Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် စိုက်ပျိုးထွက်ကုန်အမျိုးမျိုး  ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဆန်ဈေးကွက်အခြေအနေ

 

မန္တလေးဈေးကွက်တွင် ယခုအပတ်အတွင်း ဆန်ဈေးနှုန်းများမှာ အသစ်မဝင်သေးသော် လည်း အဝေးတင်ပို့မှုနည်းခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှု နည်းခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၇၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၈၅၀၀၀ ကျပ် ၊ ငစိန်ဆန် တစ်အိတ် ၄၁၀၀၀ ကျပ်  ၊ ဇီယာဆန် တစ်အိတ် ၄၇၀၀၀ ကျပ် ၊ ဧရာမင်း တစ်အိတ် ၆၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခမှာ အဟောင်းလက်ကျန် နည်းခြင်း ၊ အသစ်မဝင်သေးခြင်းကြောင့် တစ်အိတ် ၄၉၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဆီထွက်သီးနှံနှင့် ဆီဈေးကွက် အခြေအနေ

 

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများ အနေဖြင့် မြေပဲ(လုံးဆန်/ဆီဆန်)ဈေးနှုန်းမှာ မိုးပဲများ ဝင်ရောက်မှုရှိခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊ ပြည်ပ ဝယ်လက်မရှိခြင်း ၊ မြို့တွင်းသုံး နှင့် ဆီစက်သမား ဝယ်ယူမှုသာရှိခြင်းကြောင့် မြေပဲ(လုံးဆန်) ၁၀၀ ပိဿာလျှင် အကောင်းဆုံး အရည်အသွေး ယခင်အပတ် ၆၀၀၀၀၀ ကျပ် မှ ယခုအပတ် ၅၄၀၀၀၀ ကျပ်သို့လည်းကောင်း ၊ မြေပဲ(ဆီဆန်) ၁၀၀ ပိဿာလျှင် ယခင်အပတ် ၅၁၀၀၀၀ ကျပ် မှ ၅၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

     

နှမ်းမျိုးစုံဈေးနှုန်းမှာလည်း မိုးနှမ်းအဝင်ရှိခြင်း ၊ ရန်ကုန်ဝယ်လက်နည်းခြင်း ၊ လုပ်ငန်း သမား ဆီစက်သမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ယခင်အပတ် ၂၈၀၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ဆီစက်သမား အဝယ်ပုံမှန်ရှိသော နှမ်းညို ၄၅ ပိဿာ ၂၃၅၀၀၀ ကျပ် ၊ နှမ်းနက် ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

ပန်းနှမ်းနှင့် နေကြာမှာလည်း အရောင်းအဝယ်အေးခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ ၁၃၀၀၀၀ ကျပ် ၊ နေကြာ ၂၇ ပိဿာ ၁၅၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

 

စားသုံးဆီဈေးနှုန်းအနေဖြင့် ပဲဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ နှမ်းဆီ ၁၀၀၀၀ ကျပ် ၊ မုန်ညှင်းဆီ ၁၀၀၀၀ ကျပ် ၊ နေကြာဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၆၆၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

     

မန္တလေး ကိုင်းတန်းဈေး စားဖိုဆောင်သီးနှံပွဲရုံများတွင် ငရုတ်ခြောက်(ရှည်)မှာ ကျောက်ဆည် တစ်ကြော နှင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်မှုရှိခြင်းကြောင့်  တစ်ပိဿာ ၁၉၀၀၀ ကျပ် မှ ၁၇၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ 

 

ကြက်သွန်နီ ဈေးနှုန်းမှာ ပခုက္ကူ ၊ မုံရွာ ၊ ထီးဆောင်းတို့မှ ဝင်ရောက်ခြင်း ၊ မြစ်သား မဝင်သေးခြင်း ၊ နယ်ဝေးတင်ပို့ရမှု ပုံမှန်ရှိခြင်းကြောင့် (ကြီး) တစ်ပိဿာ ယခင်အပတ် ၃၈၀၀ ကျပ် မှ ၄၀၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၃၆၀၀ ကျပ် မှ ၃၈၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၃၂၀၀ ကျပ် မှ ၃၃၀၀ ကျပ် ဈေးအသီးသီးမြင့်သွားသည်။

     

ကြက်သွန်ဖြူ(ရှမ်း)မှာ အသစ်မဝင်သေးခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အညံ့ဆုံး တစ်ပိဿာ ၃၀၀၀ ကျပ် မှ အကောင်းဆုံး တစ်ပိဿာ ၃၈၀၀ ကျပ် ဖြင့်လည်းကောင်း ၊ ကြက်သွန်ဖြူ(မြေပြန့်)မှာ အရည်အသွေးအကောင်းဆုံး ၄၅၀၀ ကျပ် မှ အညံ့ဆုံး ၄၀၀၀ ကျပ် ဖြင့် ဈေးမြင့်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ ပင်ရင်းဒေသမှ  Aircon ဖြင့် ထားသော ကြက်သွန်ဖြူများ ထုတ်ရောင်းမှုရှိသော်လည်း မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၀၀ ကျပ် မှ ၃၇၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

     

အောင်ပန်းအာလူး(အိုကေ ၊ အေဝမ်း ၊ ဆွဲ)များ မဝင်ခြင်းကြောင့် တရုတ်အာလူးများသာ အဝင်များ ၊ စားသုံးမှုများခြင်းကြောင့် တစ်ပိဿာ ၂၁၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ချင်းဈေးနှုန်း အနေဖြင့် 

 

ပြည်ပတင်ပို့မှုနည်းခြင်းကြောင့် ပင်ရင်းဈေးနိမ့်သဖြင့် တစ်ပိဿာ ချင်းသစ် ၉၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ချင်းဟောင်း လက်ကျန် နည်းသဖြင့် တစ်ပိဿာ ၁၅၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

ပဲမျိုးစုံဈေးကွက်အခြေအနေ

      

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံအနက် မတ်ပဲဈေးနှုန်း မှာ ပြည်ပတင်ပို့ရန် ရန်ကုန်ဝယ်လက်နည်းခြင်း ၊ မြို့တွင်းပဲခွဲစက်များ ဝယ်ယူမှုနည်းခြင်းကြောင့် ၆၀ ပိဿာ ယခင်အပတ် ၁၈၅၀၀၀ ကျပ် မှ ယခုအပတ် ၁၆၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာလည်း အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းအတိုင်း ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၁၅၅၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

ပဲတီစိမ်း(အညာ) မှာလည်း အဝင်ပုံမှန် ၊ စက်သမား ဝယ်ယူမှု ပုံမှန်ဖြစ်၍ အရည်အသွေးနှင့် ထွက်ရှိရာဒေသအလိုက် ၅၆.၂၅ ပိဿာ ၁၂၅၀၀၀ ကျပ် မှ ၁၄၀၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ပုံမှန်ဈေးငြိမ်နေသည်။

ယခုအပတ်တွင် အရောင်းအဝယ်အေးခြင်း ၊ ကထိန်အတွက် ပြင်ဆင်မှု ရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) အနိမ့်ဆုံး ၂၁၅၀၀၀ ကျပ် မှ အမြင့်ဆုံး ၂၂၅၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း) ၁၄၅၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးမသိမသာနိမ့်နေသည်။

      

ကုလားပဲ(လုံးဖြူကြီး/လုံးဝါကြီး)တို့မှာလည်း စက်သမား ၊ လုပ်ငန်းသမား အဝယ်နည်း ခြင်းကြောင့် ကုလားပဲ(လုံးဖြူကြီး) ယခင်အပတ် ၁၉၂၀၀၀ ကျပ် မှ ၁၉၀၀၀၀ ကျပ် ၊ လုံးဝါကြီး ၅၆.၂၅ ပိဿာ ယခင်အပတ် ၁၇၅၀၀၀ ကျပ်  မှ ယခုအပတ် ၁၇၄၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားပြီး ခွဲခြမ်းမှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန် တစ်ပိဿာ ၄၃၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ လုပ်ငန်းသမား ၊ စက်သမား အဝယ် နည်းခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၀၅၀၀၀ ကျပ် ၊ ထောပတ် ပဲ(ကြီး)၅၆.၂၅ ပိဿာ ၁၅၈၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ပဲလွန်းဖြူ ၊ ပဲလွန်းပြာ ၊ ပဲယင်းတို့မှာလည်း မိုးပဲအဝင်နည်းသွားခြင်း ၊ ဆောင်းပဲစိုက်ပျိုး စဖြစ်ခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းသော်လည်း ပဲလွန်းဖြူ ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၁၅၀၀၀ ကျပ် ၊ ပဲယင်းကြီး ၆၀ ပိဿာ ၁၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။

    

စားတော်ပဲ(ကျွန်း)မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ လက်လီသမား ပုံမှန် ဝယ်ယူမှုရှိခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် ၅၉.၂၅ ပိဿာ ၄၀၀၀၀၀ ကျပ် မှ ၄၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

     

မန္တလေး ကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်(ရှမ်းတောင်)မှာ အဝင်နည်းခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၃၀၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ်ထိ ဈေးဖြင့် ရောင်းဝယ်နေသည်။ငရုတ်စို(ရှည်) မိတ္ထီလာ ၊ တပ်ကုန်း မှ ဝင်ရောက်မှုများခြင်း ၊ ကွပ်ခိုင် နှင့် မြို့တွင်းလုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် တစ်ပိဿာ ၂၄၀၀ ကျပ် ၊ ငရုတ်စို(လတ်) အား မုံရွာ ၊ ချောင်းဦး မှ ဝင်ရောက်ပြီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ် ၊ မြစ်သား ၊ ကျောက်ဆည် တစ်ကြောမှ အပွသီးများ တစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ယခုအပတ်  ပန်းမုံလာ ၊  ဂေါ်ဖီထုတ်များ  ဝင်ရောက်မှုများ ခြင်းကြောင့် ပန်းမုံလာ တစ်ပွင့် ၄၀၀ ကျပ် ၊ ဂေါ်ဖီထုတ်တစ်ထုတ် ၇၀၀ ကျပ် ၊ ဘိုစားပဲသီး တစ်ပိဿာ ၁၅၀၀ ကျပ်ဖြင့် ရောင်းဝယ်ပြီး မုံလာဥနီ တစ်ပိဿာ ၁၇၀၀ ကျပ် ၊ တရုတ်မုံလာဥနီ ၆ ပိဿာ တစ်ခြင်း ၁၆၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

     

သစ်သီးဝလံရောင်းဝယ်မှုအနေဖြင့် ပန်းသီး (အိတ်စွပ်) ၄၅ လုံးပါ တစ်ခြင်း ၆၀၀၀၀ ကျပ် ၊ ကဗ္ဗလာသီး (ရှောက်ချိုသီး) ၁၀၀ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ် ၊ ရမည်းသင်း စပျစ်သီးများ ဝင်ရောက်မှုရှိပြီး တစ်ပိဿာ ၅၀၀၀ ကျပ် ၊ တရုတ်စပျစ်သီး အလုံးကြီး ၄ ပိဿာ တစ်ခြင်း ၄၀၀၀၀ ကျပ် ၊ သီပေါ နာနတ်အစိမ်းသီးများ အရည်အသွေးပေါ်မူတည်၍ ၃၀၀ ကျပ် မှ ၅၀၀ ကျပ် ၊ ဖရဲသီး အစိမ်းကြား တစ်လုံး ၂၀၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်ပြီး ပခုက္ကူ ၊ ကောလင်း ၊ စလင်း စသောမြို့များသို့ တင်ပို့မှုရှိသည်။ ယခုအပတ် သခွားမွှေး ၊ ရွှေသခွားများ ဝင်ရောက်မှုမရှိ ကြောင်း သိရသည်။

Source Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)