Fruits & Vegetables
ယခုနှစ် ဗီယက်နမ် သစ်သီးဝလံ ကန်ဒေါ်လာ ၄ ဘီလီယံဖိုး တင်ပို့ရန် လျာထား
ယခုနှစ် ဗီယက်နမ် သစ်သီးဝလံ ကန်ဒေါ်လာ ၄ ဘီလီယံဖိုး တင်ပို့ရန် လျာထား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဗီယက်နမ်သည် တရုတ်ဈေးကွက်သို့ ပထမ၃ လပတ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကန်ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး တင်ပို့ခဲ့သည်ဟု ဗီယက်နမ် သစ်သီးဝလံအသင်း Vietnam Fruit Association (Vinafruit) အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။ ဒူရင်း၊ ကန်စွန်းဉ၊ ငှက်ပျောသီးတို့ကို တရုတ်အစိုးရနှင့် စာချုပ်ချုပ်ဆိုပြီး တင်ပို့ခဲ့သည်။ ထို့ပြင် ဒူရင်းသီး အမြောက်အမြား တင်ပို့ခဲ့သည်။ နဂါးမောက်သီး၊ သရက်သီး၊ ဖရဲသီး၊ ပိန္နဲသီးနှင့် ကြက်မောက်သီးတို့ကိုလည်း တင်ပို့ခဲ့သည်။ အခွံစိမ်း ကျွဲကော၊ အုန်းသီးအစိမ်း၊ ထောပတ်သီး၊ သံပုရာ၊ နာနတ်သီးနှင့် သကြားသီးတို့ကိုလည်း တင်ပို့ခဲ့သည်။
.
ကျွဲကော်သီးများကို အမေရိကန်သို့ တင်ပို့သည်။ ပင်မှည့်သီးများကို နယူးဇီလန်သို့ တင်ပို့သည်။
.
ယခုနှစ်တွင် သစ်သီးဝလံတင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဘီလီယံဖိုးအထိ ရှိမည်ဟု လျာထားသည်ဟု Nguyen က ပြောကြားသည်။
.
ဗီယက်နမ်သည် ယမန်နှစ်က သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာ ၃.၄ ဘီလီယံနီးပါး ရရှိခဲ့သည်။
.
အကြီးမားဆုံး အခက်အခဲမှာ အသိအမှတ်ပြု ကုဒ်အမှတ်ရ စိုက်ခင်းဧရိယာနှင့် ထုပ်ပိုးအလုပ်ရုံ နည်းပါးနေသေးခြင်းဖြစ်သည်ဟု Nguyen က ပြောကြားသည်။ ဗီယက်နမ်တွင် ကုဒ်အမှတ် ရရှိထားသော စိုက်ခင်းဧရိယာ ၂၄၆ ခုသာ ရှိသည်။ ကုဒ်အမှတ် ရထားသော ထုပ်ပိုးအလုပ်ရုံ ၁၀၀ ခန့်သာ ရှိသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုင်းနိုင်ငံတွင် ကုဒ်ရထားသည့် စိုက်ခင်းခုရေ ၂ သောင်းဝန်းကျင်နှင့် ကုဒ်ရထားသည့် ထုပ်ပိုးအလုပ်ရုံ ၂,၀၀၀ ဝန်းကျင် ရှိသည်။
Source vnexpress
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U