Fruits & Vegetables
၂၀၂၃ ခုနှစ်တွင် ပဲတီစိမ်း တန်ချိန် ၁ဝဝဝဝ ကျော် ပဲတီစိမ်း အီးယူသို့ တင်ပို့မည်
၂၀၂၃ ခုနှစ်တွင် ပဲတီစိမ်း တန်ချိန် ၁ဝဝဝဝ ကျော် ပဲတီစိမ်း အီးယူသို့ တင်ပို့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို နှစ်စဉ်တန်ချိန် ၁၀၀၀ဝ ဝန်းကျင် ဝယ်ယူလျက်ရှိသည့် အီးယူနိုင်ငံများသို့ ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ကျော်အထိ လာမည့်နှစ်၂၀၂၃ ခုနှစ်တွင် တင်ပို့သွားမည်ဖြစ်သည်။
.
အီးယူနိုင်ငံများက ပဲတီစိမ်းများကို ပဲပင်ပေါက် ပြုလုပ်စားသုံးရန်အတွက် ဝယ်ယူခြင်းဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့သတ်မှတ်ထားသော အရည် အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိပြီး ရောဂါပိုးမွှားများ ကင်းရှင်းစေရန် EU Guide Line ပါ စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ပြီး တင်ပို့မည်ဖြစ်သည်။
.
ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။
ယခုအခါ ပဲရာသီမှာ EU သို့ ပဲတီစိမ်းများတင်ပို့နိုင်ရေး အတွက် တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများ ဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေး သင်တန်းများပို့ချခြင်း၊ Farm Collector နှင့် Processor Level စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် EU နိုင်ငံများ သို့ Bean sprouting အတွက် မြန်မာ့ပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီး ကြပ်အဖွဲ့က အစည်းအဝေးများကျင်းပပေးနေပြီဖြစ်သည်။
Farmer နှင့် Collector Inspection & Testing ကို စိုက်ပျိုးရေး ဦးစီးဌာနက လည်းကောင်း၊ Processor Inspection & Training ကို စားသုံးသူရေးရာဦးစီးဌာနကလည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ EU ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် Processor Level စစ်ဆေးခြင်းကို MITS သို့ တပ်ဆင့်တာဝန်ပေးအပ်ထားသည်။
Processor Level ပိုင်းကို MITS မှ နှစ်အလိုက် စစ်ဆေးမှုများ ကတော့ ၂၀၁၈ ခုနှစ်မှာ ကိုးခု၊ ၂၀၁၉ ပြည့်နှစ်မှာ ၁၀ ခု၊ ၂၀၂၀ ခုနှစ်မှာ ခြောက်ခု၊ ၂၀၂၁ ခုနှစ်မှာ ခြောက်ခုနှင့် ၂၀၂၂ ခုနှစ်မှာ ငါးခု အသီးသီးဖြစ်သည်။
EU သို့ မြန်မာ့ပဲများတင်ပို့ရာမှာ Hygiene ပိုင်းကို အဓိကထား စိစစ်လျက်ရှိသည်။ Processor ပိုင်းကို စစ်ဆေးရာမှာ ဝယ်ယူခြင်း နှင့် ပဲအိတ်များ လက်ခံရရှိမှုအပိုင်း၊ ကုန်ကြမ်းနှင့် ကုန်ချောများ သိုလှောင်ရုံ၌ ထားရှိမှုအပိုင်း၊ ပဲတီစိမ်းသန့်စင်မှု အပိုင်း၊ ကုန်သေတ္တာ ပေါ်တင်ခြင်းနှင့် ပြည်ပတင်ပို့မှုအပိုင်း၊ အရည်အသွေး ထိန်းချုပ်မှု အပိုင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အပိုင်းဆိုပြီး အပိုင်း(၆)ပိုင်းခွဲကာ စစ်ဆေးရေးလုပ်ငန်းကို ဆောင် ရွက်ပေးလျက်ရှိသည်။
စစ်ဆေးရေးလုပ်ငန်းများကို MITS မှ Criteria များနှင့် ကိုက်ညီမှု ရှိ၊ မရှိ လုပ်ဆောင်ရာမှာပထမအကြိမ် စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက တစ်ကြိမ်သာစစ်ဆေးရေး လုပ်ဆောင်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက ပြုပြင်ရန် များလိုအပ်ချက်များကို စက်ရုံတာဝန်ခံအား အသိပေးရှင်းလင်းပြော ကြားခဲ့ပြီး ပြုပြင်ရန် အချိန်တစ်ခုသတ်မှတ်ပေးခဲ့သည်။ ပြင်ဆင်မှု လည်းပြီး ဆုံးဒုတိယအကြိမ် စစ်ဆေးရန် အဆင်သင့်ဖြစ်ပြီဆိုပါက MITS မှ ဒုတိယအကြိမ် စစ်ဆေးမှုကို ထပ်မံပြုလုပ်၍ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိကြောင်း Certificate ကို MITS မှ ဖြည့်စွက် ထုတ် ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနသို့ စားသုံးသူရေးရာဦးစီးဌာနကတစ်ဆင့် ပေးပို့ရခြင်းဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနနှင့် GIZ တို့မှ ကျွမ်းကျင်ပညာရှင်များက သင်တန်းပို့ချလေ့ကျင့်ပေးထားသည့် MITS မှ စစ်ဆေးရေးမှူးများက Processor Level ကို စစ်ဆေးပေး နေခြင်းဖြစ်သည်။
.
မြန်မာ့ပဲတီစိမ်းများကို အဓိက အားဖြင့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီ စသည့်နိုင်ငံများသို့ အဓိကတင်ပို့ပါသည်။
၎င်းနိုင်ငံများက အခြားသော ဥရောပနိုင်ငံများ သို့ ကုန်သည်အချင်းချင်း ချိတ်ဆက် ဖြန့်ဖြူးရောင်းချပါသည်။
.
မြန်မာနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ပဲတီစိမ်း ကို တရုတ်နှင့် အီးယူသို့ လည်းကောင်း အဓိက တင်ပို့ပါသည်။
Source commerce journal
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



