Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံစိုက်ခင်းများအား Sprinkler အသုံးပြု၍ ရေသွင်းစိုက်ပျိုးမှုများပြားလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် လွယ်အွန့် ကျေးရွာ၊ ကန်တောင်း၊ ရန်ကင်း၊ ကုန်းသာ၊

ဟဲလုံ၊ သာယာကုန်းနှင့် နမ့်ခုတ်ကျေးရွာများရှိ ဟင်းသီး ဟင်းရွက်(ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲ) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး)စိုက်ခင်းများတွင် ရေလောင်းစိုက်ပျိုးခြင်းအစား Sprinkler အသုံးပြု၍ ရေသွင်းခြင်း စိုက်ပျိုးအသုံးပြုလာကြသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်း နိုင်ခြင်း၊ သီးနှံအမျိုးအစားအလိုက်လိုအပ်သည့်ရေပမာဏနှင့် ရေသွင်းရမည့်အချိန် ကာလတို့ကို တွက်ချက် နိုင်ခြင်းဖြင့် ရေကိုအကျိုးရှိအောင်သုံးစွဲနိုင်ခြင်း၊ ရေငွေ့ပျံဆုံးရှုံးမှုများလျော့နည်း သက်သာ ပြီးရေက ိုချွေတာနိုင်ခြင်း၊ စိုက်ခင်းအတွင်းသီးနှံပင်များရေရှိနိုင်မှု အညီအမျှဖြစ်ခြင်း၊ မြေအမျိုး အစားမရွေး Sprinkler Irrigation ကိုဆောင်ရွက်နိုင်ခြင်းနှင့် Sprinklerတပ်ဆင် အသုံးပြုရန်အတွက် နေရာကျယ် အဝန်းမလိုအပ်ခြင်းတို့ကြောင့်ယခုနှစ်ဆောင်းရာသီတွင် Sprinkler တပ်ဆင် ခြင်းများ ပိုမိုဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း ထံမှ သိရသည်။

MDN

 

135848851_3586777604748434_2150347860700948062_n.jpg

Read times Last modified on Thursday, 07 January 2021 10:32
Rate this item
(0 votes)