Fruits & Vegetables



အိန္ဒိယမှာ ကြက်သွန်နီ ဈေးအတက်ကြမ်းသဖြင့် MEP ဒေါ်လာ ၈၀၀ ပြဋ္ဌာန်း

အိန္ဒိယမှာ ကြက်သွန်နီ ဈေးအတက်ကြမ်းသဖြင့် MEP ဒေါ်လာ ၈၀၀ ပြဋ္ဌာန်း


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံ ပြည်ထောင်စု အစိုးရက ပြည်တွင်း ကြက်သွန်နီ ပြတ်လပ်မှု မဖြစ်ပေါ်အောင် ပြည်ပတင်ပို့မှုများ လျော့ကျစေရန် အလို့ငှာ ကြက်သွန်နီ ပြည်ပပို့ကုန် အနိမ့်ဆုံး ဈေးနှန်း minimum export price (MEP) ကို တတန်လျှင် ကန်ဒေါ်လာ ၈၀၀ ဟု စနေနေ့ (အောက်တိုဘာ ၂၈) တွင် သတ်မှတ်ပြဋ္ဌာန်း လိုက်ပြီး ပြဋ္ဌာန်းသည့် သက်တမ်းကာလမှာ အောက်တိုဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ဖြစ်ပါသည်။

 

အိန္ဒိယတွင် ယခုလ အောက်တိုဘာသည် ကြက်သွန်နီ အသစ်ပေါ်ချိန် ဖြစ်သော်လည်း ယခုနှစ်တွင် ၂ လ နောက်ကျပြီး ဒီဇင်ဘာလကျမှ ကြက်သွန်နီ အသစ်ပေါ်မည် ဖြစ်သည်။

သို့ဖြစ်ရာ ‌ေ အသစ်မပေါ်ခင်စပ်ကြား ကြက်သွန်နီ ပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်သည်။ လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းများ ဈေးအတက်ကြမ်းနေသည်။

 

နယူးဒေလီ မြို့တော်မှ ဈေးများတွင် ပြီးခဲ့သည့် ၂ ပတ်အတွင်း ၅၀% ကျော် ဈေးမြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ရူပီး ၈၀ သို့ ရောက်ရှိလာသည်။

 

ကြက်သွန်နီ အဝင်နည်းသဖြင့် ဈေးမြင့်တက်သည်ဟု ကုန်သည်များက ပြောကြားသည်။ 

အရန်သိုလှောင်ထားသော ကြက်သွန်နီများလည်း အဝင်နည်းနေသည်။  ပြီးခဲ့သည့် နှစ်ပတ်အတွင်း ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။

 

ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ကြက်သွန်နီ စိုက်ခင်းဈေးနှုန်းများ ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကြက်သွန်နီ စိုက်ပျိုးဧရိယာ လျော့နည်းနေသဖြင့် ယခုနှစ် ကြက်သွန်နီ အထွက် လျော့ကျမှာ သေချာနေသည်။

စိုက်ပျိုးသည့် စိုက်ခင်းများသည်လည်း မိုးရွာသွန်းမှု ပုံမှန်ထက် လျော့နည်းသဖြင့် အထွက်နည်းလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

လောလောဆယ်တွင် ကြက်သွန်နီအသစ်များ ဈေးကွက်ထဲ ရောက်ရှိလာမည့် ဒီဇင်ဘာလ မတိုင်ခင်အထိ ကြက်သွန်နီ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဦးမည်ဟု ကုန်သည်များက မျှော်လင့်ထားသည်။ 

 

ထိုသို့ ပြည်တွင်းမှာ ကြက်သွန်နီ လျော့နည်းနေပြီး ဈေးမြင့်တက်နေစဉ် အောက်တိုဘာလတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု သိသိသာသာ မြင့်တက်လာသဖြင့် အမြင့်ဈေးနှုန်းဖြင့် MEP ကို သတ်မှတ်ပြဋ္ဌာန်းပေးရခြင်းဖြစ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောကြားသည်။

 

ကြက်သွန်နီ အသစ်ပေါ်ချိန် နောက်ကျမည် ဖြစ်သဖြင့် ဩဂုတ်လတွင် ကြက်သွန်နီ ဈေးနှုန်းများ စတင်မြင့်တက်လာသည်။ သို့ဖြစ်ရာ အစိုးရ အရန်သိုလှောင်ထားသည့် ကြက်သွန်နီများကို အနိမ့်ဈေးနှုန်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ကြက်သွန်နီ ပြည်ပတင်ပို့သည့်အပေါ် ပို့ကုန်ခွန် ၄၀% စတင်စည်းကြပ်ခဲ့သည်။ 

 

ဩဂုတ်လလယ်မှစ၍ အစိုးရသည် အရန်သိုလှောင်ထားသည့် ကြက်သွန်နီ တန်ချိန် ၇ သိန်းထဲမှ  တန်ချိန် ၁၇၀,၀၀၀ ကို တစ်ကီလိုဂရမ်လျှင် ၂၅ ရူပီးဖြင့် ကားများဖြင့် လိုက်လံရောင်းချပေးခဲ့သည်။ 

Source mint


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 29 October 2023 08:09
Rate this item
(0 votes)