Fruits & Vegetables



ဗီယက်နမ် လိုင်ချီး ထိုင်းစူပါမားကတ်မှာ နေရာရ

ဗီယက်နမ် လိုင်ချီး ထိုင်စူးပါမားကတ်မှာ နေရာရ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

ဗီယက်နမ် လိုင်ချီးသီးတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ထိုင်းနိုင်ငံ ဈေးကွက်မှာ ရှိနေပြီ ဖြစ်ပါတယ်။

.

ဒါပေမဲ့ ဒီသစ်သီးဝလံတွေကို နိုင်ငံတွင်းမှာရှိတဲ့ အဓိကစူပါမားကတ်ဆိုင်ခွဲတွေမှာ ရောင်းချတဲ့အဆင့်ကို ပထမဆုံးအကြိမ် ရရှိလာခဲ့ပါတယ်။

"ထိုင်းစားသုံးသူများထံ လုိင်ချီးသီး လတ်လတ်ဆတ်ဆတ်များ ယူဆောင်လာတဲ့ ရှေ့ဆောင်လုပ်ငန်းတစ်ခု ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ဝမ်းမြောက်မိပါတယ်" လို့ ထိုင်းနိုင်ငံသို့ လတ်ဆတ်လိုင်ချီးတင်ပို့တဲ့ Vifoco ရဲ့ ဥက္ကဋ္ဌ Nguyen Xuan Viet က ပြောကြားပါတယ်။

 


ဗီယက်နမ် အစေ့မဲ့ လိုင်ချီး ဂျပန်နှင့် ယူကေသို့ တင်ပို့

https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/6355


 

လာမယ့်နှစ်မှာ ထိုင်းနိုင်ငံသို့ ဗီယက်နမ်လိုင်ချီး တန်ချိန် ၁,၀၀၀-၂,၀၀၀ တင်ပို့နိုင်ဖို့ ၎င်းက မျှော်မှန်းထားပါတယ်။

.

Siam Paragon ရှော့ပင်းမောလ်မှာ ရောင်းချတဲ့ ဗီယက်နမ်လိုင်ချီးကို ဈေးလာဝယ်သူများ စိတ်ဝင်တစား ရှိကြပါတယ်။

 ထိုင်းမှာ ဗီယက်နမ်လိုင်ချီး ဖြန့်ချိတဲဘ Ekthai ရဲ့ စီအီးအို Somkiat Wongsakulchai က ကုမ္ပဏီအနေဖြင့် လာမယ့်နှစ်မှာ ဗီယက်နမ်လိုင်ချီး ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

 .

လိုင်ချီးကို ဗီယက်နမ်နိုင်ငံမှာ နေရာဒေသအများအပြားတွင် စိုက်ပျိုးကြပြီး အများစုမှာ မြောက်ပိုင်းရှိ Bac Giang ပြည်နယ်မှာ စိုက်ပျိုးကြတာကြောင့် ဗီယက်နမ်ရဲ့  lychee စိုက်ပျိုးရေး အချက်အချာအဖြစ် လူသိများပါတယ်။

Bac Giang ပြည်နယ်မှာ ၂၀၂၂ ခုနှစ်မှာ လိုင်ချီးတန်ချိန် ၁၉၉,၅၀၀ ဆွတ်ခူးခဲ့ပါတယ်။ ဝင်ငွေ ကန်ဒေါ်လာ သန်း ၂၉၀ ရရှိခဲ့ပါတယ်။

.

၂၀၂၂ ခုနှစ်မှာ Bac Giang လိုင်ချီး တန်ချိန် ၇၅,၉၀၀ ပြည်ပတင်ပို့ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး အမေရိကန်စူပါမားကက်မှာ ရောင်းဈေး တစ်ပေါင် $14-15 ရှိပါတယ်။ (တစ်ကီလို $33)

Source vnexpress 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Wednesday, 12 July 2023 18:50
Rate this item
(0 votes)