Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီးများ တရုတ်ပြည်တွင်းဈေးကွက်မှာ အရောင်းနှေးနေ

ပိုမိုပူအိုက်လာချိန်ဟာ တရုတ်ပြည်တွင်း ငှက်ပျောဈေးကွက်တွင် အ‌ရောင်းနှေးတဲ့ ရာသီ အစပြုချိန်ဖြစ်ပါတယ်။

ဇွန်လတွင် တရုတ်နိုင်ငံက ငှက်ပျောသီး တန်ချိန် ၁၅၅,၄၀၀ တင်သွင်းခဲ့ပါတယ်။ မေလထက် ၂၇.၁၆% လျော့နည်းပါတယ်။ ဇွန်လမှာ တင်သွင်းခဲ့တဲ့ ငှက်ပျောသီးများရဲ့ ပျမ်းမျှဈေးနှုန်းက တစ်တန် ကန်ဒေါ်လာ ၆၈၉ ဒသမ ၆၄ ဖြစ်ပါတယ်။ မေလထက် ၃.၀၁% ဈေးပိုကြီးပါတယ်။ ၂၀၂၁ ဇွန်လထက် ၁၉.၄၈% ဈေးပိုမြင့်ပါတယ်။ တင်ပို့တဲ့ နိုင်ငံအပေါ်မူတည်ပြီး ဈေးနှုန်း အနည်ူအများ ကွာခြားပါတယ်။ တရုတ်နိုင်ငံက ငှက်ပျောသီးများကို အဓိကအားဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့မှ တင်သွင်းပါတယ်။

 

ဖိလစ်ပိုင်က ဇွန်လတွင် တရုတ်ဈေးကွက်သို့ ငှက်ပျောသီးအများဆုံး တင်သွင်းခဲ့ပါတယ်။တရုတ်ဈေးကွက်တွင် ငှက်ပျောသီးတင်သွင်းမှု စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းခန့်ဟာ ဖိလစ်ပိုင်မှဖြစ်ပါတယ်။ ဒုတိယနေရာမှာ ကမ္ဘောဒီးယားက ၂၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ တတိယနေရာမှာ အီကွေဒေါက ၁၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရှိနေပါတယ်။ ဗီယက်နမ်မှ ငှက်ပျောသီး တင်ပို့မှုများဟာ ကိုဗစ်စည်းကမ်းများကြောင့် လျော့ကျပါတယ်။ မေလမှာ ၃၆% ရှိခဲ့ရာမှ ဇွန်လတွင် ၁၄% သာ ရှိပါတယ်။ ဗီယက်နမ်မှာ ထုတ်လုပ်မှုစရိတ်စကများ မြင့်တက်နေတာကြောင့်လည်း တင်ပို့မှု လျော့ကျပါတယ်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောတန်ချိန် ရှစ်သိန်းခန့် တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံသုိ့ မြန်မာနိုင်ငံမှ ငှက်ပျောသီးများ တင်ပိူ့ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Customs of the People’s Republic of China- GACC)တို့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

သဘောတူ စာချုပ်အရ မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ် နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နိုင်ပါမယ်။ အဆိုပါ သဘောတူညီချက်အရ ငှက်ပျောသီး အခွံ မဝါခင် တင်ပို့ရမှာ ဖြစ်ပါတယ်။ ငှက်ပျောပင်မှာ ငှက်ပျောဖူး ပန်းပွင့်ပြီး ၁၀~၁၁ ပတ်မှာ ငှက်ပျောခိုင်ကို ဆွတ်ခူးရမှာ ဖြစ်ပါတယ်။ မမှည့်ခင်မှာ ဆွတ်ခူး ရမှာ ဖြစ်ပါတယ်။

 

#MyanmarFoodGuide

Ref:freshplaza.com

Read times Last modified on Wednesday, 10 August 2022 20:40
Rate this item
(0 votes)