Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီး၊ နာနတ်သီးနှင့် ငှက်ပျောသီး၊ ကြက်ဥ သွင်းကုန်ခွန်ကင်းလွတ်ခွင့် တောင်ကိုရီးယား ပြဋ္ဌာန်း

သရက်သီး၊ နာနတ်သီးနှင့် ငှက်ပျောသီး၊ ကြက်ဥ သွင်းကုန်ခွန်ကင်းလွတ်ခွင့် တောင်ကိုရီးယား ပြဋ္ဌာန်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ငွေကြေးဖောင်းပွမှုနှင့် အမေရိကန် ဒေါ်လာ မာနေသည်ကို တွန်းလှန်ရန် ရုန်းကန်နေရသည့် နိုင်ငံအနေဖြင့် စွမ်းအင်နှင့် စားသောက်ကုန်များ တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု ခွဲတမ်းကို တိုးချဲ့ရန် စီစဉ်နေကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အခွန်စည်းကြပ်မှု ခွဲတမ်း စာရင်းဝင် ကုန်စည်များကို သတ်မှတ်ထားသည့် ပမာဏအတွင်း သွင်းကုန်ခွန် လျှော့ပေါ့ပေးပါသည်။ သတ်မှတ်ချက်ထက် ကျော်လွန်သော ပမာဏကို မြင့်မားသည့် သွင်းကုန်ခွန် စည်းကြပ်ပါသည်။

သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) အတွက် သတ်မှတ်ထားသည့် ပမာဏအတွင်း သွင်းကုန်ခွန် သုည zero-tariff မူဝါဒကို ၂၀၂၃ မတ်လအထိ ကျင့်သုံးမည် ဖြစ်သည်။ 

ကြက်ဉတင်သွင်းခြင်းကိုလည်း သတ်မှတ်ထားသည့် ပမာဏအတွင်း သွင်းကုန်ခွန် သုညမူဝါဒကို ၂၀၂၃ ဇွန်လအထိ ကျင့်သုံးမည် ဖြစ်သည်။ အောက်တိုဘာလတွင် ကိုရီးယားတွင် ကြက်ငှက်တုပ်ကွေး avian influenza ကျရောက်ခဲ့သဖြင့် ၂၀၂၃ တွင် ကြက်ဉ အထွက်နည်းမည် ဖြစ်သောကြောင့် ကြက်ဉကို အခွန်စည်းကြပ်မှု ခွဲတမ်း စာရင်းဝင်အဖြစ် သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။

သရက်သီး၊ နာနတ်သီးနှင့် ငှက်ပျောသီးတို့အတွက် သွင်းကုန်ခွန်ကို ၃၀% စည်းကြပ်ခြင်းအစား သုညရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်ပါသည်။ သက်တမ်းမှာ ယခုနှစ်ကုန်အထိ ဖြစ်ပါသည်။

Source Yonhap

Read times Last modified on Thursday, 03 November 2022 19:44
Rate this item
(0 votes)