Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီဈေးနှုန်းများ တက်ရိပ်ပြ

စားအုန်းဆီဈေးနှုန်းများ တက်ရိပ်ပြ

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

မိုးရွာသွန်းမှုကြောင့် အထွက်နှုန်းကျဆင်းပြီး ဝယ်လိုအား အားကောင်းလာခြင်းကြောင့် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာသည်။

.

အဓိကထုတ်လုပ်သောနိုင်ငံများတွင် မိုးအလွန်အကျွံရွာသွန်းခြင်းကြောင့်  လာမည့်လများအတွင်း စားအုန်းဆီ အထွက်နှုန်း ကျဆင်းသွားနိုင်သည်။ အထွက်နှုန်း လျော့ကျစဉ် အစားအစာနှင့် ဇီဝလောင်စာအတွက် စားသုံးရန် ၀ယ်လိုအားများလာခြင်းကြောင့် စားအုန်းဆီဈေးနှုန်းများ ပိုမိုအားကောင်းလာဖွယ်ရှိပါသည်။

စားအုန်းဆီဈေးသည် ယခုလတွင် ငါးပုံတစ်ပုံခန့် မြင့်တက်လာသည်။ သို့သော်  မတ်လမှာ ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးဈေးထက် သက်သာနေဆဲ ဖြစ်သည်။ 

.

မြင့်မားသော ပို့ကုန်နှင့် ထုတ်လုပ်မှု နိမ့်ကျခြင်းသည် အဓိက စားအုန်းဆီ ထုတ်လုပ်သော အင်ဒိုနီးရှားနှင့် မလေးရှား တို့၏ သိုလှောင်မှု ပြည့်လျှံနေသည်ကို လျှော့ချရန် အထောက်အကူ ဖြစ်စေပါသည်။

အိန္ဒိယဈေးကွက်သို့ စားအုန်းဆီကြမ်း တင်ပို့မှုကို ကြည့်လျှင် ကုန်ကျစရိတ်၊ အာမခံစရိတ်နှင့် ကုန်စည်ပို့ဆောင်မှုစရိတ် cost, insurance and freight  CIF အပါအဝင် တစ်တန်လျှင် ခေါ်ဈေး ၉၇၆ ကန်ဒေါ်လာ ရှိသည်။ 

အင်ဒိုနီးရှား အစိုးရသည် ပို့ကုန်ခွန် ပြန်လည်ကောက်ခံဖွယ် ရှိသဖြင့် ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၁,၁၀၀ သို့ မြင့်တက်ဖွယ် ရှိသည်။ 

.

 တစ်တန်လျှင် ကန်ဒေါ်လာ ၂,၀၁၀ ခန့်ဖြင့် စားအုန်းဆီဈေး  မတ်လတွင် မြင့်တက်နေခဲ့ရာမှ ဇူလိုင်လတွင် အင်ဒိုနီးရှားက ပို့ကုန်ခွန် ကောက်ခံခြင်း ဆိုင်းငံ့ထားလိုက်သဖြင့် ဈေးပြန်ကျသွားခဲ့ပါသည်။ 

.

 စားအုန်းဆီဈေးနှုန်း မြင့်တက်လာသော်လည်း ပဲပုပ်ပဲဆီထက် ကန်ဒေါ်လာ ၄၀၀ ဝန်းကျင် သက်သာနေဆဲဖြစ်သည်။ ပဲပုပ်ပဲဆီကြမ်းသည် အိန္ဒိယသို့ မှာကြားပါက တစ်တန်လျှင် ကန်ဒေါ်လာ ၁,၄၀၅ ခေါ်ဈေး ရှိသည်။ 

 .

အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု၏ ၈၀% ကျော်ကို ထုတ်လုပ်ကြသည်။ နိုဝင်ဘာလတွင် ၎င်း ၂နိုင်ငံတွင် စာအုန်းဆီ ထုတ်လုပ်မှု စတင်ကျဆင်းမည် ဖြစ်သည်။ လာနီနာရာသီဥတုက အရှေ့တောင်အာရှတွင် မိုးသည်းထန်စွာ ရွာစေမည်ဖြစ်ရာ အထွက်နှုန်း ထိုးကျသွားဖွယ် ရှိသည်။ 

.

မလေးရှားနိုင်ငံ ဆီအုန်း အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ဆာဘတ်သ်ကျွန်းတွင် သုံးလေးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည်။ 

.

စားအုန်းဆီ အသုံးပြုသော ဇီဝဒီဇယ် လိုအပ်ချက် မြင့်တက်နေသည်။ GAPKI  ၏ အချက်အလက်များအရ ဇန်နဝါရီမှသြဂုတ်လအတွင်း အင်ဒိုနီးရှားသည် ဇီဝဒီဇယ်တန်ချိန် ၂၀၆၀၀၀ တင်ပို့ခဲ့သည်။ ယမန်နှစ် ၂၀၂၁ တစ်နှစ်တာ တင်ပို့မှု တန်ချိန် ၁၆၇,၀၀၀ ထက် ပိုများပါသည်။ 

.

 အင်ဒိုနီးရှား၏ စားအုန်းဆီလက်ကျန်သိုလှောင်မှုမှာ ဇွန်လကုန်တွင် တန်ချိန် ၆.၆၉ သန်း၊ ဇူလိုင်လကုန်တွင် ၅.၉၁ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၄ ဒသမ ၀၄ သန်းသို့ ကျဆင်းသွားကြောင်း  အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီအသင်း Indonesian Palm Oil Association (GAPKI) က ပြောကြားသည်။ 

ဉခင်က ထားစရာ နေရာမရှိတော့အောင် စားအုန်းဆီ လက်ကျန် များပြားလွန်းနေသဖြင့်  ပို့ကုန်ခွန် ကင်းလွတ်ခွင့်ပေးပြီး ပြည်ပသို့ တင်ပို့မှု အရှိန်တင်ပြီး လက်ကျန်သိုလှောင်မှု လျော့ကျအောင် စီမံဆောင်ရွက်ခဲ့သည်။ ယခုအခါ လက်ကျန် သိုလှောင်မှုများ လျော့ကျလာနေပြီ ဖြစ်သဖြင့် အင်ဒိုနီရှားအစိုးရသည် ဒီဇင်ဘာလ နောက်ပိုင်းတွင် ပို့ကုန်စည်းကြပ်မှု ကင်းလွတ်ခွင့် ရပ်ဆိုင်းလိမ့်မည်ဟု ကုန်သည် အများစုက ထင်ကြေးပေးနေကြပါသည်။ 

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times Last modified on Saturday, 22 October 2022 21:03
Rate this item
(2 votes)