Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်သီးစိမ်းများ ဝယ်ယူရန် စင်ကာပူနိုင်ငံက ကမ်းလှမ်းထား

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးစိမ်းများကို ဝယ်ယူရန် စင်ကာပူနိုင်ငံက ကမ်းလှမ်းထားပြီး ငရုတ်ထွက်ရှိချိန်တွင်

 

စမ်းသပ် တင်ပို့သွားရန်စီစဉ်ထားကြောင်း မြန်မာငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရသည်။

 

စင်ကာပူနိုင်ငံက မိုးမျှော်ငရုတ်သီးအစိမ်းများ ဝယ်ယူရန် ကမ်းလှမ်းထားခြင်း ဖြစ်သော်လည်း လက်ရှိတွင် မိုးမျှော်ငရုတ်သီးထွက်ရှိမှု နည်းပါးနေခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးကထွက်ရှိသည့် ငရုတ်သီးများကို စမ်းသပ်တင်ပို့နိုင်ရန် ဆွေးနွေးထားသည် ။

One-One-Three-Five.jpg

 

ငရုတ်များကို စင်ကာပူနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့သွားမည် ဖြစ်ပါသည်။ ပြည်တွင်းထွက် ငရုတ်များကို မလေးရှားနှင့် တရုတ်နိုင်ငံ အပါအဝင် အခြားပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

 

ယခု ကာလတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းဒေသ၌ ငရုတ် ထွက်ရှိနေပြီး ငရုတ်သီးကို မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

 

Source MDN

Myanmar food industry guide

Read times Last modified on Thursday, 20 October 2022 14:35
Rate this item
(0 votes)