Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပွဲလယ်တင့် မလေးရှား အေးခဲဒူရင်း

ပွဲလယ်တင့် မလေးရှား အေးခဲဒူရင်း

မလေးရှားနိုင်ငံမှ အေးခဲထားသော ဒူးရင်းထွက်ကုန်များကို တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပတဲ့ အာဆီယံ အသင့်စား စားသောက်ကုန်လုပ်ငန်း ညီလာခံ ASEAN Prepared Meal Industry Conferenceတွင် ပွဲဦးထွက် ပြသခဲ့ပါတယ်။
အသင့်စား ပြင်ဆင်ပြီး အစားအစာလုပ်ငန်း ၅၀၀ ကျော် ပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှ အဓိကဒူးရင်းတင်သွင်းသူများထဲမှ တစ်ခုဖြစ်တဲ့ Shanghai Youxiang Trading Co., Ltd. မှ အဖွဲ့က ကုမ္ပဏီရဲ့ "Malay King" ဒူးရင်းထုတ်ကုန်များကို ညီလာခံမှာ ခင်းကျင်းပြသခဲ့ပါတယ်။
ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Ms. Cai Fang က “မကြာသေးမီနှစ်များအတွင်း တရုတ်ဈေးကွက်ရှိ ဒူးရင်းထုတ်ကုန်များအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။ ဒူရင်းသီး ရယူတဲ့နေရာ အမျိုးမျိုး စုံလင်လာတယ်။ တရုတ်ဈေးကွက်ထဲ တင်ပို့ခွင့်ရတဲ့ မူရင်းမူလနိုင်ငံများမှ ဒူရင်း အမျိုးအမည်များလည်း ပိုမိုစုံလင်လာပါတယ်" လို့ ပြောကြားပါတယ်။
Shanghai Youxiang Trading Co., Ltd. အနေဖြင့် လုပ်ငန်းတူများ အကြား ထူးခြားပေါ်လွင်စေဖို့ အရောင်းချန်နယ်အသစ်များ တိုးချဲ့နေတဲ့အပြင် ဒူရင်းအမျိုးအမည် စုံစုံလင်လင် ရောင်းချနိုင်ဖို့ကိုလည်း ကြိုးပမ်းကြောင်း Ms. Cai က ပြောကြားပါတယ်။
မလေးရှားရဲ့ ထိပ်တန်းဒူရင်းသီး Musang King ဒူရင်းသီး လတ်လတ်ဆတ်ဆတ်များ ရောင်းချတဲ့အပြင် လမုန့်၊ ရေခဲမုန့်၊ ကိတ် အစရှိတဲ့ ဒူရင်းသီး မုန့်မျိုးစုံကိုလည်း ရောင်းချကြောင်း Ms. Cai က ပြောကြားပါတယ်။
Source freshplaza
#FoodIndustryGuide

Read times
Rate this item
(0 votes)