Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး ဆီထွက်သီးနှံ မြေပဲ (လုံးဆံ)နီ ဈေးမြင့်

မန္တလေး ဆီထွက်သီးနှံ မြေပဲ (လုံးဆံ)နီ ဈေးမြင့်

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ/ လုံးဆံ/ဆီဆံဈေးနှုန်းမှာ မြေပဲ (လုံးဆံ) မှာ အသစ်များဝင်ရောက်မှုရှိခြင်း၊ ထွက်ရှိရာ ဒေသအလိုက် အရည်အသွေး ကွာခြားမှုရှိခြင်းကြောင့် မြေပဲ (လုံးဆံ) ၁၀၀ ပိဿာလျှင် အနိမ့်ဆုံး ၄၈၀၀၀ ကျပ်မှ ၅၃၀၀၀၀ ကျပ်ဖြင့် လည်းကောင်း မြေပဲ(ဆီဆံ) မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ ၄၅၀၀၀၀ ကျပ်မှ ၄၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းဝယ် နေသည်။

မြေပဲ (လုံးဆံ) နီမှာမူ မျိုးသမားအဝယ်ရှိခြင်း၊ အထွက်နည်းအဝင်နည်းခြင်းကြောင့် ၁၀၀ ပိဿာ ၅၅၀၀၀၀ ကျပ်မှ ၅၉၀၀၀၀ ကျပ်၊ မျိုးအတွက် ၆၀၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

နှမ်းမျိုးစုံ ဈေးနှုန်းများအနက် နှမ်းဖြူမှာ ဆောင်းနှမ်းသစ်ဝင်ချိန်နီးခြင်း၊ ပြည်ပပို့ရန် ဝယ်ယူမှု နည်းခြင်းကြောင့် ၄၅ပိဿာ ၂၅၀၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်နေပြီး၊ နှမ်းညိုမှာ အသစ်နှင့် အဟောင်းနှစ်မျိုးလုံးတွေ့ရပြီး၊ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၂၂၅၀၀၀ ကျပ်မှ ယခုအပတ် အသစ် ၄၅ ပိဿာ ၁၉၀၀၀၀ ကျပ် အဟောင်း ၄၅ပိဿာ ၂၀၀၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။ နှမ်းနက် (စမုံ) မှာ လည်းအသစ်ဝင်ရောက်မှုရှိခြင်း၊ အရည်သွေးပေါ်မူတည် ဈေးကွာခြား ခြင်းကြောင့် အကောင်းဆုံး ၇၅ပိဿာ ၂၇၀၀၀၀ ကျပ်မှ ယခုအပတ် ၂၅၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွား သည်။ ယခုအပတ် နှမ်းဝါရောင်းဝယ်မှုပါ တွေ့ရပြီး ၄၅ပိဿာ လျှင် ၂၁၅၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

ဆီဈေးနှုန်းများအနေဖြင့် ပဲဆီတပိဿာ ၁၁၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ နှမ်းဆီတပိဿာ ၁၀၀၀၀ ကျပ်၊ မုန်ညှင်းဆီတပိဿာ ၁၀၀၀၀ ကျပ်၊ ဖြင့် ဈေးမသိမသာနိမ့်သွားပြီး နေကြာဆီမှာ တပိဿာ ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 03 December 2022 00:50
Rate this item
(0 votes)