Fruits & Vegetables
မန္တလေး ကြက်သွန်နီ ကြက်သွန်ဖြူ အောင်ပန်းအာလူး ငရုတ်ခြောက် (ရှည်) ဈေးနှုန်းအခြေအနေ
မန္တလေး ကြက်သွန်နီ ကြက်သွန်ဖြူ အောင်ပန်းအာလူး ငရုတ်ခြောက် (ရှည်) ဈေးနှုန်းအခြေအနေ
မန္တလေးကိုင်းတန်းဈေး ကြက်သွန်နီပွဲရုံများတွင် ပခုက္ကူ၊ မြင်းခြံ၊ မုံရွာ ကြက်သွန်များ အဝင်မရှိတော့သော်လည်း မြစ်သားမှ စတင်ဝင်ရောက်လာသဖြင့် ကြက်သွန်နီ (ကြီး) တပိဿာ ယခင်အပတ် ၄၅၀၀ ကျပ် မှ ၄၂၀၀ ကျပ်၊ လတ်တပိဿာ ၄၂၀၀ ကျပ်မှ ၃၇၀၀ ကျပ် သို့ ဈေးနိမ့် သွားပြီး သေးတပိဿာ ၃၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ (ရှမ်းနှင့်မြေပြန့်) မှာ အသစ်ဝင်ချိန်နီးခြင်း၊ လက်ကျန်အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် ရှမ်းကြက်သွန်ဖြူအကောင်းဆုံး တပိဿာ ၃၇၀၀ ကျပ် မြေပြန့် ကြက်သွန်ဖြူ အကောင်းဆုံး ၃၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်ဖြူ (တရုတ်) မှာ အဝင် များခြင်း၊ စားသုံးမှုပုံမှန် ဖြစ်ခြင်းကြောင့် တပိဿာ ၃၇၀၀ ကျပ်မှ ယခုအပတ် ၃၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
အောင်ပန်းအာလူးများ ပစ္စည်းရှားဈေးမြင့်သဖြင့် တရုတ်အာလူးများကိုသာ ရောင်းဝယ်မှု များပြီး အဝင်များခြင်းကြောင့် တပိဿာ ၂၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ချင်းဈေးနှုန်းမှာ ပြည်ပ ပို့ရန် ပင်ရင်းဒေသမှ အဝယ်ရှိသဖြင့် ပင်ရင်းဈေးမြင့်ခြင်း၊ အဝင်နည်းခြင်းကြောင့် တပိဿာ ၁၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။
ငရုတ်ခြောက် (ရှည်) မှာ ကျောက်ပန်တောင်းသီးများ တပိဿာ ၁၆၀၀၀ ကျပ်၊ ရှမ်းသီး တပိဿာ ၁၅၀၀၀ ကျပ် မှ ၁၇၀၀၀ ကျပ် ဈေးရှိပြီး စားဖိုဆောင်သီးနှံများအား ရွှေတော၊ လာရှိုး၊ တန့်ယန်း မြစ်ကြီးနား စသော မြို့များသို့ တင်ပို့မှုရှိသည်။
Source Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



