Fruits & Vegetables
မန္တလေးဈေးကွက် ဆီထွက်သီးနှံနှင့် ဆီ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ
မန္တလေးဈေးကွက် ဆီထွက်သီးနှံနှင့် ဆီ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးပွဲစားကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံဈေးနှုန်းအနေဖြင့် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မိုးပဲ အဝင်နည်းသွားခြင်း၊ ဆောင်းပဲစိုက်ပျိုးထားဆဲဖြစ်ခြင်း၊ မြေပဲ (လုံးဆံ)မှာ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြင်းကြောင့် ၁၀၀ ပိဿာလျှင် အရည်အသွေးအညံ့ဆုံး ၄၈၀၀၀၀ ကျပ်မှ ၅၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး မြေပဲ (ဆီဆန်)မှာ ယခင်အပတ် အနိမ့်ဆုံး ၄၅၀၀၀၀ ကျပ်မှ ယခုအပတ် ၄၈၀၀၀၀ ကျပ်သို့ လည်းကောင်း အရည်အသွေးအကောင်းဆုံး ၄၇၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။
.
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် ဆောင်းနှမ်းဝင်ရောက်ခြင်း၊ လုပ်ငန်းသမား ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် စိုက်ဧက နည်းအထွက်နည်း အဝင်နည်းသော နှမ်းဖြူ ၄၅ ပိဿာ ၂၄၀၀၀၀ ကျပ်မှ ယခုအပတ် အရည်အသွေးအနိမ့်ဆုံး ၂၄၃၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၂၅၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းညို ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်၊ နှမ်းနက် (စမုံ) ၂၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
ပန်းနှမ်းဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးပြီးကာလ ဖြစ်ခြင်း၊ ပစ္စည်းနည်းခြင်း၊ မြေပဲ၊ နှမ်းဈေး မသိမသာနိမ့်သဖြင့် ဆီစက်သမား အဝယ်နည်းခြင်းတို့ကြောင့် အရည်အသွေးအညံ့ဆုံး ၄၅ ပိဿာ ၁၃၀၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
.
နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာလက်ကျန်နည်းသော်လည်း ဆောင်းနေကြာဝင်ချိန် နီးခြင်း၊ ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် ၂၇ ပိဿာ ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။
Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



