြင်း၊ မိုးပြောင်းလက်ကျန် နည်းသေး ခြင်း၊ အစာစပ်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၄ပိဿာ ၅၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 07 February 2024 17:47
Rate this item
(0 votes)