Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့အုန်းသီးခြောက်ကို စစ်တွေမှတစ်ဆင့် ဝယ်ယူတင်သွင်းမှု မြင့်မားလာ

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်မှုကို ကုန်သွယ်မှုဖြင့်

အထောက်အကူပြုရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ ကုန်သွယ်ရေးစခန်း၊ မောင်တောကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပေး၍ နယ်စပ်မှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်များ လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ပပျောက်စေရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

သို့ဖြစ်၍ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု မြင့်မားလာ သည်နှင့်အမျှ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအမယ်သစ်များ နှစ်စဉ် တိုးတက်တင်ပို့ နိုင်လျက်ရှိပါသည်။

 

မြန်မာ့ထွက်ကုန်ပစ္စည်းများအနက် အုန်းသီးခြောက်ကို စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဆင့် ဘင်္ဂလား ဒေ့ရှ်သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလအထိ)မှစ၍ တင်ပို့ နိုင်ခဲ့ကြောင်း၊ ၎င်း ဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း (၁၆)တန်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်( Mini Budget)ကာလဖြစ်သည့် ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ မတ်လ အထိ (၆)လတာ ကာလအတွင်း တန်ချိန်(၇၉၈) တန်ထိ တိုးတက် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လ (၂၀၂၂ ဧပြီလမှ စက်တင်ဘာလအထိ) တာကာလအတွင်းတွင်လည်း တန်ချိန် စုစုပေါင်း (၈၈၈) တန် အထိ ထပ်မံ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း နှင့် ဆက်လက်၍ ဝယ်လိုအား ဆက်တိုက်ရှိနေ ကြောင်းသိရသည်။

 

Source: commerce.gov

Myanmar Food Industry Guide

Read times
Rate this item
(0 votes)