Fruits & Vegetables



စားအုန်းဆီ ပြည်တွင်းဈေးကွက် တာဝန်ကျေ မူဝါဒကို ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှား ဆက်လက်ကျင့်သုံးမည်

စားအုန်းဆီ ပြည်တွင်းဈေးကွက် တာဝန်ကျေ မူဝါဒကို ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှား ဆက်လက်ကျင့်သုံးမည်

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားသည် စားအုန်းဆီအတွက် လက်ရှိကျင့်သုံးနေသော ပြည်တွင်းဈေးကွက် တာဝန်ကျေ domestic market obligation (DMO) ကို ၂၀၂၄ ခုနှစ်အထိ ဆက်လက်ထားရှိမည်ဖြစ်သည်။ ပြည်တွင်း ဈေးကွက်တွင် ဟင်းချက်ဆီများ၏ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ဖြစ်သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Isy Karim က ကြာသပတေးနေ့ (နိုဝင်ဘာ ၂) တွင် ပြောကြားခဲ့သည်။

 

စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း ဈေးကွက်တွင် ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် ယမန်နှစ်က DMO မူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။

အဆိုပါ မူဝါဒအရ စားအုန်းဆီ ထုတ်လုပ်သူများသည် စားအုန်းဆီကို ပြည်တွင်းဈေးကွက်တွင် အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည့် ပမာဏကို အစိုးရ သတ်မှတ်သည့် ဈေးနှုန်းဖြင့် အပြည့်အဝ ရောင်းချပြီးမှသာ ပြည်တွင်းဈေးကွက် တာဝန်ကျေသည်ဟု သတ်မှတ်ပေးပြီး ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုသည်။

 

ပြည်တွင်း ရောင်းချသည့် ပမာဏ၏ ၄ ဆကို ပြည်ပတင်ပို့ရန် ပို့ကုန်ပါမစ် ထုတ်ပေးသည်။

ပြည်တွင်းဈေးကွက်တွင် စျေးသက်သာသော ဟင်းချက်ဆီများ ရံဖန်ရံခါ ရှားပါးနေသေးပြီး အင်ဒိုနီးရှား အရှေ့ပိုင်းဒေသများတွင် စျေးနှုန်းများ မြင့်မားကာ အစိုးရသတ်မှတ်ထားသော စျေးနှုန်းတစ်လီတာလျှင် ရူပီယာ ၁၄၀၀၀ (ကန်ဒေါ်လာ ၀.၈၈၃၅) အထက်သို့ မကြာခဏ ရောက်ရှိနေကြောင်း ၎င်းက ပြောသည်။

 

ကုမ္ပဏီအချို့သည် ပြည်တွင်းဈေးကွက်တွင် တာဝန်ကျေအောင်  ရောင်းချပေးခြင်း မရှိကြောင်း Isy မှ ပြောကြားသည်။

 

စျေးသက်သာသော ဟင်းချက်ဆီအဖြစ် ထောက်ပံ့ပေးရန်အတွက် တစ်လလျှင် စားအုန်းဆီကြမ်း မက်ထရစ်တန် ၃၀၀,၀၀၀ ကို DMO အစီအစဉ်မှ ရရှိရန် အစိုးရက ရည်မှန်းထားသည်။

 

Source cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 02 November 2023 19:37
Rate this item
(0 votes)