Fruits & Vegetables



အိန္ဒိယ ဩဂုတ်လ စားသုံးဆီ တင်သွင်းမှု စံချိန်တင် မြင့်မားခဲ့

အိန္ဒိယ ဩဂုတ်လ စားသုံးဆီ တင်သွင်းမှု စံချိန်တင် မြင့်မားခဲ့

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဇူလိုင်လတွင် အိန္ဒိယသည် စားသုံးဆီ တန်ချိန် ၁ ဒသမ ၇၆ သန်း တင်သွင်းခဲ့ပြီး စံချိန်တင် မြင့်မားခဲ့သည်။

၎င်းစံချိန်ကို ဩဂုတ်လတွင် စံချိန်ချိုးလိုက်သည်။ ဩဂုတ်လတွင် စားသုံးဆီ မက်ထရစ်တန် ၁.၈၅ သန်း တင်သွင်းခဲ့သည်။ 

 

ပြီးခဲ့သည့် ၂၀၂၁-၂၂ ဈေးကွက်နှစ်တွင်  အိန္ဒိယသည် တလ ပျမ်းမျှ မက်ထရစ်တန် ၁.၁၇ သန်း တင်သွင်းခဲ့သည်ဟု Extractors' Association of India (SEA) က ပြောကြားသည်။

စားသုံးဆီ အမျိုးမျိုး တင်သွင်းရာ၌ ဩဂုတ်လတွင် ဆီချောသန့်စင်စက်ရုံများ စားအုန်းဆီကြမ်း မက်ထရစ်တန် ၁ သန်း တင်သွင်းခဲ့ကြသည်။

လာမည့် ပွဲတော်ကာလများအတွက် ကြိုတင် တင်သွင်းနေကြခြင်း ဖြစ်သည်။ 

 

 ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ပိုမို ဝယ်ယူသည်အတွက် အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် စားအုန်းဆီ လက်ကျန် လျော့ကျစေသည်။ ဈေးနှုန်း မကျဆင်းအောင် ထိန်းပေးရာ ရောက်သည်။ အခြား ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့ဈေးနှုန်းများကိုလည်း ဈေးမကျအောင် ထိန်းပေးသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်သည်။

"လာမယ့် ပွဲတော်ရာသီအတွက် ဆီသန့်စင်စက်ရုံတွေက အသည်းအသန် ဝယ်နေကြတယ်။ ပြည်တွင်းဈေးကွက်မှာ လက်လီ ဝယ်လိုအား အသင်အတင့်ပဲ ရှိပါတယ်ာ ဒါပေမဲ့ လာမယ့်လတွေမှာ ဝယ်လိုအား တက်လာမယ်လို့ မျှော်လင့်ထားတယ်" ဟု စားသုံးဆီကုန်သည်ပွဲစား Rajesh Patel က ပြောကြားသည်။

 

ဩဂုတ်လတွင် နေကြာဆီ ၃၆၅,၀၀၀ တန် တင်သွင်းခဲ့သည်။ ပဲပုပ်ဆီ ၃၅၅,၀၀၀ တန် တင်သွင်းခဲ့သည်။

စားအုန်ဆီကြမ်းက နေကြာဆီနှင့် ပဲပုပ်ဆီ တို့ထက် ဈေးသက်သာပြီး ဈေးကွာဟမှု များသည်နှင့်အမျှ ဆီသန့်စင်စက်ရုံတို့သည် တွက်ချေကိုက်သည့် စားအုန်ဆီကြမ်းကို  ပိုမိုဝယ်ယူကြသည်။ 

 

အိန္ဒိယ စားအုန်းဆီများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ထံမှ  အဓိက ဝယ်ယူသည်။

ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့ထံမှ တင်သွင်းသည်။

 

Source economictimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 07 September 2023 18:13
Rate this item
(0 votes)