Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက်တင်ပို့မှု  ခြောက်နှစ်အတွင်း ဝင်ငွေ နှစ်ဆကျော်တိုး

ပြည်ပဈေးကွက်များ ပွင့်လာခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ တိုးတက်လာခြင်းတို့ကြောင့် မြန်မာ၏ စိုက်ပျိုးရေးထွက်ကုန်များပြည်ပတင်ပို့မှုတိုးတက်လျက်ရှိရာ

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှရရှိသည့် အသားတင်ဝင်ငွေသည် ခြောက်နှစ်အတွင်း နှစ်ဆကျော်အထိ တိုးတက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရပါတယ်။

 

၂ဝ၁ဝ ပြည့်နှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုရငွေမှာ အမေရိကန်ဒေါ်လာ ၅၅ သန်း ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်တွင် ၁၄၁ သန်းအထိ သိသိသာသာ တိုးမြင့်လာခဲ့သည်ဟု ၄င်းက ဇွန် ၁၃ ရက်က နေပြည်တော်တွင် ကျင်းပသော မြန်မာ၊ ကိုရီးယား၊ ဗီယက်နမ် သုံးနိုင်ငံရိတ်သိမ်းချိန်လွန် နည်းပညာ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

အထူးသဖြင့် ဖရဲသီး၊ သခွားမွှေး၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ဂျင်း(ချင်း)၊ ဖာလာစေ့၊ သရက်သီးနှင့် ဟင်းခတ်အမွှေး အကြိုင်တို့ကို တရုတ်သို့ အများဆုံးတင်ပို့ ရောင်းချနေရကြောင်း သိရပါတယ်။

 

နှမ်းဖြူနှင့် နှမ်းနက်ကိုလည်း ဂျပန်နှင့် ကိုရီးယားသို့ တင်ပို့နေရပြီး မြေထောက်ပဲ၊ ပဲယဉ်း၊ ပဲတီစိမ်း၊ ပဲထောပတ် စသည်တို့ကိုလည်း ဥရောပနှင့် အင်ဒိုနီးရှားသို့ တင်ပို့နေရကြောင်း စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရပါတယ်။

 

သို့သော်လည်း နိုင်ငံတွင် ရိတ်သိမ်းချိန်လွန် နည်းပညာလိုအပ်ချက်များ ရှိနေသေးကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ၁၈ မှ ၄၂ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှု ရှိကြောင်းလည်း ၎င်းက ဆိုပါတယ်။

 

မြန်မာနိုင်ငံတွင် တောင်သူပညာပေးရန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ သုတေသနလုပ်သည့်ဌာနနှစ်ခုသာ ရှိသေးပါတယ်။

 

ထိုဌာန နှစ်ခုအနက် ထုံးဘိုသုတေသနဌာနကို အစိုးရက တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော် ရေဆင်းနယ်မြေရှိ သုတေသနဌာနကိုမူ တောင်ကိုရီးယား၏ ထောက်ပံ့ငွေ ဒေါ်လာလေးသန်းခွဲဖြင့် တည်ဆောက်ကာ ပြီးခဲ့သည့်မေလက ဖွင့်လှစ်ခဲ့ပါတယ်။

 

Source: MM Time

Read times Last modified on Tuesday, 18 September 2018 13:13
Rate this item
(4 votes)