Fruits & Vegetables



မန္တလေးဈေးကွက် ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဈေးနှုန်းများ အခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၀၁ စက်တင်ဘာ  ၂၀၂၃

 

ဆန်ဈေးကွက်အခြေအနေ

       

 မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန် ပေါ်ဆန်း ရွှေဘို ပေါ် ဆန်းတို့မှာ အသစ် မဝင်သေးခြင်း၊ မြို့တွင်း စားသုံးမှု ပုံမှန်ရှိခြင်းကြောင့် 

ရန်ကုန် ပေါ်ဆန်း တစ်အိတ် ၁၂၅၀ဝ၀ ကျပ်

ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၀ဝ၀ဝ ကျပ်ဖြင့် 

ဈေး တည်ငြိမ်နေသည်။

မနောသုခဆန်မှာ မိုးစပါးဝင်ချိန်နီးခြင်း အများဆုံးဆန်ဖြစ်ခြင်း၊ လှောင်သမား ထုတ်ရောင်းမှု ရှိခြင်းကြောင့် 

မနောသုခဆန် တစ်အိတ် ၈၈၀ဝ၀ ကျပ်မှ ၈၅၀ဝ၀ကျပ် သို့ ဈေးနိမ့်သွား သည်။

        

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတဆင့် တင်ပို့သော ဆန်ဖြစ် ခြင်း၊ မိုးစပါး မဝင်သေးသော်လည်း လုပ်ငန်းသမားနှင့် အဝေးတင်ပို့ရမှု နည်းခြင်း ကြောင့် 

ဇီယာဆန် တစ်အိတ် ၈၀ဝ၀ဝကျပ်၊ 

ငစိန်ဆန် တစ်အိတ် ၆၅၀ဝ၀ကျပ်ဖြင့် 

ဈေး တည်ငြိမ် နေသည်။

ဧရာမင်းဆန်မှာ မြို့တွင်းစားသုံးမှုများခြင်း ပေါ်ဆန်းအစားထိုးစိုက်သော ဆန် ဖြစ်၍ အထွက် နည်း ၊ အဝင်နည်းခြင်း၊ အသစ်မဝင်သေးခြင်းကြောင့် 

ဧရာမင်းဆန် တစ်အိတ် ၁၄၀ဝ၀ဝ ကျပ်ဖြင့် ဈေး တည်ငြိမ်နေ သည်။

 

ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

 

         

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံး ဆန်/ဆီဆံ) ဈေးနှုန်းများ မိုးမြေပဲ ဝင်ချိန်နီးခြင်း လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်း သမားနှင့် တရုတ်ဝယ်လက်နည်းခြင်း ဆီစက်များ အဝယ်နည်းခြင်းကြောင့် 

မြေပဲ (လုံးဆန်) အရည် အသွေး အကောင်းဆုံး ၁၀ဝ ပိဿာ ၈၃၀ဝ၀ဝ ကျပ်မှ ၇၈၀ဝ၀ဝ ကျပ်သို့လည်းကောင်း 

ဆီဆံ (၁၀ဝ) ပိဿာ ၇၇၀ဝ၀ဝ ကျပ်မှ ၇၁၀ဝ၀ဝ ကျပ်သို့  ဈေးနိမ့်သွားသည်။

        

နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ မိုးနှမ်းဝင်ချိန် နီးခြင်း၊ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် အရည်အသွေး အကောင်းဆုံး 

●  နှမ်းဖြူ ယခင်အပတ် ၄၅ ပိဿာ  ၄၃၅၀ဝ၀ ကျပ်မှ ၄၁၀ဝ၀ဝ ကျပ်သို့ လည်းကောင်း ဈေးနိမ့်သွားပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ အသစ် အဝင်နည်းသေးခြင်း ကြောင့် 

●  နှမ်းညို ၄၅ ပိဿာ ၄၂၀ဝ၀ဝကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

နှမ်းနက်မှာလည်း အသစ်ဝင်ချိန်နီးခြင်း တရုတ်ဝယ်လက်နည်းခြင်းကြောင့် 

●  နှမ်းနက် ၄၅ ပိဿာ ၃၂၀ဝ၀ဝ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ 

●  နှမ်းနီ (သစ်) ၄၅ ပိဿာ ၃၃၀ဝ၀ဝ ကျပ် 

●  နှမ်းဝါ ၄၅ ပိဿာ ၃၂၅၀ဝ၀ ကျပ် ဈေးရှိသည်။

        

ပန်းနှမ်းမှာ လက်ကျန်နည်းခြင်း၊ အသစ်စိုက်ချိန်နီးခြင်းကြောင့် 

●  ပန်းနှမ်း ၄၅ ပိဿာ ၂၀ဝ၀ဝ၀ ကျပ်ထိ ဈေးမြင့်နေသည်။ 

နေကြာမှာမူ မိုးနေကြာဝင်ချိန် ဖြစ်ခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိ ခြင်းကြောင့် 

●  နေကြာ ယခင်အပတ် ၂၇ ပိဿာ ၁၄၀ဝ၀ဝကျပ်မှ ၁၃၅၀ဝ၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဆီဈေးနှုန်းများအနေဖြင့် 

●  ပဲဆီတစ်ပိဿာ ၁၄၀ဝ၀ကျပ်မှ ၁၅၀ဝ၀ကျပ် 

●  နှမ်းဆီ တစ်ပိဿာ ၁၃၅၀ဝကျပ်၊ 

●  နေကြာဆီ တစ်ပိဿာ ၁၃၀ဝ၀ ကျပ် ၊ 

●  ပဲပုပ်ဆီ ၇၀ဝ၀ကျပ် ၊ 

●  မုန့်ညှင်းဆီ ၁၂၀ဝ၀ ကျပ် 

အသီးသီးဖြင့် ဈေးတည်ငြိမ်နေသည်။


စားဖိုဆောင်သီးနှံ ဈေးကွက်အခြေအနေ

        

 မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် စစ်ကိုင်း၊ မြင်းခြံ၊ ရွှေဘို မုံရွာ၊ မြင်းမူတို့မှ ကြက်သွန်နီများ ဝင်ရောက်သော်လည်း တရုတ်နှင့် ဘင်္ဂလားသို့ တင်ပို့မှုရှိ ခြင်းကြောင့် 

ကြက်သွန်နီ ကြီးတစ်ပိဿာ ၃၄၀ဝ မှ ၃၇၀ဝ ကျပ် 

●  ကြက်သွန်နီ လတ် တစ်ပိဿာ ၃၃၀ဝကျပ်မှ ၃၅၀ဝကျပ်

●  ကြက်သွန်နီ သေး တစ်ပိဿာ ၂၈၀ဝမှ ၃၀ဝ၀ ကျပ်၊ သို့ ဈေးအသီးသီးမြင့်သွားသည်။

        

ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်၊ စားသုံးမှု ပုံမှန်ရှိခြင်း ကြက်သွန်ဖြူ (ရှမ်း) ဝင်ရောက်မှုရှိခြင်းကြောင့်

ကြက်သွန်ဖြူ ယခင်အပတ် တစ်ပိဿာ ၈၂၀ဝကျပ် မှ ၈၀ဝ၀ကျပ်သို့ ဈေးနိမ့်သွားသည်။ 

ကြက်သွန်ဖြူ (ရှမ်း) မှာ ယခင်အပတ်အတိုင်း တစ်ပိဿာ ၈၀ဝ၀ကျပ်မှ ၉၀ဝ၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

      

 အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ ပုံမှန်ဝင်ရောက်ပြီး မြို့တွင်း စားသုံးမှုနည်းခြင်ကြောင့် 

 အာလူး တစ်ပိဿာ ၂၃၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 အောင်ပန်းအာလူးမှာ ဈေးမြင့်သဖြင့် ခူး ဆွတ်စ နုနေသဖြင့် အထားမခံခြင်းကြောင့် အရောင်းအဝယ် နည်းနေသည်။

 

ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလား၊ အိန္ဒိယသို့ ပင်ရင်းဒေသမှ တင်ပို့မှုရှိခြင်း ကြောင့် 

 ချင်း တစ်ပိဿာ ၅၂၀ဝ ကျပ်မှ ၆၀ဝ၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

        

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်း အနေဖြင့် မတ်ပဲဈေးနှုန်းမှာ အသစ်စိုက်ချိန်နီးခြင်း၊ 

လှောင်သမားထံတွင် လက်ကျန် နည်းခြင်းကြောင့် ရန်ကုန်ဝယ် လက်နည်းသော်လည်း 

မတ်ပဲ ၆၀ ပိဿာ ၂၃၅၀ဝကျပ်မှ ၂၄၀ဝ၀ဝ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲတီစိမ်း (အညာ)မှာ မိုးပဲတီစိမ်းဝင်ချိန်နီးခြင်း၊ ထွက်ရှိရာဒေသအလိုက် အရည်အသွေး ကွာခြားမှုရှိခြင်းကြောင့် 

ပဲတီစိမ်း (အညာ) ၃တင်းတစ်အိတ် ၁၄၅၀ဝ၀ ကျပ်မှ ၁၆၆၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

ပဲစဉ်းငုံ၊ (ဖြူ/နီ) တို့မှာ အဟောင်းလက်ကျန်နည်းခြင်း အသစ်စိုက်ထားဆဲ ကာလဖြစ်ခြင်း ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် 

ပဲစဉ်းငုံ (နီ)  ယခင်အပတ်  ၆၀ ပိဿာ ၃၃၅၀ဝ၀ ကျပ်မှ ၃၅၀ဝ၀ဝ ကျပ်သို့ ဈေးမြင့်သွားပြီး 

ပဲစဉ်းငုံ (ဖြူ)မှာ ၃၀ဝ၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

ပဲပုတ်၊ (ရှမ်း/မြန်မာ) တို့မှာ မိုးပဲပုတ်မဝင်သေးခြင်း၊ လုပ်ငန်းသမား အဝယ် ပုံမှန်ရှိခြင်းကြောင့် 

ပဲပုတ် (မြန်မာ) ၃တင်း ၁အိတ် ၂၅၀ဝ၀ဝ ကျပ်

ပဲပုတ် (ရှမ်း) မိုးညှင်း ၁၇၇၀ဝ၀ကျပ် 

ပဲပုတ် (ရှမ်း) မိုးမိတ် ၁၆၉၀ဝ၀ ကျပ်

 ဖြင့် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

        

ကုလားပဲဈေးနှုန်းအနေဖြင့် လုပ်ငန်းသမား စက်သမားအဝယ်နည်းခြင်း ကြောင့် လက်ကျန်နည်းသော်လည်း 

ကုလားပဲ (ကုဖြူကြီး) ၃တင်းတစ်အိတ် ၂၇၂၀ဝ၀ ကျပ် 

ကုလားပဲ (လုံးဝါကြီး)၊ ၂၆၅၀ဝ၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

လုံးဝါကြီး ဈေးနိမ့်သဖြင့် ခွဲခြမ်းဈေးမှာလည်း ဈေးနိမ့်သဖြင့် 

ကုလားပဲ (ခွဲခြမ်း) တစ်ပိဿာ ၆၅၀ဝကျပ်မှ ၆၃၀ဝသို့ ဈေးနိမ့်သွားသည်။

       

 ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး)တို့မှာ မိုးပဲ မဝင်သေးခြင်း၊ လှောင် သမားထံမှ ဝယ်ရခြင်းကြောင့် 

ပဲကြီး ၃တင်းတစ်အိတ် ၃၁၅၀ဝ၀ ကျပ်၊

ပဲကြီး (သေး) ၂၉၀ဝ၀ကျပ်၊

ထောပတ်ပဲ (ကြီး) ၃၇၀ဝ၀ဝကျပ်၊

ထောပတ်ပဲ (သေး) ၃၅၀ဝ၀ဝ ကျပ်

အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

       

ပဲယင်းမှာ စတင်စိုက်ပျိုးစ လက်ကျန်နည်းခြင်းကြောင့် 

ပဲယင်း ၁၇၃၀ဝ၀ ကျပ် မှ ၁၈၀ဝ၀ဝ ကျပ်သို့ 

ဈေးမြင့်သွားပြီး  မြေထောက်ပဲမှာလည်း ပဲအရည်အသွေး ပေါ်မူ တည်၍ ဈေးကွာခြားခြင်း၊ လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့်

မြေထောက်ပဲ  ၃၃၀၀ဝ၀ကျပ်မှ ၃၈၀ဝ၀ဝ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

 

စားတော်ပဲ ကျွန်းမှာ လက်လီသမား အဝယ်ပုံမှန်ရှိခြင်း၊ လက်ကျန်နည်းခြင်း ကြောင့် 

စားတော်ပဲ(ကျွန်း) ၃တင်း တစ်အိတ် ၄၀ဝ၀ဝ၀ကျပ်

ဖြင့် ဈေးတည်ငြိမ်နေသည်။ 

ပဲလွန်းဖြူမှာလည်း လက်ကျန်နည်းခြင်း၊ ပစ္စည်းရှားခြင်းကြောင့် 

ပဲလွန်းဖြူ  ၃တင်း တစ်အိတ် ၁၇၅၀ဝ၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး 

ပဲလွန်းပြာမှာ  ၃တင်း တစ်အိတ် ၁၈၀ဝ၀ဝ ကျပ်မှ ၁၉၅၀ဝ၀ ကျပ် ၊ သို့ ဈေးမြင့်သွားသည်။

       

ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးကွက် အခြေအနေ

 

မန္တလေးသီရိမာလာ ဈေးတွင် ဟင်းသီဟင်းရွက် ဈေးနှုန်းအနေဖြင့် 

 

ခရမ်းချဉ် (ရှမ်းတောင်)မှာ အဝင်နည်းခြင်း ကြောင့် ၂၀ပိဿာ တစ်သေတ္တာလျှင် ၄၃၀ဝ၀ကျပ်၊ 

ရွာငံသီး တသေတ္တာ ၂၇၀ဝ၀ ကျပ်ဈေးဖြင့်၊လုံးခင်း မြစ်ကြီးနားနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

     

ပန်းမုံလာ၊ ဂေါ်ဖီထုပ်များ ဝင်ရောက်မှုများခြင်းကြောင့် အရည်အသွေးအပေါ် မူတည်၍ 

ပန်းမုံလာတစ်ပွင့် ၅၀ဝ မှ ၈၀ဝကျပ်၊ 

ဂေါ်ဖီတစ်ထုပ် ၆၀ဝ ကျပ်သို့ ဈေးနိမ့် သွားသည်။ 

 

ဘိုစားပဲသီးများ အောင်ပန်းမှ ဝင်ရောက်ပြီး 

ဘိုစားပဲသီး တစ်ပိဿာ ၂၂၀ဝ ကျပ်ဈေး ရှိသည်။ 

 

ငရုတ်စို ဈေးနှုန်းအနေဖြင့် ငရုတ်စို (ရှည်) မှာ တပ်ကုန်းဘက်မှ အဝင်များ ခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် 

ငရုတ်စို (ရှည်) တစ်ပိဿာ ၁၉၀ဝ ကျပ်

 သို့ ဈေးနိမ့်သွားပြီး ၊ ငရုတ်စို (လတ်)မှာ ပုသိမ်ကြီး၊ ပြင်ဦးလွင်မှ ဝင်ရောက်ပြီး 

ငရုတ်စို (လတ်) တစ်ပိဿာ ၅၀ဝ၀ ကျပ်

ဖြင့် ငပိထောင်း၊ လက်ဖက်သမားများ ပုံမှန်ဝယ်ယူမှုရှိသည်။

       

 

သစ်သီးဝလံ ဈေးနှုန်းအနေဖြင့် 

ဖရဲသီး ၃ပိဿာတစ်လုံးလျှင် ၁၅၀ဝ ကျပ်၊ 

သခွားမွှေး၊ ဝူခုန်း သခွား၊ ရွှေသခွား အလွတ်တစ်လုံးလျှင် ၂၃၀၀ကျပ်၊ ၄လုံး ၁ဖာ ၇၀ဝ၀ မှ ၈၀ဝ၀ ကျပ်၊ 

ဖရဲသခွား ၃လုံး တစ်ဖာ ၇၀ဝ၀ မှ ၈၀ဝ၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။ 

 

မြင်းမူ၊ ကျောက်ဆည်တံတားဦးတို့မှ သင်္ဘောသီးများ ဝင်ရောက်ပြီး 

သင်္ဘောသီး ၂လုံးတွဲ တစ်ထုပ် ၂၅၀ဝ ကျပ် ၊ တစ်လုံး  ၃၀ဝ၀ ကျပ်

 ဖြင့် လာရှိုး၊ မူဆယ်နှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

 

Source MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 September 2023 17:52
Rate this item
(0 votes)