Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စံပယ်ပန်းကြော် လုပ်စားကြည့်ရအောင်

မြန်မာပြည်မှာတော့ စံပယ်ပန်းကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်တဲ့ အလေ့အထ မရှိကြပါဘူး။

 

သို့ပေမဲ့ ယူနန်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကတော့ ပန်းမျိုးစုံကို မုန့်ပဲသရေစာ၊ ဟင်းလျာများအဖြစ် ချက်ပြုတ်စားသောက်တတ်ကြပါတယ်။


အဲဒီထဲကမှ နှင်းဆီပန်းကို ဌာပနာထားတဲ့မုန့်နဲ့စပယ်ပန်း ဟင်းလျာတို့ဟာလည်း ယူနန်ပြည်နယ်ရဲ့ နာမည်ကျော် ပန်းနဲ့လုပ်တဲ့ အစားအစာမှာ အပါအဝင်ဖြစ်ပါတယ်။


စံပယ်ပန်းဆိုတာထက် စံပယ်ဖူးဆိုရင် ပိုပြီးမှန်ပါမယ်။ အဲဒီအဖူးလေးတွေကို ကြက်သွန်ဖြူ၊ ကျို့ဆိုင်ရွက်၊ ငရုတ်သီးတို့နဲ့ ဟင်းတစ်ခွက်အဖြစ် ကြော်လှော်ထားတာပါ။ ကြွက်နားရွက်မှိုနဲ့လည်း ကြော်စားကြသလို ကြက်ဥနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။


စံပယ်ပန်းတွေကို အနံ့၊ အရသာ မပျက်စေပဲ အခြောက်ခံပြီး ဟင်းချက်ရာမှာထည့်လေ့ရှိသလို ရေနွေးကြမ်းအဖြစ်လည်း သောက်ကြပါသေးတယ်။

 

ယူနန်ပြည်နယ်ထွက် Jasmine tea ကတော့ လ္ဘက်ခြောက်ကောင်းကောင်း၊ စံပယ်ပန်းနံ့မွှေးမွှေးနဲ့မို့ နာမည်ကြီးလှပါတယ်။

 

ဒါကတော့ ကျွန်မတို့ဆီမှာ မစားဖြစ်ကြတဲ့ အစားအသောက် အထူးအဆန်းလေးကို ဗဟုသုတ အဖြစ် ပြန်လည်မျှဝေတာ ဖြစ်ပါတယ်။

 

အိမ်မှာ စံပယ်ပန်းတွေ စိုက်ထားသူများ ဟင်းတစ်ခွက်အဖြစ် အသုံးချဖို့အတွက်လည်း ဟင်းချက်နည်းလေး မျှဝေခြင်း ဖြစ်ပါတယ်။


ဟင်းချက်နည်းလေးနဲ့ ဓာတ်ပုံကိုတော့ အင်တာနက်က ယူထားခြင်းဖြစ်ပါတယ်။

 

Credit: Chaw Su Khaing

 

Read 3407 times
Rate this item
(2 votes)