Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ၂၀၂၂ ခုနှစ် တင်ပို့မှု လျော့နည်းခြင်းကြောင့် လက်ကျန် မြင့်တက်

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု  ၂၀၂၂ ခုနှစ် တင်ပို့မှု လျော့နည်းခြင်းကြောင့် လက်ကျန် မြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

အင်ဒိုနီးရှား၏ စားအုန်းဆီ တင်ပို့မှုသည် ပို့ကုန်ခွန်များ ဖျက်သိမ်းပြီးနောက် ဒုတိယနှစ်ဝက်တွင် ခုန်တက်ရန် ရည်မှန်းထားသော်လည်း ၂၀၂၂ တစ်နှစ်တာ စုစုပေါင်းသည် အစောပိုင်းကာလတွင် ကန့်သတ်ချက်များကြောင့် ယခင်နှစ် တန်ချိန် ၃၃.၇ သန်းထက် နည်းပါးနေသေးကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း Indonesian Palm Oil Association (GAPKI) ၏ ကုန်သွယ်မှုနှင့် မြှင့်တင်ရေးဌာနခွဲအကြီးအကဲ Fadhil Hasan က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

.

ပြည်ပတင်ပို့မှု နည်းပါးခြင်းကြောင့် ယခုနှစ်ကုန်တွင် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ကျန်သိုလှောင်မှု  တန်ချိန် ၅ သန်းဝန်းကျင်အထိ ရှိနိုင်ကြောင်း၊ ယခင်နှစ်ကုန်တွင် လက်ကျန်သိုလှောင်မှု တန်ချိန် ၄ ဒသမ ၁ သန်းအထိ ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

.

“ဒုတိယနှစ်ဝက်မှာ တင်ပို့မှုတွေက ပိုများလာမယ်၊ ဒါပေမဲ့ ပထမနှစ်ဝက်ရဲ့ ပို့ကုန်ကျဆင်းမှုကို ထေမိနိုင်မှာ မဟုတ်ဘူး” ဟု Hasan က ဆိုသည်။

.

အင်ဒိုနီးရှားသည် ၂၀၂၂ ခုနှစ် မေလတွင် စားအုန်းဆီ တင်ပို့မှုကို တားမြစ်ခဲ့သည်။ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းစေရန်အတွက် စာအုန်းဆီအမျိုးမျိုး ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ပိတ်ပင်ထားခြင်းကြောင့် စားအုန်းဆီ ထုတ်လုပ်သူများထံမှာ လက်ကျန်များပြားပြီး ထားသိုစရာ ဆီကန်မလုံလောက်တော့သဖြင့် ဆီစက်များက ထုတ်လုပ်မှု လျှော့ချထားပြီး ဆီအုန်းခိုင်များလည်း မဝယ်တော့ချေ။ သို့ဖြစ်ရာ ဆီးအုန်းစိုက်ခင်းလုပ်ကိုင်သည့် လယ်သမားများ အခက်တွေ့ကုန်ကြသည်။ ဆန္ဒပြခြင်းများ ဖြစ်ပွားလာချိန်တွင် စားအုန်းဆီ တင်ပို့ခွင့် ပြန်လည် ခွင့်ပြုခဲ့သည့်အပြင် ပို့ကုန်အပေါ် စညါးကြပ်သည့် အခွန်များကိုပါ လျှော့ပေါ့ပေးခဲ့ရသည်။

.

မကြာသေးမီက အင်ဒိုနီးရှားအစုိးရသည်  ပို့ကုန်စည်းကြပ်မှု လျှော့ပေါ့မှုကို အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ပေးခဲ့ပါသည်။

.

လက်ကျန်စားအုန်းဆီ များပြားနေသည်ကို လျော့ကျစေရန်အတွက် အစိုးရသည် စားအုန်းဆီတင်ပို့မှုအပေါ် စည်းကြပ်မှုအား ၂၀၂၂ ဒီဇင်ဘာအထိ လျှော့ချသင့်သည်ဟု Hasan က ပြောကြားခဲ့သည်။

 .

အင်ဒိုနီးရှားသည် ၂၀၂၂ ခုနှစ်တွင် စားအုန်းဆီကြမ်း တန်ချိန် ၄၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခင်နှစ်က တန်ချိန် ၄၆ ဒသမ ၉ သန်းထက် ကျဆင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

.

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆီအုန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးရန် တားမြစ်ထားခြင်းနှင့် ထုတ်လုပ်နိုင်စွမ်း လျော့ကျခြင်းတို့ကြောင့် ၂၀၂၃ တွင် ထုတ်လုပ်မှုသည် ၂၀၂၂  ထက် နည်းနေနိုင်သည်ဟု ၎င်းက ဆိုသည်။

Source Reuters

#MyanmarFoodIndustryGuide 

To join Telegram Channel  https://t.me/Guid4U

 

Read times Last modified on Friday, 30 September 2022 17:15
Rate this item
(0 votes)