Fruits & Vegetables
ကြက်သွန်နီတွေကို ရေခဲသေတ္တာထဲ ဘယ်လို သိမ်းကြသလဲ
ကြက်သွန်နီ မပါရင် ဟင်းမဖြစ်ဘူး။
ဈေးက ဝယ်လာတဲ့အတိုင်း အခွံမနွှာရသေးတဲ့ ကြက်သွန်နီတွေကိ သိမ်းမယ်ဆိုရင် အဲဒီကြက်သွန်နီတွေက လေရှူတယ်ဆိုတဲ့ အချက်ကို သတိရဖို့ ဖြစ်ပါတယ်။ မွန်းကျပ်ရင် ပုပ်တယ်။ နောက်တစ်ချက်က နေရောင်ရရင် ကြက်သွန်ဥက အပင်ပေါက်ဖို့ ကြိုးစားတယ်။ ဒီတော့ ကြက်သွန်နီတွေကို မှောင်တဲ့နေရာမှာ သိမ်းရမယ်။ အဲဒီနေရာက အေး၍ခြောက်သွေ့သော နေရာ ဖြစ်ရမယ်။ ကြက်သွန်နီတွေလေဝင်လေထွက် ရအောင် ခင်းပေးထားရမယ်။ လေလုံတဲ့ ကြွပ်ကြွပ်အိတ် ပလတ်စတစ်အိတ်တွေ မသုံးအပ်ဘူး။ မြွေရေခွံအိတ်တွေ မသုံးသင့်ဘူး။
အခွံနွှာပြီးသား ကြက်သွန်နီတွေ၊ အခွံနွှာပြီးတဲ့အပြင် လှီးပြီးသား ကြက်သွန်နီတွေကို သိမ်းမယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးဓာတ်ပေးပြီး သိမ်းကြပါတယ်။ အသားစိမ်းတွေ သိမ်းဖို့နေရာ ဖြစ်တဲ့ ရေခဲတဲ့ အကန့်မှာ သိမ်းတာရှိသလို ဟင်းသီးဟင်းရွက်ထားတဲ့အကန့်မှာ သိမ်းကြတာလည်း ရှိပါတယ်။
ကြက်သွန်နီကို အခွံနွှာထားပြီး အလုံးလိုက်ဖြစ်ဖြစ်၊ ထက်ခြမ်းလှီးထားတာဖြစ်ဖြစ်၊ အကွင်းလိုက် လှီးထားတာဖြစ်ဖြစ်၊ ပါးပါးလှီးထားတာဖြစ်ဖြစ် ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ ဖြစ်နိုင်ရင် ပလတ်စတစ်သားနဲ့ လုပ်ထားတဲ့ ဘူးကို မသုံးပါနဲ့။ ဖန်သားနဲ့ သိမ်းပါ။ ဘာကွာလဲ ဆိုတော့ စာဖိုမှူးကြီး Yang Than Kook ရဲ့ စကားနဲ့ ပြောရရင် ပလတ်စတစ်သားက ကြက်သွန်နီရဲ့ အနံ့ကို ခိုးယူထားတယ်။ ဟင်းချက်တဲ့အခါ အာနိသင် လျော့တယ်။
အခွံနွှာထားတဲ့ ကြက်သွန်နီ အလုံးလိုက် ဆိုရင် ၂ ပတ်လောက် ထားလို့ရတယ်။ အရသာ အာနိသင် မလျော့ဘူး။ လှီးထားတာဆိုရင် တစ်ပတ်ကနေ တစ်ဆယ်ရက်အထိ ထားလို့ရတယ်။
အရေးကြီးတဲ့အချက်က ဘူးက လေလုံဖို့ လိုတယ်။ လေမလုံရင် ဘူးအပြင်ကို ထွက်သွားတဲ့ လေထဲ အနံ့အရသာတွေ ပါသွားလိမ့်မယ်။ ဘူးထဲကို ဝင်လာတဲ့ လေထဲမှာ ပါလာတဲ့ အနံ့အရသာတွေ ကြက်သွန်နီကို ကူးစက်လိမ့်မယ်။
မနက်ဘက် အလုပ်မသွားခင် လောလော လောလောနဲ့ ချက်ရလို့ အချိန်ကုန်သက်သာအောင်ကြက်သွန်နီကို တစ်ဝက်တစ်ပျက် ချက်ပြီး သိမ်းထားချင်တယ်ဆိုရင်လည်း အခုလိုပဲ လေလုံတဲ့ ဖန်ဘူးနဲ့ ထည့်သိမ်းရင် သုံးရက်ကနေ ငါးရက်အထိ အရသာမလျော့ မပျက်ယွင်းဘဲ သိမ်းလို့ ရပါတယ်။
လှီးပြီးသားကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့ နောက်တစ်နည်းက ရေခဲသေတ္တာမှာ အသားစိမ်းတွေ သိမ်းဖို့နေရာမှာ သိမ်းဆည်းတာ ဖြစ်ပါတယ်။
အသားထူထူ ဖိဇစ်ပါတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ပြီး သိမ်းကြပါတယ်။ ဖိဇစ်ကို မပိတ်ခင် အိတ်ထဲမှာ ရှိနေတဲ့ လေတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ပေးပြီးမှာ ဖိဇစ်ကို ဖိပြီး ပိတ်လိုက်ပါ။ အဲဒီလို သိမ်းဆည်းထားရင် ၆ လ တော့ အနည်းဆုံး ထားလို့ရတယ်။
ကိုယ်နေတဲ့ နေရာက လျှပ်စစ်မီး မကြာမကြာ ပျက်တတ်ပြီး ခပ်ကြာကြာ ပျက်တတ်တဲ့နေရာမှာ နေတယ်ဆိုရင် အပေါ်ဖက်မှ အဖုံးကို လှန်ဖွင့်ရတဲ့ Deep Freezer တစ်လုံး ထားသင့်ပါတယ်။ မီးပျက်နေချိန် အဖုံးဖွင့်ပြီး ပစ္စည်းထုတ်ယူတဲ့အခါ ဘေးဖွင့်တံခါးသုံးတဲ့ မတ်တတ်ရေခဲသေတ္တာတွေလို အအေးဓာတ်တွေ အပြင်ကို ထွက်မကျဘူး။ ပြီးတော့ အအေးဓာတ်လည်း မတ်တတ်ရေခဲသေတ္တာတွေထက် ပိုကြာကြာခံပါတယ်။ ပစ္စည်းတွေ ထည့်သိမ်းဖို့ နေရာလည်း ပိုကျယ်ကျယ်ဝန်းဝန်း ရရှိပါတယ်။
အေးခဲထားတဲ့ လှီးပြီးသားကြက်သွန်နီကို ပြန်ထုတ်ယူတဲ့အခါ အတုံးအခဲကြီး ဖြစ်နေမှာမို့ ပျော်ကျဖို့အတွက် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဓားနဲ့ လှီးလို့ ရလောက်တဲ့ အနေအထား ရောက်ပြီဆိုရင် လိုသလောက်ကို ဓားနဲ့ လှီးယူပြီး ကျန်တဲ့အတုံးကို အိတ်ထဲ ပြန်ထည့်သိမ်းလိုက်ရုံပါပဲ၊။
zawgyi
ၾကက္သြန္နီေတြကို ေရခဲေသတၱာထဲ ဘယ္လို သိမ္းၾကသလဲ
ၾကက္သြန္နီ မပါရင္ ဟင္းမျဖစ္ဘူး။ ေဈးက ဝယ္လာတဲ့အတိုင္း အခြံမႏႊာရေသးတဲ့ ၾကက္သြန္နီေတြကိ သိမ္းမယ္ဆိုရင္ အဲဒီၾကက္သြန္နီေတြက ေလရႉတယ္ဆိုတဲ့ အခ်က္ကို သတိရဖို႔ ျဖစ္ပါတယ္။ မြန္းက်ပ္ရင္ ပုပ္တယ္။ ေနာက္တစ္ခ်က္က ေနေရာင္ရရင္ ၾကက္သြန္ဥက အပင္ေပါက္ဖို႔ ႀကိဳးစားတယ္။ ဒီေတာ့ ၾကက္သြန္နီေတြကို ေမွာင္တဲ့ေနရာမွာ သိမ္းရမယ္။ အဲဒီေနရာက ေအး၍ေျခာက္ေသြ႕ေသာ ေနရာ ျဖစ္ရမယ္။ ၾကက္သြန္နီေတြေလဝင္ေလထြက္ ရေအာင္ ခင္းေပးထားရမယ္။ ေလလုံတဲ့ ႂကြပ္ႂကြပ္အိတ္ ပလတ္စတစ္အိတ္ေတြ မသုံးအပ္ဘူး။ ေႁမြေရခြံအိတ္ေတြ မသုံးသင့္ဘူး။
အခြံႏႊာၿပီးသား ၾကက္သြန္နီေတြ၊ အခြံႏႊာၿပီးတဲ့အျပင္ လွီးၿပီးသား ၾကက္သြန္နီေတြကို သိမ္းမယ္ဆိုရင္ေတာ့ ေရခဲေသတၱာထဲ အေအးဓာတ္ေပးၿပီး သိမ္းၾကပါတယ္။ အသားစိမ္းေတြ သိမ္းဖို႔ေနရာ ျဖစ္တဲ့ ေရခဲတဲ့ အကန႔္မွာ သိမ္းတာရွိသလို ဟင္းသီးဟင္း႐ြက္ထားတဲ့အကန႔္မွာ သိမ္းၾကတာလည္း ရွိပါတယ္။
ၾကက္သြန္နီကို အခြံႏႊာထားၿပီး အလုံးလိုက္ျဖစ္ျဖစ္၊ ထက္ျခမ္းလွီးထားတာျဖစ္ျဖစ္၊ အကြင္းလိုက္ လွီးထားတာျဖစ္ျဖစ္၊ ပါးပါးလွီးထားတာျဖစ္ျဖစ္ ေရခဲေသတၱာထဲ ထည့္သိမ္းတဲ့အခါ ျဖစ္ႏိုင္ရင္ ပလတ္စတစ္သားနဲ႔ လုပ္ထားတဲ့ ဘူးကို မသုံးပါနဲ႔။ ဖန္သားနဲ႔ သိမ္းပါ။ ဘာကြာလဲ ဆိုေတာ့ စာဖိုမႉးႀကီး Yang Than Kook ရဲ႕ စကားနဲ႔ ေျပာရရင္ ပလတ္စတစ္သားက ၾကက္သြန္နီရဲ႕ အနံ႔ကို ခိုးယူထားတယ္။ ဟင္းခ်က္တဲ့အခါ အာနိသင္ ေလ်ာ့တယ္။
အခြံႏႊာထားတဲ့ ၾကက္သြန္နီ အလုံးလိုက္ ဆိုရင္ ၂ ပတ္ေလာက္ ထားလို႔ရတယ္။ အရသာ အာနိသင္ မေလ်ာ့ဘူး။ လွီးထားတာဆိုရင္ တစ္ပတ္ကေန တစ္ဆယ္ရက္အထိ ထားလို႔ရတယ္။
အေရးႀကီးတဲ့အခ်က္က ဘူးက ေလလုံဖို႔ လိုတယ္။ ေလမလုံရင္ ဘူးအျပင္ကို ထြက္သြားတဲ့ ေလထဲ အနံ႔အရသာေတြ ပါသြားလိမ့္မယ္။ ဘူးထဲကို ဝင္လာတဲ့ ေလထဲမွာ ပါလာတဲ့ အနံ႔အရသာေတြ ၾကက္သြန္နီကို ကူးစက္လိမ့္မယ္။
မနက္ဘက္ အလုပ္မသြားခင္ ေလာေလာ ေလာေလာနဲ႔ ခ်က္ရလို႔ အခ်ိန္ကုန္သက္သာေအာင္ၾကက္သြန္နီကို တစ္ဝက္တစ္ပ်က္ ခ်က္ၿပီး သိမ္းထားခ်င္တယ္ဆိုရင္လည္း အခုလိုပဲ ေလလုံတဲ့ ဖန္ဘူးနဲ႔ ထည့္သိမ္းရင္ သုံးရက္ကေန ငါးရက္အထိ အရသာမေလ်ာ့ မပ်က္ယြင္းဘဲ သိမ္းလို႔ ရပါတယ္။
လွီးၿပီးသားၾကက္သြန္နီကို ေရခဲေသတၱာထဲ ထည့္သိမ္းတဲ့ ေနာက္တစ္နည္းက ေရခဲေသတၱာမွာ အသားစိမ္းေတြ သိမ္းဖို႔ေနရာမွာ သိမ္းဆည္းတာ ျဖစ္ပါတယ္။
အသားထူထူ ဖိဇစ္ပါတဲ့ ပလတ္စတစ္အိတ္နဲ႔ ထည့္ၿပီး သိမ္းၾကပါတယ္။ ဖိဇစ္ကို မပိတ္ခင္ အိတ္ထဲမွာ ရွိေနတဲ့ ေလေတြကို နည္းႏိုင္သမွ်နည္းေအာင္ လုပ္ေပးၿပီးမွာ ဖိဇစ္ကို ဖိၿပီး ပိတ္လိုက္ပါ။ အဲဒီလို သိမ္းဆည္းထားရင္ ၆ လ ေတာ့ အနည္းဆုံး ထားလို႔ရတယ္။
ကိုယ္ေနတဲ့ ေနရာက လွ်ပ္စစ္မီး မၾကာမၾကာ ပ်က္တတ္ၿပီး ခပ္ၾကာၾကာ ပ်က္တတ္တဲ့ေနရာမွာ ေနတယ္ဆိုရင္ အေပၚဖက္မွ အဖုံးကို လွန္ဖြင့္ရတဲ့ Deep Freezer တစ္လုံး ထားသင့္ပါတယ္။ မီးပ်က္ေနခ်ိန္ အဖုံးဖြင့္ၿပီး ပစၥည္းထုတ္ယူတဲ့အခါ ေဘးဖြင့္တံခါးသုံးတဲ့ မတ္တတ္ေရခဲေသတၱာေတြလို အေအးဓာတ္ေတြ အျပင္ကို ထြက္မက်ဘူး။ ၿပီးေတာ့ အေအးဓာတ္လည္း မတ္တတ္ေရခဲေသတၱာေတြထက္ ပိုၾကာၾကာခံပါတယ္။ ပစၥည္းေတြ ထည့္သိမ္းဖို႔ ေနရာလည္း ပိုက်ယ္က်ယ္ဝန္းဝန္း ရရွိပါတယ္။
ေအးခဲထားတဲ့ လွီးၿပီးသားၾကက္သြန္နီကို ျပန္ထုတ္ယူတဲ့အခါ အတုံးအခဲႀကီး ျဖစ္ေနမွာမို႔ ေပ်ာ္က်ဖို႔အတြက္ အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။ ဓားနဲ႔ လွီးလို႔ ရေလာက္တဲ့ အေနအထား ေရာက္ၿပီဆိုရင္ လိုသေလာက္ကို ဓားနဲ႔ လွီးယူၿပီး က်န္တဲ့အတုံးကို အိတ္ထဲ ျပန္ထည့္သိမ္းလိုက္႐ုံပါပဲ၊။