Fruits & Vegetables



မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

မန္တလေးဈေးကွက် ပဲအမျိုးမျိုး အပါအဝင်  စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းအခြေအနေများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

   17 1 2024                

 

ဆန်ဈေးနှုန်းများ အခြေအနေ

 

မန္တလေးဆန်ပွဲရုံများတွင် အဝင်နည်းသွားခြင်း၊ မြို့တွင်းသုံးပုံမှန်ရှိသော်လည်း မှာယူတင်ပို့ရမှု အနည်းငယ်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန် ရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    .

မနေသုခဆန်မှာ မန္တလေးဝန်းကျင်မှ အသစ်များ ဝင်ရောက်ခြင်း၊ အများသုံးဆန်ဖြစ်ခြင်း၊ အဝေးတင်ပို့ရမှုရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

     .

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တဆင့်ဝင်ရောက်သော ဆန်ဖြစ်ပြီး ငစိန်ဆန်မှာ အဝင်ပုံမှန်၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေပြီး၊ ဇီယာဆန်မှာ အသစ် ဝင်ရောက်မှု မရှိသေးခြင်း၊ အဟောင်း လက်ကျန်နည်းသွားခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ကျပ် မှ ၉၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

    .

ဧရာမင်းဆန်မှာ အသစ်နှင့်အဟောင်း နှစ်မျိုးလုံးတွေ့ရပြီး အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် အသစ်တစ်အိတ် ၁၃၅၀၀၀ ကျပ်၊ အဟောင်းတစ်အိတ် ၁၄၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

.

.

ဆီထွက်သီးနှံဈေးကွက်အခြေအနေ

 မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ)ဈေးနှုန်းမှာ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန် ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၇၂၀၀၀၀ ကျပ်မှ ၈၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

.

မြေပဲ(ဆီဆံ)မှာ ဆီစက်များအဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းပဲမဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာ  အရည်အသွေးအကောင်းဆုံး ၆၀၀၀၀၀ ကျပ်မှ ၆၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.    

နှမ်းမျိုးစုံအနက် ဆောင်းနှမ်းဝင်ချိန်နီးခြင်း၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် ၄၅ ပိဿာ အရည်းအသွေးအကောင်းဆုံး ၃၉၀၀၀၀ ကျပ်မှ ၃၇၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းညိုမှာ ဆောင်းနှမ်း အဝင်နည်းသေးခြင်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၅၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းနက်မှာ အသစ်မဝင်သေးခြင်း လက်ကျန်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃၄၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

.

နှမ်းဝါ(သစ်)များလည်း ဝင်ရောက်မှုရှိပြီး ၄၅ ပိဿာ ၃၁၀၀၀၀ ကျပ်၊ နှမ်းနီ ၃၂၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။

.    

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အသစ်ဝင်ချိန်နီးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ၄၅ ပိဿာ ၁၉၀၀၀၀ ကျပ်မှ ၁၉၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.    

နေကြာဈေးနှုန်းအနေဖြင့် ဆောင်းနေကြာဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ကြောင့်၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၂၇ ပိဿာ ၁၂၅၀၀၀ ကျပ်မှ ၁၁၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

.

စားဖိုဆောင်းသီးနှံဈေးကွက်အခြေအနေ

 မန္တလေးဈေးကွက်တွင် စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီမှာ မြစ်သားနှင့် ရွှေဘိုတို့မှ ဝင်ရောက်ပြီး အဝင်များလာခြင်း၊ အဝေးမြို့များသို့ တင်ပို့ရမှုနည်းခြင်းကြောင့် မြစ်သားကြက်သွန် (ကြီး)တစ်ပိဿာ ၃၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ လတ်တစ်ပိဿာ ၂၈၀၀ ကျပ်မှ ၂၆၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး မြို့တွင်းသုံးဝယ်ယူမှုများသဖြင့် သေးတစ်ပိဿာ ၂၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ရွှေဘိုမှ ဝင်ရောက်သော ကြက်သွန်နီကြီးတစ်ပိဿာ ၂၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ လတ်တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီ၊ ကြက်သွန်ဖြူ(ရှမ်း)မှာ အသစ်မဝင်သေးခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၁၂၀၀၀ ကျပ်မှ အရည်သွေးအကောင်းဆုံး ၁၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.    

အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူး ဝင်ရောက်မှုမရှိဘဲ တရုတ်အာလူးများသာ ဝင်ရောက်မှုရှိခြင်း၊ အဝင်ပုံမှန်၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.    

ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလားသို့ တင်ပို့မှုအနည်းငယ်ရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်ခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။ 

 

.

.

ပဲမျိုးစုံဈေးကွက်အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ အသစ် အဝင်နည်းသေးခြင်း၊ အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး၃တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ် မှ အကောင်းဆုံး ၂၈၄၀၀၀ ကျပ်ထိ ဈေးနှုန်းဖြင့် ပဲခွဲစက်များ ဝယ်ယူမှု ရှိနေသည်။

.

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် အညာဒေသမှ အသစ်များဝင်ရောက်မှုရှိခြင်း၊ ပဲအရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်း၊ ပဲခွဲစက်များနှင့် တရုတ်ဝယ်လက် အနည်းငယ်ရှိခြင်းကြောင့် ၃တင်း တစ်အိတ် အရည်အသွေးအလိုက် ၁၆၅၀၀၀ ကျပ် မှ ၁၈၆၀၀၀ ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

.

ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်ပစ္စည်းရှား၍ အရောင်းအဝယ်ဖြစ်မှု မရှိခြင်းကြောင့် ပဲစဉ်းငုံ (ဖြူ) ဈေးနှုန်းပြတ်ခြင်းမရှိဘဲ ပဲစဉ်းငုံ (နီ) မှာ အရောင်းအဝယ်အေးသော် လည်း၊ ပစ္စည်းရှားခြင်းကြောင့် ၃တင်းတစ်အိတ် ၃၃၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

.      

 ပဲပုတ် (မြန်မာ) မှာ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးကာလဖြစ်၍ လှောင်သမားထံမှ ဝယ်ရခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၁၉၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ် သို့လည်းကောင်း၊ ပဲပုတ် (ရှမ်း) မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၁၆၈၀၀၀ ကျပ် မှ ၁၇၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.      

ကုလားပဲ (လုံးဖြူကြီး/လုံးဝါကြီး) တို့မှာ အသစ်မဝင်သေးခြင်း ပစ္စည်းရှားခြင်း၊ ပဲကြော်/လှော် လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် လုံးဖြူကြီး ၃တင်းတစ်အိတ် ၃၀၂၀၀၀ ကျပ် မှ ၃၁၅၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ကုလားပဲ (လုံးဝါကြီး) မှာလည်း အဝင်ပုံမှန်၊ ခွဲစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါကြီး ဈေးတည်ငြိမ်သဖြင့် ခွဲခြမ်း မှာလည်း တစ်ပိဿာ ၆၅၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ပဲယင်း၊ ပဲလွန်းဖြူ/ပြာ တို့မှာ အသစ်ဝင်ချိန်နီး၍ လှောင်သမားထံမှဝယ်ရခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၅၀၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ပဲလွန်းဖြူ/ပြာ မှာ အသစ်ဝင်ချိန်နီး၍ ပစ္စည်းကောင်းရှားခြင်းကြောင့် ၃တင်းတစ်အိတ်၊ ပဲလွန်းဖြူ ၁၉၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၂၀၀၀၀၀ ကျပ် မှ ၂၀၅၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ 

.

မြေတောက်ပဲ၊ စားတော်ပဲ(ကျွန်း) တို့မှာ အသစ်ဝင်ချိန်နီး၍ ပစ္စည်းကောင်းရှားခြင်းကြောင့် အရောင်း အဝယ်အေးသော်လည်း မြေတောက်ပဲ ၅၄ပိဿာ ၃၄၀၀၀၀ ကျပ်၊ စားတော်ပဲ (ကျွန်း) ၃၆၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

.

ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းပဲမဝင်သေးခြင်းတို့ကြောင့် ပစ္စည်းကောင်းရှားပြီး ပဲကြီး(ကြီး) ၃တင်း တစ်အိတ် ၄၂၀၀၀၀ ကျပ်၊ ပဲကြီး (သေး) ၃၅၅၀၀၀ ကျပ်၊ ထောပတ်ပဲ (ကြီး) ၄၅၀၀၀၀ ကျပ် ထောပတ်ပဲ (သေး) ၄၀၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

.

.

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဈေးကွက်အခြေအနေ

ဟင်းသီး/ရွက် ဈေးနှုန်းအနေဖြင့် မန္တလေးဝန်းကျင်မှ ပန်းမုံလာများ ဝင်ရောက်မှုများ သော်လည်း အရည်အသွေးကောင်းခြင်းကြောင့် တစ်ပွင့် ၈၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၆၀၀ ကျပ် ခါကျက်ဥ တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁ပိဿာ ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ဖြင့် စားသောက်ဆိုင် များဝယ်ယူမှု ပုံမှန်ရှိနေသည်။ 

.

ငရုတ်စိုဈေးနှုန်းအနေဖြင့် မုံရွာ/ချောင်းဦးမှ အဝင်များခြင်း၊ ကွပ်ခိုင် ငါးရက်တစ်ဈေး တင်ပို့ရမှုမရှိခြင်း၊ မြို့တွင်းလုပ်ငန်းသမား အဝယ်သာရှိခြင်းကြောင့် ငရုတ်စို (ရှည်) တစ်ပိဿာ ၂၀၀၀ ကျပ်၊ လတ်တစ်ပိဿာ ၃၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေသည်။

      .

သစ်သီးဝလံဈေးနှုန်းအနေဖြင့် မုံရွာ၊ ချောင်းဦးမှ ပိုက်သခွား၄လုံး တစ်ဖာ ၁၂၀၀၀ ကျပ်၊ ရွှေသခွားတစ်လုံး ၁၀၀၀ ကျပ်၊ ဖရဲသီးတစ်လုံး ၂၀၀၀ ကျပ်၊ ညောင်ပင်ဝန်းမှ သင်္ဘောသီးတစ်လုံး ၈၀၀ မှ ၁၀၀၀ ကျပ် ဖြင့် မြဝတီ၊ လာရှိုးသို့ တင်ပို့ရမှုရှိသည်။

.

ပန်းသီး (အိတ်စွပ်) ၁၀၀လုံးပါ တစ်ဖာ ၆၀၀၀၀ ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါ တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၅၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်၊ သီပေါမှ နာနတ်သီးအရည်အသွေးပေါ်မူတည်၍ ၆၀၀ မှ ၁၀၀၀ ကျပ်၊ လိမ္မော်သီး ၁၀၀ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၂၅၀၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ်ဖြင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 17 January 2024 14:28
Rate this item
(0 votes)